Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 29:15

Common Language Bible

ကိုယ်​တော်​၏​ရှေ့​တော်​တွင်​ယ​နေ့​ရပ်​နေ ကြ​သော​ငါ​တို့​အ​ပေါင်း​နှင့်​သော်​လည်း ကောင်း၊ ယ​ခု​ငါ​တို့​နှင့်​အ​တူ​မ​ရှိ​သေး သော​နောင်​လာ​နောက်​သား​တို့​နှင့်​သော် လည်း​ကောင်း​ပြု​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​သူ​တို့​အား​မိ​မိ​တို့​၏​အ​ကျိုး၊ နောင် လာ​နောက်​သား​တို့​၏​အ​ကျိုး​ငှာ​တစ်​ခု​တည်း သော​ရည်​ရွယ်​ချက်​ဖြင့်​အ​သက်​ရှင်​စေ​မည်။ ထို​ရည်​ရွယ်​ချက်​မှာ​ငါ့​ကို​အ​စဉ်​အ​မြဲ ကြောက်​ရွံ့​ရို​သေ​ကြ​ရန်​ပင်​ဖြစ်​သည်။-

သူ​တို့​သည်​ဇိ​အုန်​မြို့​သို့​သွား​ရာ​လမ်း​ကို မေး​မြန်း​စုံ​စမ်း​လျက် ထို​မြို့​သို့​ရှေ့​ရှု​၍ သွား​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​နှင့်​ထာ​ဝ​စဉ်​ပ​ဋိ​ညာဉ်​ဖွဲ့​ပြီး​လျှင် ထို​ပ​ဋိ​ညာဉ်​ကို​အ​ဘယ်​အ​ခါ​၌​မျှ​ချိုး ဖောက်​ကြ​လိမ့်​မည်​မ​ဟုတ်။

ထို​ဆု​ကျေး​ဇူး​ကို​ပေး​မည်​ဟူ​သော​ဘု​ရား သ​ခင်​၏​က​တိ​တော်​သည် သင်​တို့​အ​တွက်​လည်း ကောင်း၊ သင်​တို့​၏​သား​သ​မီး​များ​အ​တွက်​လည်း ကောင်း၊ ရပ်​ဝေး​ရှိ​သူ​တို့​အ​တွက်​လည်း​ကောင်း ဖြစ်​၏။ တစ်​နည်း​အား​ဖြင့်​ငါ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ခေါ်​ယူ​တော်​မူ​သော​သူ​အ​ပေါင်း တို့​အ​တွက် ဖြစ်​၏'' ဟု​ဖြေ​ဆို​လေ​၏။

ယုံ​ကြည်​သူ​အ​မျိုး​သား​သည် မ​ယုံ​ကြည်​သူ မ​ယား​နှင့်​စုံ​ဖက်​သော​အား​ဖြင့်​လည်း​ကောင်း၊ မ​ယုံ​ကြည်​သူ​အ​မျိုး​သ​မီး​သည် ယုံ​ကြည်​သူ လင်​နှင့်​စုံ​ဖက်​သော​အား​ဖြင့်​လည်း​ကောင်း၊ ဘု​ရား သ​ခင်​နှစ်​သက်​လက်​ခံ​သူ​များ​ဖြစ်​လာ​ပေ​သည်။ အ​ကယ်​၍​ဤ​သို့​မ​ဖြစ်​ပါ​မူ​သင်​တို့​၏​သား သ​မီး​များ​သည် ဘု​ရား​မဲ့​သူ​များ​ဖြစ်​ကြ ပေ​တော့​အံ့။ ယ​ခု​မှာ​မူ​ထို​သား​သ​မီး​တို့ သည်​ဘု​ရား​သ​ခင်​နှစ်​သက်​လက်​ခံ​သူ​များ ဖြစ်​ကြ​၏။-

``အီ​ဂျစ်​ပြည်​၌​လည်း​ကောင်း၊ အ​ခြား​လူ မျိုး​တို့​၏​နယ်​မြေ​ကို​ဖြတ်​သန်း​သွား​ရာ ၌​လည်း​ကာင်း၊ ငါ​တို့​၏​ဘ​ဝ​အ​တွေ့ အ​ကြုံ​ကို​သင်​တို့​သိ​ကြ​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​၏​ဘိုး​ဘေး တို့​နှင့်​သာ​လျှင် ပ​ဋိ​ညာဉ်​ပြု​သည်​မ​ဟုတ်။ ယ​နေ့​အ​သက်​ရှင်​လျက်​ရှိ​သော ငါ​တို့​အား လုံး​နှင့်​လည်း​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ