Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 30:18

Common Language Bible

သင်​တို့​သည်​ပျက်​စီး​ဆုံး​ရှုံး​ရ​မည်​ဟု ငါ ယ​ခု​ပင်​သင်​တို့​အား​သ​တိ​ပေး​၏။ သင်​တို့ သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​၍ သိမ်း​ယူ​မည့် ပြည်​တွင်​ကြာ​ရှည်​စွာ​နေ​ထိုင်​ရ​ကြ​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ရု​ဗင်​နှင့်​ဂဒ်​အ​နွယ်​ဝင်​များ​ဖြစ်​ကြ​သော သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​နောက်​တော် သို့​ယ​ခု​မ​လိုက်​ကြ​လျှင် ကိုယ်​တော်​သည် ဣ​သ​ရေ​လ​တစ်​မျိုး​လုံး​ကို​တော​ကန္တာ​ရ တွင်​တစ်​ဖန်​စွန့်​ပစ်​တော်​မူ​လိမ့်​မည်။ သို့​ဖြစ် ၍​သင်​တို့​ကြောင့်​ထို​သူ​အ​ပေါင်း​တို့​သည် ပျက်​စီး​ဆုံး​ပါး​ရ​ကြ​လိမ့်​မည်'' ဟု​ပြန် လည်​ဖြေ​ကြား​၏။

သို့​ရာ​တွင်​သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​အ​မိန့်​တော်​ကို​မ​နာ​ခံ​ဘဲ​ဖောက်​ပြန်​၍ အ​ခြား​သော​ဘု​ရား​များ​ကို​ကိုး​ကွယ် လျှင်​မူ​ကား၊-

ထို​အ​ခါ​၌​ငါ​သည်​အ​မျက်​တော်​ထွက်​၍ သူ တို့​ကို​စွန့်​ပစ်​သ​ဖြင့်​သူ​တို့​သည်​ပျက်​စီး​ဆုံး​ရှုံး ကြ​လိမ့်​မည်။ သူ​တို့​သည်​ကြောက်​မက်​ဖွယ်​သော ဘေး​ဒဏ်​များ​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။ ထို​အ​ခါ သူ​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော​ငါ​သည် သင်​တို့​နှင့်​အ​တူ​မ​ရှိ​တော့​သ​ဖြင့် ဤ​ကဲ့​သို့ သော​ဘေး​ဒဏ်​များ​နှင့်​တွေ့​ကြုံ​ရ​သည်​ဟု သိ​မြင်​လာ​ကြ​လိမ့်​မည်။-

ကြောက်​မက်​ဖွယ်​သော​ဘေး​ဒဏ်​များ​စွာ​နှင့် တွေ့​ကြုံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်​သူ​တို့​တစ် ဘက်​၌​သက်​သေ​ဖြစ်​စေ​ရန် ဤ​သီ​ချင်း​ကို သီ​ဆို​ရ​မည်။ ငါ​ပေး​မည်​ဟု​က​တိ​ထား သော​ပြည်​သို့​ငါ​မ​ခေါ်​ဆောင်​မီ​ပင် ယ​ခု သူ​တို့​ကြံ​စည်​နေ​သော​အကြံ​အစည်​ကို ငါ​သိ​၏'' ဟု​မိန့်​တော်​မူ​၏။

ငါ​သေ​လွန်​ပြီး​နောက်​ဤ​လူ​တို့​သည်​အ​ကျင့် ဖောက်​ပြား​၍ ငါ​သွန်​သင်​ခဲ့​သ​မျှ​တို့​ကို​ပစ် ပယ်​မည်​ဖြစ်​ကြောင်း​ငါ​သိ​၏။ နောင်​အ​ခါ​၌ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​တား​မြစ်​သော ဒု​စ​ရိုက်​ကို​ပြု​သော​ကြောင့် အ​မျက်​တော် ထွက်​သ​ဖြင့်​သူ​တို့​သည်​ဘေး​ဒဏ်​နှင့်​တွေ့ ကြုံ​ရ​ကြ​လိမ့်​မည်'' ဟု​သ​တိ​ပေး​လေ​၏။

``သင်​တို့​သည်​ထို​ပြည်​တွင်​ကြာ​မြင့်​စွာ​နေ​ထိုင်​၍ သား​မြေး​များ​ရ​သည်​အ​ထိ​ပင်​လျှင် ထာ​ဝ​ရ ဘု​ရား​ကို​မ​ပြစ်​မှား​မိ​စေ​ရန်​ရုပ်​တု​ကို​ထု လုပ်​၍​မ​ကိုး​ကွယ်​နှင့်။ ရုပ်​တု​ထု​လုပ်​ကိုး​ကွယ် ခြင်း​သည်​မှား​ယွင်း​မှု​ဖြစ်​သော​ကြောင့် ထာ​ဝ​ရ ဘု​ရား​အား​အ​မျက်​ထွက်​စေ​တော်​မူ​လိမ့်​မည်။-

ထို​သို့​မှား​ယွင်း​လျှင်​သင်​တို့​အ​မျိုး​သည် ထို ပြည်​မှ​မ​ကြာ​မီ​တိမ်​ကော​ပျောက်​ကွယ်​ရ လိမ့်​မည်​ဟု ငါ​သည်​မိုး​ကောင်း​ကင်​နှင့်​မြေ ကြီး​ကို​တိုင်​တည်​လျက်​ကျိန်​ဆို​၏။ သင်​တို့ သည်​ယော်ဒန်​မြစ်​ကို​ကူး​၍​သိမ်း​ပိုက်​မည့်​ပြည် တွင် ကြာ​ရှည်​စွာ​မ​နေ​ထိုင်​ရ​ဘဲ​တစ်​မျိုး လုံး​ပျက်​စီး​ပျောက်​ကွယ်​သွား​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ