Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 29:21

Common Language Bible

ဤ​ပညတ်​တွင်​ရေး​ထား​သော​ပ​ဋိ​ညာဉ်​အ မင်္ဂ​လာ​များ​နှင့်​အ​ညီ​သူ​သည်​ဘေး​ဒဏ် သင့်​သ​ဖြင့် ဣ​သ​ရေ​လ​အ​နွယ်​အ​ပေါင်း တို့​အ​တွက်​သင်​ခန်း​စာ​ယူ​စ​ရာ​ဖြစ် တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က`အီ​ဂျစ်​ပြည်​သို့​သင်​တို့​သွား မည်​ဆို​လျှင် ငါ​သည်​မိ​မိ​၏​ဒေါ​သ​အ​မျက်​တော် ကို​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​အ​ပေါ်​သို့ သွန်း​လောင်း​ခဲ့​သည့်​နည်း​တူ သင်​တို့​အ​ပေါ်​သို့ လည်း​သွန်း​လောင်း​မည်။ လူ​တို့​ရှေ့​တွင်​သင်​တို့ သည်​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​၍ သင်​တို့​ကို​ပြက် ရယ်​ပြု​လျက်​သင်​တို့​အ​မည်​နာ​မ​ကို​ကျိန်​စာ အ​ဖြစ်​အ​သုံး​ပြု​ကြ​လိမ့်​မည်။ သင်​တို့​သည် ဤ​အ​ရပ်​ကို​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ ၌​မျှ​ပြန်​၍​တွေ့​မြင်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆို​၏။

ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​တု​များ​ကို​မြင်​၍​မှား ယွင်း​သော​ကြို​တင်​ဟော​ပြော​မှု​ကို​ပြု​ကြ ၏။ အ​သင်​ပ​ရော​ဖက်​တို့​အား​ငါ​ဒဏ်​ခတ် တော်​မူ​အံ့။ သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော် တိုင်​ပင်​စည်း​ဝေး​ရာ​သို့​ဝင်​ရ​လိမ့်​မည်​မ ဟုတ်။ ဣ​သ​ရေ​လ​နိုင်​ငံ​သား​တို့​၏​စာ​ရင်း တွင်​လည်း​သင်​တို့​၏​နာ​မည်​များ​ကို​မ​သွင်း ရ။ သင်​တို့​သည်​မိ​မိ​တို့​ပြည်​သို့​အ​ဘယ် အ​ခါ​၌​မျှ​မ​ပြန်​ရ။ ထို​အ​ခါ​ငါ​သည် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။''

တစ်​ဖန်​တုံ​ငါ​၏​လူ​စု​သည်​သူ​တော်​ကောင်း နှင့် သူ​ယုတ်​မာ​တို့​တွေ့​ကြုံ​ခံ​စား​ရ​မှု​မ​တူ ပုံ​ကို​လည်း​ကောင်း၊ ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ် သူ​နှင့်​ဝတ်​မ​ပြု​မ​ကိုး​ကွယ်​သူ​တို့ တွေ့​ကြုံ ခံ​စား​ရ​မှု​မ​တူ​ပုံ​ကို​လည်း​ကောင်း​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

သူ့​ကို​ပြင်း​စွာ​ကြိမ်​ဒဏ်​ခတ်​၍​ကြောင်​သူ​တော်​တို့ ခံ​ရ​သော​ကံ​ကြမ္မာ​ဆိုး​ကို​ခံ​စေ​လိမ့်​မည်။ သူ​သည် ငို​ကြွေး​မြည်​တမ်း​၍​အံ​သွား​ခဲ​ကြိတ်​လျက်​နေ​ရ လိမ့်​မည်။

ထို​အ​ခါ​လူ​မျိုး​အ​ပေါင်း​တို့​သည်​ရှေ့​တော်​တွင် စု​ရုံး​ရ​ကြ​လိမ့်​မည်။ သိုး​ထိန်း​သည်​သိုး​နှင့်​ဆိတ် တို့​ကို​တ​ခြား​စီ​ခွဲ​ထုတ်​သ​ကဲ့​သို့​လူ​သား​သည် လည်း​လူ​တို့​အား​နှစ်​စု​ခွဲ​ထုတ်​တော်​မူ​ပြီး​လျှင်၊-

``ထို​နောက်​ဘု​ရင်​မင်း​မြတ်​က​လက်​ဝဲ​တော်​ဘက် ၌​ရှိ​သော​သူ​တို့​အား `အ​မင်္ဂ​လာ​ရှိ​သူ​တို့၊ ငါ့​ထံ မှ​ထွက်​သွား​ကြ​လော့။ မာရ်​နတ်​နှင့်​သူ့​စေ​တ​မန် များ​အ​တွက်​ပြင်​ဆင်​ထား​သည့်​ထာ​ဝ​ရ​မီး ထဲ​သို့​သက်​ဆင်း​ကြ​လော့။-

ထို့​ကြောင့်​ထို​သူ​တို့​သည်​ထာ​ဝ​ရ​အ​ပြစ်​ဒဏ်​ခံ ရ​ကြ​လိမ့်​မည်။ သူ​တော်​ကောင်း​တို့​မူ​ကား​ထာ​ဝ​ရ ချမ်း​သာ​သို့​ဝင်​စား​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

ကိုယ်​တော်​သည်​သင်​တို့​နှင့်​သင်​တို့​၏​အ​ဆက် အ​နွယ်​တို့​၌ ကု​သ​၍​မ​ရ​နိုင်​သော​ရော​ဂါ ဆိုး​များ​နှင့်​ကြောက်​မက်​ဖွယ်​ကောင်း​သော ကပ်​ရော​ဂါ​များ​ကျ​ရောက်​စေ​တော်​မူ​မည်။-

ထာ​ဝ​ရ​ဘု​ရား​၏​ပညတ်​များ​နှင့်​သြ​ဝါ​ဒ များ​ပါ​ရှိ​သော ဤ​ကျမ်း​တွင်​ဖော်​ပြ​ခြင်း မ​ရှိ​သည့်​အ​ခြား​ရောဂါ​နှင့်​ကပ်​ရော​ဂါ အ​မျိုး​မျိုး​ကို​လည်း သင်​တို့​အ​ပေါ်​သို့​ကျ ရောက်​စေ​တော်​မူ​သ​ဖြင့်​သင်​တို့​သေ​ကြေ ပျက်​စီး​ရ​လိမ့်​မည်။-

`` `ငါ​သည်​သူ​တို့​အား​ဘေး​ဒဏ်​များ​ကို အ​ဆက်​မ​ပြတ်​တွေ့​ကြုံ​စေ​မည်။ ငါ​၏​မြား​ကုန်​စင်​အောင်​သူ​တို့​ကို​ပစ်​ခွင်း​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ