Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 33:19

Common Language Bible

သူ​တို့​သည်​လူ​မျိုး​ခြား​တို့​ကို​တောင်​ပေါ်​သို့ ဖိတ်​ခေါ်​လျက် ပူ​ဇော်​ထိုက်​သော​ယဇ်​များ​ကို​ပူ​ဇော်​ကြ​၏။ သူ​တို့​သည်​ပင်​လယ်​မှ​လည်း​ကောင်း ကမ်း​ခြေ​တစ်​လျှောက်​ရှိ​သဲ​မှ​လည်း​ကောင်း ဥစ္စာ​ဘဏ္ဍာ​များ​ရ​ရှိ​ကြ​သည်။''

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဇာ​ဗု​လုန်​သည်​ပင်​လယ်​ကမ်း​နား​၌​နေ​ထိုင်​၍ သူ​၏​ဆိပ်​ကမ်း​များ​သည်​သင်္ဘော​များ​ခို​လှုံ​ရာ ဖြစ်​လိမ့်​မည်။ သူ​၏​ပိုင်​နက်​နယ်​မြေ​သည်​ဇိ​အုန်​မြို့​တိုင်​အောင် ကျယ်​ပြန့်​လိမ့်​မည်။

သူ​တို့​သည်​ယဇ်​ပူ​ဇော်​သကာ​ဖြင့်​ကိုယ်​တော်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ရ​ပေ​မည်။ ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​လျက် ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို ဖော်​ပြ​ရ​ကြ​ပေ​မည်။

ကိုယ်​တော်​က``သန့်​ရှင်း​မြင့်​မြတ်​သော ဇိ​အုန်​တောင် ပေါ်​တွင် ငါ​ရွေး​ချယ်​ထား​သော​ရှင်​ဘု​ရင်​ကို​ငါ​ကိုယ်​တိုင် တင်​မြှောက်​ပြီ'' ဟု​မိန့်​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​အား​ထိုက်​လျောက်​သည့် ယဇ်​များ​ကို​ပူ​ဇော်​၍​ကိုယ်​တော်​ကို ယုံ​ကြည်​ကိုး​စား​ကြ​လော့။

``အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ချီး​မင်္ဂ​လာ​ကို​ထပ်​မံ​၍​ချ​ပေး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အား​က​ရု​ဏာ​စိတ်​ဖြင့် ကြည့်​တော်​မူ​ပါ'' ဟု​လူ​အ​များ​က​ဆု​တောင်း ကြ​၏။

ထို​အ​ခါ​ကိုယ်​တော်​ရှင်​သည်​မှန်​ကန်​သည့် မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​များ​ကို​နှစ်​သက် လက်​ခံ​တော်​မူ​လိမ့်​မည်။ နွား​လား​များ​ကို​လည်း​ကိုယ်​တော်​ရှင်​၏ ယဇ်​ပလ္လင်​ပေါ်​တွင်​တင်​လှူ​ပူ​ဇော်​ကြ​ပါ​လိမ့်​မည်။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​သူ​တို့​ကို​ခေါ်​ဆောင်​၍ ကိုယ်​တော်​စံ​တော်​မူ​ရန်​ရွေး​ချယ်​သော၊တောင် ပေါ်​တွင် နေ​ရာ​ချ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​တိုင်​တည်​ဆောက်​သော​ဗိ​မာန်​တော်​တွင် နေ​စေ​တော်​မူ​လိမ့်​မည်။

သူ​တို့​က ``ထာ​ဝ​ရ​ဘု​ရား​၏​တောင်​တော်​ပေါ်​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​သို့​ငါ​တို့​တက်​ကြ​ကုန်​အံ့။ ကိုယ်​တော်​၏​အ​လို​တော်​ကို​သင်​ယူ​ကြ​ကုန်​အံ့။ ကိုယ်​တော်​ရွေး​ချယ်​ပေး​တော်​မူ​သော​လမ်း​ကို ငါ​တို့​လိုက်​လျှောက်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ လိမ့်​မည်။ ``ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​လည်း​ကောင်း ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည် ဇိ​အုန်​တောင်​ပေါ်​မှ​လည်း​ကောင်း ပေါ်​ထွက်​လာ​လိမ့်​မည်။''

မိ​ခင်​သည်​သား​ငယ်​ကို​နို့​ချို​တိုက်​ကျွေး​သ​ကဲ့​သို့၊ လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်​များ​သည် သင့်​ကို​ကြည့်​ရှု​ပြု​စု​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​ကယ်​တင်​တော် မူ​ပြီ ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​နန္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင်​သည် သင့်​အား​ကျွန်​ဘဝ​မှ​လွတ်​မြောက်​စေ​တော်​မူ​ပြီ ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ သင်​သည်​သိ​ရှိ​ရ​လိမ့်​မည်။

သင်​သည်​ဤ​အ​မှု​အ​ရာ​ကို​မြင်​၍​ရွှင်​လန်း ဝမ်း​မြောက်​ရ​လိမ့်​မည်။ စိတ်​နှ​လုံး​ထိ​ခိုက်​တုန်​လှုပ်​လာ​လိမ့်​မည်။ လူ​မျိုး​တ​ကာ​တို့​သည်​မိမိ​တို့​၏​စည်း​စိမ် ချမ်း​သာ​များ​ကို သင်​၏​ထံ​သို့​ယူ​ဆောင်​လာ​ကြ​လိမ့်​မည်။ သူ​တို့​၏​ပစ္စည်း​ဥစ္စာ​များ​သည်​ပင်​လယ်​ရပ်​ခြား မှ ရောက်​ရှိ​လာ​လိမ့်​မည်။

``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​တည်​ရှိ​ရာ​ထာ​ဝ​ရ​ဘု​ရား​၏ တောင်​ပေါ်​သို့ တက်​ကြ​ကုန်​အံ့။ ကိုယ်​တော်​သည်​ငါ​တို့​အား​အ​လို​တော်​နှင့် အ​ညီ ကျင့်​ကြံ​ပြု​မူ​ရန်​သွန်​သင်​တော်​မူ​မည်။ ကိုယ်​တော်​ညွှန်​ပြ​သော​လမ်း​အ​တိုင်း လျှောက်​သွား​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​သည် ဇိ​အုန်​တောင်​မှ​လည်း​ကောင်း​ထာ​ဝ​ရ​ဘု​ရား​၏ နှုတ်​က​ပတ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​မှ လည်း​ကောင်း ထွက်​ပေါ်​လာ​သ​တည်း'' ဟု​ဆို​ကြ​၏။

``ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား တောင်​ကုန်း​ဒေ​သ​များ​ကို​အုပ်​စိုး​စေ​၍ လယ်​မှ​ထွက်​သော​အ​သီး​အ​နှံ​များ​ကို စား​သုံး​စေ​တော်​မူ​၏။ သူ​တို့​သည်​ကျောက်​ကြား​မှ​ပျား​ရည်​ကို လည်း​ကောင်း၊ ကျောက်​ပေါ​များ​သော​မြေ​တွင်​ပေါက်​သော သံ​လွင်​ပင်​များ​မှ​ဆီ​ကို​လည်း​ကောင်း​ရ​ရှိ ကြ​၏။

သင်​တို့​သည်​သက်​ရှိ​ကျောက်​များ​အ​ဖြစ် ကိုယ်​တော်​ထံ​သို့​လာ​၍ ဗိ​မာန်​တော်​တည် ဆောက်​ရေး​တွင်​ပါ​ဝင်​အ​သုံး​ခံ​ကြ​လော့။ ထို​ဝိ​ညာဉ်​ဗိ​မာန်​တော်​တွင်​သင်​တို့​သည် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သော​ဝိ​ညာဉ် ယဇ်​ကို​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ပူ​ဇော် သော​သန့်​ရှင်း​မြင့်​မြတ်​သည့်​ယဇ်​ပု​ရော ဟိတ်​အ​နွယ်​ဝင်​များ​ဖြစ်​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ