Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 32:7

Common Language Bible

``လွန်​လေ​ပြီ​သော​အ​တိတ်​ကာ​လ​ကို သ​တိ​ရ​လော့။ ဖြစ်​ပျက်​ခဲ့​သ​မျှ​ကို​သင်​တို့​၏​ဖ​ခင်​တို့​အား မေး​စမ်း​ကြည့်​လော့။ အ​သက်​ကြီး​သူ​တို့​အား​ရှေး​ဖြစ်​ဟောင်း​ကို ပြော​ပြ​စေ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

``ငါ​သည်​အ​ဘယ်​အ​ခါ​မျှ​အ​ရေး​ရှုံး​နိမ့် ရ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​အ​ခါ​မျှ​ဒုက္ခ​ရောက်​ရ​လိမ့်​မည် မ​ဟုတ်'' ဟု တစ်​ကိုယ်​တည်း​ပြော​ဆို​နေ​တတ်​၏။

အ​တိတ်​ကာ​လ​က​ကိုယ်​တော်​ရှင်​ပေး​တော်​မူ ခဲ့​သော စီ​ရင်​ဆုံး​ဖြတ်​ခက်​မား​ကို​သ​တိ​ရ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား" ယင်း​တို့​သည်​ကွန်​တော်​မျိုး​အား​စိတ်​သက်​သာ​စေ​ပါ​၏။

အို ဘု​ရား​သ​ခင်၊ ရှေး​ကာ​လ​က​ဘိုး​ဘေး​တို့​လက်​ထက်​၌ ကိုယ်​တော်​ပြု​တော်​မူ​ခဲ့​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​သူ​တို့​ပြော​ပြ​သ​ဖြင့် ကျွန်​တော်​မျိုး​တို့​ကိုယ်​တိုင်​ကြား​ကြ​ရ​ပါ​ပြီ။

ကိုယ်​တော်​ရှင်​ကိုယ်​တိုင်​အ​ခြား​လူ​မျိုး​တို့​အား နှင်​ထုတ်​တော်​မူ​၍ ကိုယ်​တော်​၏​လူ​စု​တော်​အား​ထို​သူ​တို့​၏​ပြည်​တွင် နေ​ရာ​ချ​ထား​တော်​မူ​ကြောင်း၊ လူ​မျိုး​ခြား​တို့​အား​အ​ပြစ်​ဒဏ်​ပေး​တော်​မူ​၍ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား​ကြီး​ပွား တိုး​တက်​စေ​တော်​မူ​ကြောင်း​ကို​ပြော​ပြ​ပါ​၏။

ကိုယ်​တော်​သည်​ငါ​တို့​ကို​ချစ်​တော်​မ​မူ​တော့ ပြီ​လော။ က​တိ​တော်​သည်​လည်း​ပျက်​လေ​ပြီ​လော။

ကိုယ်​တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဥ​ပ​ဒေ​များ​ကို​လည်း​ကောင်း၊ ယာ​ကုပ်​အ​မျိုး​အ​နွယ်​တို့​အား​ပ​ညတ်​တော် များ​ကို​လည်း​ကောင်း​ပေး​အပ်​တော်​မူ​ခဲ့​၏။ ပ​ညတ်​တော်​များ​ကို​သား​မြေး​တို့​အား တစ်​ဆင့်​သွန်​သင်​ပေး​နိုင်​ကြ​ရန် ကိုယ်​တော်​သည်​ငါ​တို့​ဘိုး​ဘေး​တို့​အား မှာ​ကြား​ဆင့်​ဆို​တော်​မူ​၏။

သင်​တို့​၏​သား​သမီး​များ​က`ဤ​သို့​ဝတ်​ပြု ခြင်း​မှာ​မည်​သို့​ဆို​လို​ပါ​သ​နည်း' ဟု​မေး လျှင်၊-

နောင်​အ​ခါ​၌​သင်​၏​သား​က`အ​ဘယ်​ကြောင့်​ဤ သို့​ပြု​လုပ်​ရ​ပါ​သ​နည်း' ဟု​မေး​လျှင်`ထာ​ဝ​ရ ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော်​ဖြင့် ငါ​တို့​ကို ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​တော် မူ​၏။-

ရှေး​ပ​ဝေ​သ​ဏီ​အ​ခါ​က​ဖြစ်​ပျက်​ခဲ့​သည့် အ​မှု​ကို အောက်​မေ့​သ​တိ​ရ​ကြ​လော့။ ငါ​တစ်​ပါး​တည်း​သာ​လျှင်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​နှင့်​တူ​သော​အ​ခြား​ဘု​ရား​မ​ရှိ​ကြောင်း ကို​လည်း​ကောင်း​သိ​မှတ်​ဝန်​ခံ​ကြ​လော့။

ထို​အ​ခါ​သူ​တို့​သည်​အ​တိတ်​ကာ​လ၊ ထာ​ဝ​ရ ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​၏​ခေတ်​ကို​အောက်​မေ့ သ​တိ​ရ​ကြ​လျက်``မိ​မိ​လူ​မျိုး​တော်​၏​ခေါင်း ဆောင်​များ​ကို​ပင်​လယ်​မှ​ကယ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဘယ်​မှာ​နည်း။ မော​ရှေ အား​ထူး​ကဲ​သည့်​တန်​ခိုး​ကို ပေး​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကား​အ​ဘယ်​မှာ​နည်း။-

``ဘု​ရား​သ​ခင်​သည်​ကမ္ဘာ​ပေါ်​တွင် လူ​ကို​ဖန်​ဆင်း သော​အ​ချိန်​မှ​အ​စ​ပြု​၍​သင်​တို့​မ​ဖွား​မြင် မီ​အ​တိတ်​ကာ​လ​အ​တွင်း​ကမ္ဘာ​လော​က​တစ်​ဝန်း လုံး​တွင် ဤ​မျှ​လောက်​အံ့​သြ​ဖွယ်​သော​အ​မှု​ကြီး ဖြစ်​ပျက်​ဖူး​ပါ​သ​လော။ ယင်း​ကဲ့​သို့​သော​အ​မှု ကြီး​၏​သ​တင်း​ကို​ကြား​ဖူး​ပါ​သ​လော။ စူး စမ်း​ရှာ​ဖွေ​ကြည့်​လော့။-

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် လွန်​ခဲ့​သော​နှစ်​ပေါင်း​လေး​ဆယ်​ပတ်​လုံး သင်​တို့ အား​တော​ကန္တာ​ရ​ကို​ဖြတ်​၍​ပို့​ဆောင်​တော်​မူ ခဲ့​၏။ ထို​စဉ်​က​သင်​တို့​သည်​ပ​ညတ်​တော်​များ ကို လိုက်​နာ​လို​သော​စိတ်​ဆန္ဒ​ရှိ​သည်​မ​ရှိ​သည် ကို​စစ်​ဆေး​ရန် သင်​တို့​အား​ဆင်း​ရဲ​ဒုက္ခ​အ​မျိုး မျိုး​ရောက်​စေ​ခဲ့​ကြောင်း​ကို​သ​တိ​ရ​ကြ​လော့။-

ဂိ​ဒေါင်​က​သူ့​အား``အို အ​ရှင်၊ အ​ကယ်​၍​ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သည် မှန်​ပါ​လျှင် အ​ဘယ်​ကြောင့်​ဤ​ဘေး​ဆိုး​သင့်​ရောက် ရ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​ပုံ အ​စ​ရှိ​သည့် အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​များ​ကို​ပြု​တော်​မူ ကြောင်း​ဘိုး​ဘေး​တို့​ပြော​ဆို​ခဲ့​ကြ​ပါ​၏။ ထို အံ့​သြ​ဖွယ်​ရာ​တို့​သည်​အ​ဘယ်​မှာ​နည်း။ ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​ကို​စွန့်​၍​မိ​ဒျန်​အ​မျိုး သား​တို့​၏​လက်​သို့​အပ်​တော်​မူ​ပါ​ပြီ​တ​ကား'' ဟု​ပြော​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ