Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 3:3

Common Language Bible

``သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် သြ​ဃ​ဘု​ရင် နှင့်​သူ​၏​လူ​အ​ပေါင်း​တို့​ကို​ငါ​တို့​၏​လက်​သို့ အပ်​သ​ဖြင့် ငါ​တို့​သည်​တစ်​ယောက်​မ​ကျန်​သတ် ဖြတ်​သုတ်​သင်​ခဲ့​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ဗာ​ရှန်​ပြည်​ဘု​ရင်​သြ​ဃ​မင်း​ကို​လည်း ကွပ်​မျက်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

ထို​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သြ​ဃ​ဘု​ရင်​နှင့်​သူ​၏​သား​များ​အ​ပါ​အ​ဝင် တိုင်း​သူ​ပြည်​သား​တို့​ကို​တစ်​ယောက်​မ​ကျန် သုတ်​သင်​သတ်​ဖြတ်​ပြီး​နောက်​တိုင်း​ပြည်​ကို သိမ်း​ပိုက်​လေ​သည်။

သင်​တို့​တွင်​စား​စ​ရာ​အ​စာ၊ သောက်​စ​ရာ စ​ပျစ်​ရည်​နှင့်​သေ​ရည်​သေ​ရက်​မ​ရှိ​ခဲ့ ကြ။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​အား​သွန်​သင်​ရန်​သင်​တို့​လို​သ​မျှ ကို​ပေး​တော်​မူ​သည်။-

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က`သူ့​ကို​မ​ကြောက် နှင့်။ ငါ​သည်​သူ​နှင့်​တ​ကွ သူ​၏​လူ​အ​ပေါင်း တို့​ကို​လည်း​ကောင်း၊ သူ​၏​တိုင်း​ပြည်​ကို​လည်း ကောင်း၊ သင့်​လက်​သို့​ပေး​အပ်​မည်။ သင်​သည် ဟေ​ရှ​ဘုန်​မြို့​၌​စိုး​စံ​သော​အာ​မော​ရိ​ဘု​ရင် ရှိ​ဟုန်​အား​နှိမ်​နင်း​သ​ကဲ့​သို့ သူ့​အား​လည်း နှိမ်​နင်း​လော့' ဟု​ငါ့​အား​မိန့်​တော်​မူ​သည်။''

တစ်​ချိန်​တည်း​မှာ​ပင်​ငါ​တို့​သည် သူ​ပိုင်​ဆိုင် သော​မြို့​ရှိ​သ​မျှ​ကို​သိမ်း​ယူ​ကြ​သည်။ ငါ​တို့ မ​သိမ်း​ယူ​သော​မြို့​ဟူ​၍​တစ်​မြို့​မှ​မ​ရှိ။ ငါ တို့​သည်​မြို့​ပေါင်း​ခြောက်​ဆယ်၊ တစ်​နည်း​အား ဖြင့်​ဗာ​ရှန်​ဘု​ရင်​ကြီး​စိုး​သော​အာ​ဂေါ​ဘ ဒေ​သ​တစ်​ခု​လုံး​ကို​သိမ်း​ယူ​ကြ​သည်။-

သူ​၏​နိုင်​ငံ​ကို​လည်း​ကောင်း၊ ယော်​ဒန်​မြစ်​အ​ရှေ့ ဘက်​တွင် စိုး​စံ​သော​အ​ခြား​အာ​မော​ရိ​ဘု​ရင် ဖြစ်​သည့်​ဗာ​ရှန်​ဘု​ရင်​သြ​ဃ​၏​နိုင်​ငံ​ကို လည်း​ကောင်း​သိမ်း​ယူ​ခဲ့​ကြ​သည်။-

အာ​ရှ​တ​ရုတ်​မြို့​နှင့်​ဧ​ဒြိ​မြို့​တို့​တွင်​စိုး​စံ ၍​ရိ​ဖိမ်​အ​မျိုး​သား​တို့​၏ နောက်​ဆုံး​အ​ဆက် အ​နွယ်​ဖြစ်​သူ​သြ​ဃ​မင်း​၏​ပြည်​သည်​လည်း ကောင်း​ပါ​ဝင်​သည်။ မော​ရှေ​သည်​ဤ​မင်း​နှစ် ပါး​စ​လုံး​ကို​ကွပ်​မျက်​၍​သူ​တို့​၏​တိုင်း ပြည်​များ​ကို​သိမ်း​ယူ​ခဲ့​သည်။-

သူ​တို့​၏​နယ်​မြေ​သည်​မ​ဟာ​နိမ်​မြို့​အ​ထိ ကျယ်​ပြန့်​၍​ဗာ​ရှန်​ဘု​ရင်​သြ​ဃ​မင်း​ပိုင်​သော ပြည်​တစ်​ပြည်​လုံး​နှင့်​တ​ကွ​ဗာ​ရှန်​ပြည်​တွင်း ရှိ​ယာ​ဣ​ရ​၏​ရွာ​ပေါင်း​ခြောက်​ဆယ်​ပါ​ဝင် သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ