နဿလိပြည်နယ်တစ်လျှောက်လုံး၊ ဧဖရိမ်နှင့် မနာရှေပြည်နယ်များ၊ အနောက်ဘက်မြေထဲ ပင်လယ်အထိ ကျယ်ပြန့်သောယုဒပြည်နယ်၊-
သူသည်မယားငယ်တို့နှင့်သူတို့၏ကလေး များကိုရှေ့ဆုံး၌ထား၍ ထိုနောက်လေအာနှင့် သူ၏ကလေးတို့ကိုလည်းကောင်း၊ နောက်ဆုံး ၌ရာခေလနှင့်ယောသပ်ကိုလည်းကောင်း နေရာချထားလေ၏။-
ငါသည်သင်တို့တိုင်းပြည်၏နယ်နိမိတ်ကို ပင်လယ်နီမှမြေထဲပင်လယ်သို့လည်းကောင်း၊ တောကန္တာရမှဥဖရတ်မြစ်သို့လည်းကောင်း ကျယ်ပြန့်စေမည်။ ငါသည်ထိုပြည်သားတို့ ကိုသင်တို့၏လက်သို့အပ်သဖြင့် သင်တို့သည် သူတို့အားနှင်ထုတ်နိုင်လိမ့်မည်။-
``အနောက်ဘက်နယ်နိမိတ်သည် မြေထဲ ပင်လယ်ကမ်းခြေဖြစ်ရမည်။
သင်တို့ခြေနင်းသမျှသောမြေကိုပိုင်ရလိမ့် မည်။ သင်တို့၏နယ်မြေသည်တောင်ဘက်တော ကန္တာရမှ မြောက်ဘက်လေဗနုန်တောင်သို့တိုင် အောင်လည်းကောင်း၊ အရှေ့ဘက်ဥဖရတ်မြစ် မှအနောက်ဘက်မြေထဲပင်လယ်သို့တိုင်အောင် လည်းကောင်းကျယ်ပြန့်လိမ့်မည်။-