တရားဟော 32:13Common Language Bible``ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား တောင်ကုန်းဒေသများကိုအုပ်စိုးစေ၍ လယ်မှထွက်သောအသီးအနှံများကို စားသုံးစေတော်မူ၏။ သူတို့သည်ကျောက်ကြားမှပျားရည်ကို လည်းကောင်း၊ ကျောက်ပေါများသောမြေတွင်ပေါက်သော သံလွင်ပင်များမှဆီကိုလည်းကောင်းရရှိ ကြ၏။ အခန်းကိုကြည့်ပါ။ |
ငါ့အားဝတ်ပြုကိုးကွယ်မှုမှရရှိအပ်သော စိတ္တသုခကိုခံစားရကြလိမ့်မည်။ ငါသည် သင်တို့အားကမ္ဘာတစ်ဝှမ်းလုံးတွင်ဂုဏ်အသ ရေရှိစေမည်။ သင်တို့သည်လည်းမိမိတို့ဘိုး ဘေးယာကုပ်အားပေးအပ်ခဲ့သည့်ပြည်တော် တွင်ပျော်မွေ့စွာနေရကြလိမ့်မည်။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
သင်သည်ရွှေ၊ ငွေ၊ တန်ဆာများကိုဆင်ယင် ကာပိတ်ချောထည်ပန်းထိုးထည်နှင့် အဖိုး တန်အဝတ်အစားများကိုအစဉ်ပင်ဝတ် ဆင်ရ၏။ သင်သည်အကောင်းဆုံးမုန့်ညက် ဖြင့်လုပ်သောမုန့်ပျားရည်နှင့် သံလွင်ဆီကို စားသုံးရ၏။ သင်၏အဆင်းသည်ဖိတ်ဖိတ် တောက်လှပသဖြင့်သင်သည်မိဖုရား ဖြစ်လာ၏။-
ဣသရေလအမျိုးသားတို့၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ထာဝရဘုရားသင်တို့ကိုကယ်တင်သောကြောင့် သင်တို့သည်ထူးခြားသည့်လူမျိုးဖြစ်သည်။ သင်တို့ကိုကာကွယ်ရန်နှင့်ရန်သူကိုအောင် မြင်ရန် ထာဝရဘုရားကိုယ်တော်တိုင် သင်တို့၏ဒိုင်းလွှားသင်တို့၏ဋ္ဌားဖြစ်တော် မူ၏။ သင်တို့၏ရန်သူတို့သည်အသနားခံရန် သင်တို့ထံသို့လာကြလိမ့်မည်။ ထိုအခါသင်တို့သည်သူတို့ကိုနင်းချေ ကြလိမ့်မည်။