တရားဟော 4:1Common Language Bibleထို့နောက်မောရှေကဣသရေလအမျိုးသား တို့အား``သင်တို့အားငါသွန်သင်သောပညတ် တို့ကိုလိုက်နာလျှင် သင်တို့သည်အသက်ရှင်၍ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရ ဘုရား ပေးတော်မူမည့်ပြည်ကိုလည်းသိမ်း ပိုက်ရရှိကြလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
``သို့ရာတွင်ထိုလူမျိုးဆက်သည်လည်းငါ့ကို အာခံကြ၏။ ငါ၏အမိန့်တော်တို့ကိုလိုက်နာ သူမှန်သမျှသည်အသက်ရှင်ခွင့်ရမည်ဖြစ် သော်လည်း သူတို့သည်ငါ၏ပညတ်တော်တို့ ကိုချိုးဖောက်၍ငါ၏အမိန့်တော်တို့ကိုပစ် ပယ်ကြ၏။ ဥပုသ်နေ့ကိုလည်းအလျှင်းမ ရိုသေ။ သူတို့အားတောကန္တာရတွင်သေစေ ရန် ငါသည်မိမိ၏အမျက်တော်ကိုသူတို့ အပေါ်သို့သွန်းလောင်း၍ အမျက်တော်ဒဏ် ကိုခံစေမည်ဟုအကြံရှိခဲ့သော်လည်း၊-
ငါယနေ့ပေးသောသင်တို့၏ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်များကိုစောင့် ထိန်းလျှင်၊ ကိုယ်တော်ကိုချစ်၍အမိန့်တော်ကို နာခံလျက် ပညတ်တရားတော်ရှိသမျှကို စောင့်ထိန်းလျှင် သင်တို့၏နိုင်ငံသည်ဖွံ့ဖြိုး၍ လူဦးရေများပြားလိမ့်မည်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့သိမ်းယူ နေထိုင်မည့်ပြည်တွင်သင်တို့အားကောင်းချီး ပေးတော်မူလိမ့်မည်။-
သင်တို့၏ဘိုးဘေးများဖြစ်ကြသော အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ်တို့အားကတိထားတော်မူ သောပြည်တွင် သင်တို့နှင့်သင်တို့၏အဆက် အနွယ်များကြာရှည်စွာအသက်ရှင်နေထိုင် နိုင်စေရန် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုချစ်၍အမိန့်တော်ကိုနာခံလျက် ကိုယ်တော်ရှင်အားဆည်းကပ်ကိုးကွယ်ကြ လော့'' ဟုမှာကြားလေ၏။
ယနေ့သင်တို့အားငါပေးသောပညတ်တော် အားလုံးကိုစောင့်ထိန်းကြလျှင် သင်တို့နှင့် တကွသင်တို့၏အဆက်အနွယ်တို့သည် ကြီးပွားချမ်းသာကြလိမ့်မည်။ သင်တို့သည် လည်းဘုရားသခင်ထာဝရဘုရားက သင် တို့အားအမြဲပိုင်ရန်ပေးတော်မူသောပြည် တွင်ဆက်လက်နေထိုင်ရကြလိမ့်မည်'' ဟု ဆိုလေ၏။
သူတို့သည်အီဂျစ်ပြည်မှထွက်လာပြီး နောက် ယော်ဒန်မြစ်အရှေ့ဘက်၊ ဗက်ပေဂုရမြို့ တစ်ဘက်တွင်ရှိသောချိုင့်ဝှမ်း၌ရောက်ရှိနေ ကြစဉ်မောရှေသည် ပညတ်တော်များကိုပြဋ္ဌာန်း ပေးသည်။ ထိုအရပ်သည်ဟေရှဘုန်မြို့တွင် စိုးစံသောအာမောရိဘုရင်ရှိဟုန်၏ပိုင်နက် ဖြစ်ခဲ့သည်။ မောရှေနှင့်ဣသရေလအမျိုး သားတို့သည်အီဂျစ်ပြည်မှထွက်လာပြီး သည့်နောက်ထိုဘုရင်ကိုနှိမ်နင်း၍၊-