တရားဟော 29:2Common Language Bibleမောရှေသည်ဣသရေလအမျိုးသား အပေါင်းတို့ကို ဆင့်ခေါ်၍``ထာဝရဘုရား သည်အီဂျစ်ပြည်တွင် ဖာရောဘုရင်နှင့်သူ ၏အရာရှိများအပါအဝင် တစ်တိုင်းပြည် လုံးကိုမည်ကဲ့သို့ဒဏ်ခတ်ခဲ့တော်မူကြောင်း သင်တို့ကိုယ်တိုင်တွေ့မြင်ခဲ့ရကြသည်။- အခန်းကိုကြည့်ပါ။ |
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်နှင့်တောကန္တာရ၌သင်တို့အား စောင့်ရှောက်ခဲ့သည့်နည်းတူ ယခုလည်းသင်တို့ ကိုဦးဆောင်၍သင်တို့ဘက်၌စစ်ကူတိုက်တော် မူလိမ့်မည်။ အဖကသားကိုချီပိုက်သကဲ့သို့ ထာဝရဘုရားသည်သင်တို့အားချီပိုက်လျက် ဤအရပ်သို့ရောက်ရှိသည့်တိုင်အောင်ပို့ဆောင် တော်မူခဲ့ကြောင်းကို သင်တို့သိမြင်ရကြပြီ' ဟူ၍ပြောခဲ့သည်။-
အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား သည် အကျွန်ုပ်တို့၏ဖခင်များနှင့်အကျွန်ုပ်တို့ အားကျွန်ခံရာအီဂျစ်ပြည်မှကယ်တင်တော် မူခဲ့ပါပြီ။ ကိုယ်တော်ပြုတော်မူသောအံ့သြ ဖွယ်ရာအမှုများကိုအကျွန်ုပ်တို့မြင်ခဲ့ရ ကြပါပြီ။ နိုင်ငံအသီးသီးကိုဖြတ်သန်း ရာခရီးတစ်လျှောက်တွင်ကိုယ်တော်သည် အကျွန်ုပ်တို့အားကာကွယ်စောင့်ရှောက် တော်မူခဲ့ပါသည်။-