Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 32:31

Common Language Bible

သူ​တို့​၏​ရန်​သူ​များ​သည်​မိ​မိ​တို့​၏​ဘု​ရား​များ အား​နည်း​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​ကဲ့​သို့ တန်​ခိုး​မ​ကြီး​ကြောင်း​သိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​တော်​ဝင်​ဖြစ်​သူ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ​စေ​သ​တည်း။ သင်​တို့​သည်​ယု​ဒ​ပြည်​ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရောက်​၍ ထို​မြို့​တွင်​ကိုး​ကွယ်​ဝတ်​ပြု​သည့်​ဘု​ရား​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​ကြ​ရ​မည်။-

ထာ​ဝ​ရ​ဘု​ရား​သည်​သာ​လျှင်​ဘု​ရား​ဖြစ် တော်​မူ​၏။ ဘု​ရား​သ​ခင်​သည်​သာ​လျှင်​ငါ​တို့​ကွယ်​ကာ​ရာ ဖြစ်​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ရ​ထား​ဘီး များ​ကို​ကျွတ်​ထွက်​စေ​တော်​မူ​သ​ဖြင့် သူ​တို့ ၏​ရ​ထား​များ​ကို​အ​သွား​ရ​ခက်​စေ​တော် မူ​၏။ ထို့​ကြောင့်​အီ​ဂျစ်​အ​မျိုး​သား​တို့​က``ထာ ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ဘက်​မှ​နေ​၍ ကျွန်ုပ်​တို့​ကို​တိုက်​ခိုက်​လျက် ရှိ​တော်​မူ​၏။ ထွက်​ပြေး​ကြ​စို့'' ဟု​ဆို​ကြ​၏။

ထို့​ကြောင့်​အာ​ရုန်​သည်​ရေ​ပြင်​ရှိ​သ​မျှ​ပေါ် သို့​သူ​၏​လက်​ကို​ဆန့်​သ​ဖြင့် ဖား​များ​အ​လွန် မြောက်​မြား​စွာ​တက်​လာ​၍​အီ​ဂျစ်​တစ်​ပြည် လုံး​တွင်​ဖား​တို့​ဖြင့်​ပြည့်​နှက်​လျက်​ရှိ​လေ​၏။-

သူ​တို့​၏​ဘု​ရင်​သည်​လည်း​ကြောက်​ရွံ့​၍​ထွက် ပြေး​ကြ​လိမ့်​မည်။ တပ်​မှူး​များ​သည်​မိ​မိ​တို့ တိုက်​ပွဲ​အ​လံ​များ​ကို​စွန့်​ပစ်​လိုက်​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ပင်​ဖြစ်​၏။ ကိုယ်​တော် သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​လူ​တို့​ကိုး​ကွယ် ဝတ်​ပြု​ကြ​သည့်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​၍ ကိုယ်​တော်​၏​မီး​လျှံ​သည်​လည်း​ယဇ် ကောင်​များ​ကို​မီး​ရှို့​ရန်​အ​တွက်​တောက် လောင်​လျက်​ရှိ​သ​တည်း။

ယ​ခု​ပြု​တော်​မူ​လေ​ပြီ။ ဤ​သို့​ဖြစ်​ပျက်​ရ ခြင်း​မှာ​သင်​၏​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​ကာ ကိုယ်​တော်​၏​စ​ကား ကို​နား​မ​ထောင်​ကြ​သော​ကြောင့်​ဖြစ်​၏။-

မင်း​ကြီး​က``သင်​သည်​ဤ​လျှို့​ဝှက်​ခက်​ခဲ သော​အ​မှု​တို့​ကို​ဖြေ​ရှင်း​နိုင်​သည်​ဖြစ်​၍ သင်​၏​ဘု​ရား​သ​ခင်​သည်​ဘု​ရား​တ​ကာ တို့​ထက်​ကြီး​မြတ်​တော်​မူ​ပါ​၏။ ဘု​ရင် တ​ကာ​တို့​ကို​အ​စိုး​ရ​သော​အ​ရှင်၊ လျှို့ ဝှက်​ခက်​ခဲ​သော​အ​ရာ​တို့​ကို​ဖွင့်​ပြ​တော် မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏'' ဟု​ဆို​၏။

``ထို​ကြောင့်​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ကို ပြော​ဆို​သော​လူ​မျိုး​အ​သီး​သီး​နှင့်​နိုင်​ငံ အ​သီး​သီး​က​မည်​သူ​မ​ဆို​ရှာ​ဒ​ရက်၊ မေ​ရှက် နှင့်​အ​ဗေ​ဒ​နေ​ဂေါ​တို့​၏​ဘု​ရား​အား​မ​ရို မ​သေ​ပြော​ဆို​သည်​ဆို​အံ့၊ ထို​သူ​အား​အ​ပိုင်း ပိုင်း​ဖြတ်​၍​နေ​အိမ်​ကို​လည်း ပြာ​ပုံ​ဖြစ်​စေ ဟု​ယ​ခု​ငါ​အ​မိန့်​ပေး​၏။ ထို​သူ​သုံး​ဦး​တို့ ၏​ဘု​ရား​ကဲ့​သို့​အ​ဘယ်​ဘု​ရား​မျှ​မ​ကယ် တင်​နိုင်'' ဟု​မိန့်​တော်​မူ​၏။

မှော်​အ​တတ်၊စုန်း​အ​တတ်​တို့​၏​အ​ကူ​အ​ညီ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို၊ အ​ဘယ်​သူ​မျှ​မ​တိုက်​ခိုက်​နိုင်။ ဘု​ရား​သ​ခင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ကျေး​ဇူး​ပြု​တော်​မူ​ပုံ​မှာ အံ့​သြ​ဘွယ်​ဟူ​၍​ဆို​စ​မှတ်​ပြု​ကြ​လိမ့်​မည်။

ဘု​ရား​သ​ခင်​ကျိန်​ဆဲ​တော်​မ​မူ​သော​သူ​တို့ ကို ငါ​အ​ဘယ်​သို့​ကျိန်​ဆဲ​နိုင်​မည်​နည်း။ ဘု​ရား​သ​ခင်​ရှုတ်​ချ​တော်​မ​မူ​သော​သူ​တို့​ကို ငါ​အ​ဘယ်​သို့​ရှုတ်​ချ​နိုင်​မည်​နည်း။

ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ သ​ကဲ့​သို့ အ​ဘယ်​သူ​မျှ​မ​သန့်​ရှင်း​မ​မြင့်​မြတ်​ပါ။ ကိုယ်​တော်​မှ​တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ​ပါ။ ကျွန်​မ​တို့​ကိုး​ကွယ်​သော​ဘု​ရား​ကဲ့​သို့ ကာ​ကွယ်​စောင့်​ရှောက်​နိုင်​သူ​မ​ရှိ။

ထို​တန်​ခိုး​ကြီး​သော​ဘု​ရား​များ​၏​လက်​မှ ငါ​တို့​အား​အ​ဘယ်​သူ​ကယ်​နိုင်​ပါ​မည်​နည်း။ ထို​ဘု​ရား​များ​ကား​အီ​ဂျစ်​အ​မျိုး​သား​တို့ အား တော​ကန္တာ​ရ​တွင်​သုတ်​သင်​သတ်​ဖြတ် သော​ဘု​ရား​များ​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ