တရားဟော 30:20Common Language Bibleသင်တို့၏ဘိုးဘေးများဖြစ်ကြသော အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ်တို့အားကတိထားတော်မူ သောပြည်တွင် သင်တို့နှင့်သင်တို့၏အဆက် အနွယ်များကြာရှည်စွာအသက်ရှင်နေထိုင် နိုင်စေရန် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုချစ်၍အမိန့်တော်ကိုနာခံလျက် ကိုယ်တော်ရှင်အားဆည်းကပ်ကိုးကွယ်ကြ လော့'' ဟုမှာကြားလေ၏။ အခန်းကိုကြည့်ပါ။ |
ငါယနေ့ပေးသောသင်တို့၏ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်များကိုစောင့် ထိန်းလျှင်၊ ကိုယ်တော်ကိုချစ်၍အမိန့်တော်ကို နာခံလျက် ပညတ်တရားတော်ရှိသမျှကို စောင့်ထိန်းလျှင် သင်တို့၏နိုင်ငံသည်ဖွံ့ဖြိုး၍ လူဦးရေများပြားလိမ့်မည်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့သိမ်းယူ နေထိုင်မည့်ပြည်တွင်သင်တို့အားကောင်းချီး ပေးတော်မူလိမ့်မည်။-
ယနေ့သင်တို့အားငါပေးသောပညတ်တော် အားလုံးကိုစောင့်ထိန်းကြလျှင် သင်တို့နှင့် တကွသင်တို့၏အဆက်အနွယ်တို့သည် ကြီးပွားချမ်းသာကြလိမ့်မည်။ သင်တို့သည် လည်းဘုရားသခင်ထာဝရဘုရားက သင် တို့အားအမြဲပိုင်ရန်ပေးတော်မူသောပြည် တွင်ဆက်လက်နေထိုင်ရကြလိမ့်မည်'' ဟု ဆိုလေ၏။
သင်တို့သည်ထိုပညတ်တော်တို့ကိုတစ်သဝေ မတိမ်းလိုက်နာစောင့်ထိန်းကြလျှင် အခြား သောလူမျိုးများရှေ့တွင်သင်တို့၏၊ ဉာဏ်ပညာ ပေါ်လွင်ထင်ရှားလိမ့်မည်။ သူတို့သည်ထို ပညတ်တော်ရှိသမျှကိုကြားရသောအခါ `ဤလူမျိုးသည်ဉာဏ်ပညာအမြော်အမြင် နှင့်ပြည့်စုံသောလူမျိုးကြီးဖြစ်ပါသည် တကား' ဟုချီးကူးကြလိမ့်မည်။''