တရားဟော 33:11Common Language Bibleအို ထာဝရဘုရားသူတို့၏အနွယ်ကို ကြီးပွားစေတော်မူပါ။ သူတို့ဆောင်ရွက်သမျှကိုလက်ခံတော် မူပါ။ သူတို့၏ရန်သူရှိသမျှကိုနာလန်မထူ နိုင်အောင် ချေမှုန်းတော်မူပါ။'' အခန်းကိုကြည့်ပါ။ |
ငါသည်ပျော်ရွှင်မှုကင်းမဲ့သူဖြစ်ပါသည် တကား။ ငါ၏အမိသည်အဘယ်ကြောင့်ငါ့အား ဤလောကထဲသို့မွေးထုတ်ပါသနည်း။ ဤပြည် တွင်ရှိသမျှသောသူတို့နှင့်ငါသည်စကား များရငြင်းခုံရပါ၏။ ငါသည်သူတစ်ပါး တို့အားလည်းကောင်း၊ သူတစ်ပါးတို့ထံမှ လည်းကောင်းငွေကြေးမချေးငှားခဲ့။ သို့ ပါလျက်လူအပေါင်းတို့သည်ငါ့အား ကျိန်ဆဲကြပါ၏။-
ကျွန်တော်မျိုးအားနှိပ်စက်ညှင်းဆဲသူတို့ကို အရှက်ကွဲစေတော်မူ၍ ကျွန်တော်မျိုးအား အရှက်ရမှုမှချမ်းသာပေးတော်မူပါ။ ထို သူတို့အားထိတ်လန့်တုန်လှုပ်စိတ်နှင့်ပြည့်ဝ စေတော်မူ၍ ကျွန်တော်မျိုးကိုထိတ်လန့်တုန် လှုပ်စေတော်မမူပါနှင့်။ သူတို့၏အပေါ်သို့ ဘေးအန္တရာယ်ဆိုးကိုသက်ရောက်စေတော် မူ၍သူတို့အားကျိုးပဲ့ကြေမွစေတော် မူပါ။
သီတင်းတစ်ပတ်ကုန်ဆုံးသွားသောအခါ ယဇ်ပုရောဟိတ်တို့သည် လူတို့အတွက်မီးရှို့ ပူဇော်ရာယဇ်များ၊ မိတ်သဟာယယဇ်များ ကိုယဇ်ပလ္လင်ပေါ်တွင်စတင်ပူဇော်ရကြ မည်။ ထိုအခါငါသည်သင်တို့အပေါင်းကို နှစ်သက်တော်မူလိမ့်မည်။ ဤကားငါအရှင် ထာဝရဘုရားမြွက်ဟတော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။