Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 29:27

Common Language Bible

ထို​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော် ၏​လူ​မျိုး​တော်​ကို​အ​မျက်​ထွက်​သ​ဖြင့် ဤ ကျမ်း​တွင်​ဖော်​ပြ​ထား​သော​ဘေး​ဒဏ် အ​ပေါင်း​တို့​ကို​သူ​တို့​ပြည်​၌​ကျ​ရောက် စေ​တော်​မူ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ခတ်​တော်​မူ​သ​ဖြင့် ဣသ​ရေ​လ ပြည်​သည်​ချောင်း​ငယ်​တွင်​တုန်​လှုပ်​လျက်​နေ​သော ကူ​ပင်​သ​ဖွယ်​တုန်​လှုပ်​သွား​လိမ့်​မည်။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဘိုး​ဘေး​များ​အား​ကိုယ်​တော် ပေး​အပ်​တော်​မူ​ခဲ့​သည့် ဤ​သာ​ယာ​သော​ပြည်​တော် မှ​နုတ်​ပယ်​ခြင်း​ကို​ခံ​ရ​ကာ​ဥ​ဖ​ရတ်​မြစ်​တစ် ဖက်​ကမ်း​သို့​ကွဲ​လွင့်​သွား​ကြ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​သူ​တို့​သည်​အာ​ရှ​ရ​ဘု​ရား​မ ရုပ်​များ​ကို​ပြု​လုပ်​လျက်​ကိုယ်​တော်​၏​အ​မျက် တော်​ကို​လှုံ့​ဆော်​ကြ​သော​ကြောင့်​ဖြစ်​၏။-

ဟော​ရှေ​၏​နန်း​စံ​ကိုး​နှစ်​မြောက်​၌​အာ​ရှု​ရိ ဧ​က​ရာဇ်​ဘု​ရင်​သည် ရှ​မာ​ရိ​မြို့​ကို​သိမ်း​ယူ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​သုံ့​ပန်း​များ အ​ဖြစ်​အာ​ရှု​ရိ​ပြည်​သို့​ဖမ်း​သွား​ပြီး​လျှင် အ​ချို့​ကို​ဟာ​လ​မြို့​၌​လည်း​ကောင်း၊ အ​ချို့ ကို​ဂေါ​ဇန်​ခရိုင်၊ ဟာ​ဗော်​မြစ်​အ​နီး​၌​လည်း ကောင်း၊ အ​ချို့​ကို​မေ​ဒိ​ပြည်​ရှိ​မြို့​များ​၌ လည်း​ကောင်း​နေ​ထိုင်​စေ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင်​မြို့​သား​များ နှင့် ယု​ဒ​ပြည်​သူ​တို့​အား​လွန်​စွာ​အ​မျက်​ထွက် တော်​မူ​သ​ဖြင့်​ရှေ့​တော်​မှ​နှင်​ထုတ်​တော် မူ​၏။

ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ​အ​မျက်​ထွက်​၍ နေ​တော်​မူ​ပါ​မည်​လော။ အ​မျက်​တော်​သည်​အ​ဘယ်​အ​ခါ​၌​မျှ ပြေ​တော်​မ​မူ​တော့​ပြီ​လော။

ယေ​ရ​မိ၊ ထို​သူ​တို့​သည်​သင့်​အား`အ​ဘယ်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​အ​မှု​တို့​ကို​ပြု​တော်​မူ​ပါ​သ​နည်း' ဟု​မေး​ကြ​လိမ့်​မည်။ ထို​အ​ခါ​သူ​တို့​အား`သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​စွန့်​ပစ်​ကာ မိ​မိ​တို့​ပြည်​၌​ပင်​လူ​မျိုး​ခြား​ဘု​ရား​များ​၏​အ​စေ​ကို​ခံ​ခဲ့​ကြ​၏။ သို့​ဖြစ်​၍​တိုင်း​တစ်​ပါး​တွင်​လူ​မျိုး​ခြား​တို့​၏​အ​စေ​ကို​သင်​တို့​ခံ​ရ​ကြ​လိမ့်​မည်' ဟု​ပြန်​လည်​ဖြေ​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။

သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​က​မ​ကိုး​ကွယ် ရန်​တား​မြစ်​ထား​သော​ဘု​ရား​များ​ဖြစ်​သည့် ယ​ခင်​က​မ​ကိုး​ကွယ်​ဘူး​သော​ဘု​ရား​များ ကို​ကိုး​ကွယ်​ကြ​၏။-

``ငါ​သည်​ယ​ခု​သင်​တို့​အား​မင်္ဂလာ​နှင့်​အ​မင်္ဂ လာ​ကို​ရွေး​ချယ်​စေ​ပြီ။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို အ​ပြည်​ပြည်​သို့​နှင်​ထုတ်​၍​ထို​ပြည်​များ တွင်​နေ​ထိုင်​ကြ​သော​အ​ခါ သင်​တို့​သည် ငါ​ယ​ခု​မှာ​ကြား​သ​မျှ​တို့​ကို​သ​တိ​ရ ပြီး​လျှင်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ