Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 4:21

Common Language Bible

ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​တွက်​ကြောင့်​ငါ့​အား​အ​မျက်​တော် ထွက်​၍ ငါ​သည်​ယော်​ဒန်​မြစ်​တစ်​ဘက်​သို့​ကူး ၍ သင်​တို့​အား​ပေး​သ​နား​တော်​မူ​သည့်​အ​စာ ရေ​စာ​ပေါ​ကြွယ်​ဝ​သော​ပြည်​သို့ မ​ဝင်​ရ​ဟု အ​လေး​အ​နက်​ပညတ်​တော်​မူ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​နှင့် အာ​ရုန်​တို့​အား``သင်​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ရှေ့​တွင်​ငါ့​တန်​ခိုး​တော်​ကို ယုံ​ကြည်​မှု​နည်း​သော​ကြောင့် က​တိ​ထား​သော ပြည်​သို့​သူ​တို့​အား​ပို့​ဆောင်​ရ​ကြ​လိမ့်​မည် မ​ဟုတ်'' ဟု​ဆုံး​မ​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​တွက်​ကြောင့်​ငါ့ ကို​လည်း​အ​မျက်​တော်​ထွက်​လျက် ငါ့​အား`သင် ကိုယ်​တိုင်​ပင်​လျှင်​ထို​ပြည်​သို့​မ​ဝင်​ရ။-

သင်​တို့​အ​ပေါင်း​သည်​မိ​မိ​နှစ်​သက်​ရာ​နည်း ဖြင့် ယ​နေ့​တိုင်​အောင်​ကိုယ်​တော်​ကို​ကိုး​ကွယ် လျက်​ရှိ​ကြ​၏။-

``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​အား​ပေး​သ​နား​သော​ပြည်​တွင် သင်​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​မည်။ သင် တို့​အား​ငါ​ယ​နေ့​ပ​ညတ်​သ​မျှ​တို့​ကို​စောင့် ထိန်း​၍ ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို နာ​ခံ​လျှင် သင်​တို့​လူ​မျိုး​တွင်​မည်​သူ​မျှ မ​ဆင်း​ရဲ​ရ။-

ဤ​နည်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​မည့်​ပြည်​တွင် အ​ပြစ်​မဲ့​သူ​များ​အသက် မ​ဆုံး​ရ။ သင်​တို့​သည်​လည်း​အ​ပြစ်​မဲ့​သူ​များ ကို သေ​စေ​သည့်​အ​ပြစ်​ကူး​လွန်​မိ​မည်​မ​ဟုတ်။''

``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​မည့်​ပြည်​ရှိ​မြို့​များ​ကို တိုက်​ခိုက် သိမ်း​ယူ​သော​အ​ခါ​၌​မူ​ကား မြို့​တွင်း​ရှိ​လူ ရှိ​သ​မျှ​ကို​သတ်​ဖြတ်​သုတ်​သင်​ရ​မည်။-

ည​အိပ်​၍​မ​ထား​ရ။ အ​လောင်း​ကို​တိုင်​ပေါ် တွင်​ဆွဲ​ထား​ခြင်း​သည်​တိုင်း​ပြည်​အ​တွက် အမင်္ဂ​လာ​ဖြစ်​သော​ကြောင့် အ​လောင်း​ကို​နေ့ ချင်း​တွင်း​မြှုပ်​နှံ​ရ​မည်။ သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ​မည့်​ပြည် ကို မ​ညစ်​ညမ်း​စေ​ရန်​ထို​အ​လောင်း​ကို​မြှုပ်​နှံ လော့။''

ပ​ထ​မ​လင်​ယောကျာ်း​သည်​သူ့​အား နောက်​တစ် ဖန်​မ​ယား​အ​ဖြစ်​မ​ပေါင်း​သင်း​ရ။ အ​ဘယ် ကြောင့်​ဆို​သော်​ထို​မိန်း​မ​သည် ညစ်​ညမ်း​သွား ပြီ​ဟု​ယူ​ဆ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ယင်း​သို့​နောက်​ထပ်​အိမ်​ထောင်​ပြု​ခြင်း​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ မည့်​ပြည်​တွင် ထို​ကဲ့​သို့​သော​ဆိုး​ရွား​သည့် အ​ပြစ်​ကို​မ​ကူး​လွန်​ရ။

``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​သို့ ဝင်​ရောက် သိမ်း​ပိုက်​နေ​ထိုင်​ကြ​သော​အ​ခါ၊-

``သို့​သော်​လည်း​သင်​တို့​အ​တွက်​ကြောင့်​ထာဝရ ဘုရား​သည်​ငါ့​ကို​အ​မျက်​ထွက်​၍ ငါ​၏​တောင်း​ပန် စ​ကား​ကို​လက်​ခံ​တော်​မ​မူ။ ထာ​ဝ​ရ​ဘု​ရား က`ဆက်​၍​မ​လျှောက်​နှင့်။ ဤ​အ​ကြောင်း​ကို နောက်​ထပ်​မ​လျှောက်​ထား​နှင့်။-

``ယ​ခု​ငါ​သည်​အ​သက်​တစ်​ရာ့​နှစ်​ဆယ်​ရှိ ပြီ​ဖြစ်​၍ သင်​တို့​အား​ဆက်​လက်​ခေါင်း​ဆောင်​နိုင် တော့​မည်​မ​ဟုတ်။ ထို့​အ​ပြင်​ငါ​သည်​ယော်​ဒန် မြစ်​တစ်​ဖက်​သို့​မ​ကူး​ရ​ဟု​ထာ​ဝ​ရ​ဘု​ရား က ငါ့​အား​မိန့်​ကြား​တော်​မူ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ