Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 33:13

Common Language Bible

ယော​သပ်​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့ ဆို​လေ​သည်။ ``ထာ​ဝရ​ဘု​ရား​သည်​သူ​တို့​၏​နယ်​မြေ​ပေါ်​တွင် မိုး​ရွာ​စေ​ရန်​လည်း​ကောင်း၊ မြေ​အောက်​မှ​ရေ​ထွက်​စေ​ရန်​လည်း​ကောင်း ကူ​မ​တော်​မူ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်​သည်​ဖ​ခင်​ထံ​ချဉ်း​ကပ်​၍​နမ်း​လိုက် သော​အ​ခါ ဣ​ဇာက်​သည်​သူ​၏​အ​ဝတ်​များ​ကို အ​နံ့​ခံ​လျက်``ငါ့​သား​၏​အ​နံ့​သည်​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​သော​လယ်​၏​ရ​နံ့​ကဲ့ သို့​သင်း​ကြိုင်​ပါ​၏။-

ထို​အ​ခါ​ဣ​ဇာက်​က၊ ``သင့်​လယ်​များ​သည်​မြေ​သြ​ဇာ​မ​ရှိ၊မိုး ကောင်း​ကင်​မှ နှင်း​ကို​လည်း​မ​ရ​နိုင်။

ထို​နောက်​ဆက်​လက်​၍``ငါ​အီ​ဂျစ်​ပြည်​သို့​မ ရောက်​မီ​မွေး​ဖွား​သော​သင်​၏​သား​နှစ်​ယောက် တို့​သည်​ငါ​နှင့်​ဆိုင်​၏။ ဧ​ဖ​ရိမ်​နှင့်​မ​နာ​ရှေ တို့​သည်​ရု​ဗင်​နှင့်​ရှိ​မောင်​တို့​ကဲ့​သို့​ငါ့​သား များ​ဖြစ်​ကြ​သည်။-

ယော​သပ်​က``ဘု​ရား​သ​ခင်​က​အီ​ဂျစ် ပြည်​တွင် ကျွန်​တော်​အား​ပေး​သ​နား​တော် မူ​သော​သား​များ​ဖြစ်​ပါ​သည်'' ဟု​ဖြေ​၏။ ထို​အ​ခါ​ယာ​ကုပ်​က``သူ​တို့​အား​ငါ ကောင်း​ချီး​ပေး​ရန်​ငါ့​အ​နီး​သို့​ခေါ်​ခဲ့ လော့'' ဟု​ဆို​လေ​၏။-

ငါ့အမြစ်သည် ရေနားမှာ ပြန့်ပွါး၏။ ဆီးနှင်း သည် တညဉ့်လုံး ငါ့အခက်အလက်၌ကျ၏။

ရန်​သူ​တို့​အား​အ​ရှင်​မင်း​ကြီး​တိုက်​ခိုက် တော်​မူ​သော​နေ့​၌ အ​ရှင်​၏​ပြည်​သား​တို့​သည်​အ​လို​အ​လျောက် ကိုယ်​တော်​နှင့်​လိုက်​ပါ​ချီ​တက်​ကြ​ပါ​လိမ့်​မည်။ နံ​နက်​ချိန်​၌​ကျ​သည့်​ဆီး​နှင်း​ကဲ့​သို့​သန်​စွမ်း သော လူ​ငယ်​လူ​ရွယ်​အ​မြောက်​အ​မြား​သည် အ​ရှင်​မင်း​ကြီး​ရှိ​ရာ​သန့်​ရှင်း​မြင့်​မြတ်​သည့် တောင်​ပေါ်​သို့​ရောက်​ရှိ​ကြ​ပါ​လိမ့်​မည်။

မြွေ​န​ဂါး​များ​နှင့်​ရေ​နက်​ရာ​အ​ရပ်​အ​ပေါင်း​တို့၊ လျှပ်​စစ်​လျှပ်​နွယ်​နှင့်​မိုး​သီး​တို့၊ မိုး​ပွင့်​နှင့်​မိုး​တိမ်​တို့၊ကိုယ်​တော်​၏​အ​မိန့်​တော်​ကို နာ​ခံ​သည့်​လေ​ပြင်း​မုန်​တိုင်း​တို့၊ ကမ္ဘာ​မြေ​ကြီး​မှ​နေ​၍​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။

ရှင်ဘုရင်၏အမျက်တော်သည် ခြင်္သေ့ဟောက် သကဲ့သို့ဖြစ်၏။ ကျေးဇူးတော်မူကား၊ မြက်ပေါ်မှာ ကျသော နှင်းရည်ကဲ့သို့ ဖြစ်၏။

သိပ္ပံအတတ်တော်အားဖြင့် နက်နဲသောအရပ် အက်ကွဲ၍၊ မိုဃ်းတိမ်မှလည်း နှင်းရည်ကျတတ်၏။

ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``အ​သီး​အ​နှံ ရိတ်​သိမ်း​ချိန်​၏​ပူ​အိုက်​သည့်​ည​တို့​၌​ဆီး​နှင်း များ​သည်​ငြိမ်​သက်​စွာ​ကျ​လာ​သ​ကဲ့​သို့ လည်း​ကောင်း၊ အ​ပူ​ရှိန်​ပြင်း​သည့်​နေ့​၌​နေ သည်​ကြည်​လင်​ဆိတ်​ငြိမ်​စွာ​ထွန်း​လင်း​တောက် ပ​သ​ကဲ့​သို့​လည်း​ကောင်း ငါ​သည်​ကောင်း​ကင် ဘုံ​မှ​ငြိမ်​သက်​စွာ​ငုံ့​၍​ကြည့်​တော်​မူ​မည်။-

မိုး​ရေ​သည်​ခြောက်​သွေ့​သော​မြေ​ကို​စို​ပြေ​စေ သ​ကဲ့​သို့ ငါ​သည်​ဣ​သ​ရေ​လ​ပြည်​သား​တို့​အား စို​ပြေ​ပွင့်​လန်း​စေ​မည်။ သူ​တို့​သည်​ပန်း​ပင်​ကဲ့​သို့​ဖူး​ပွင့်​ကြ​လိမ့်​မည်။ လေ​ဗ​နုန်​တော​မှ​သစ်​ပင်​ကဲ့​သို့​အ​မြစ်​စွဲ​လိမ့်​မည်။

အ​သက်​မ​သေ​ဘဲ​ကျန်​ရစ်​သော​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကျ​စေ တော်​မူ​သော​နှင်း​ကဲ့​သို့​နိုင်​ငံ​များ​စွာ​အား လန်း​ဆန်း​စေ​လိမ့်​မည်။ အ​ပင်​များ​ပေါ်​သို့ ရွာ​သွန်း​သော​မိုး​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ ယင်း တို့​သည်​လူ​တို့​၏​အ​မိန့်​ကို​မ​နာ​ခံ၊ ဘု​ရား​သ​ခင်​၏​အ​မိန့်​ကို​သာ​နာ​ခံ​ကြ​၏။-

``သူ​တို့​သည်​မိ​မိ​တို့​ကောက်​ပဲ​သီး​နှံ​များ ကို​ငြိမ်း​ချမ်း​စွာ​စိုက်​ပျိုး​ရကြ​လိမ့်​မည်။ သူ တို့​၏​စ​ပျစ်​ပင်​များ​သည်​အ​သီး​များ သီး​လိမ့်​မည်။ မြေ​ကြီး​သည်​ကောက်​ပဲ​သီး နှံ​များ​ကို​ဆောင်​လျက်​မိုး​သည်​လည်း​အ​မြောက် အ​မြား​ရွာ​သွန်း​လိမ့်​မည်။ ကြွင်း​ကျန်​နေ​သူ ငါ​၏​လူ​မျိုး​တော်​အား​ဤ​ကောင်း​ချီး​မင်္ဂ လာ​အ​ပေါင်း​ကို​ငါ​ပေး​မည်။-

ငါ့​သွန်​သင်​ချက်​သည်​မိုး​ပေါက်​ကဲ့​သို့​ကျ​၍ မြေ​ပေါ်​တွင်​နှင်း​ပေါက်​ကဲ့​သို့​တင်​ရှိ​လိမ့်​မည်။ ငါ့​စ​ကား​သည်​အ​ပင်​ငယ်​များ​ပေါ်​သို့ ရွာ​သော​မိုး​ကဲ့​သို့​လည်း​ကောင်း၊ မြက်​နု​ပေါ်​တွင်​ကျ​သော​မိုး​ဖွဲ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။

သူ​တို့​၏​နယ်​မြေ​သည်​နေ​ပူ​ရှိန်​ဖြင့်​မှည့်​သော သစ်​သီး၊ ရာ​သီ​အ​လိုက်​ပေါ်​သော​အ​ဖိုး​တန်​သစ်​သီး တို့​နှင့် ကြွယ်​ဝ​ပါ​စေ​သော။

သို့​ဖြစ်​၍​ယာ​ကုပ်​၏​အ​ဆက်​အ​နွယ်​တို့​သည် မိုး​ကောင်း​ကင်​မှ​နှင်း​ကျ​သော၊ စ​ပါး​နှင့်​စ​ပျစ်​ရည်​ပေါ​ကြွယ်​ဝ​သော ပြည်​တွင် အေး​ချမ်း​လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ