တရားဟော 28:8Common Language Bible``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့၏လုပ်ငန်းကိုကောင်းချီးပေး၍ သင်တို့၏ကျီများကိုစပါးနှင့်ပြည့်စေ တော်မူမည်။ ကိုယ်တော်သည်မိမိပေးသနား တော်မူမည့်ပြည်တွင် သင်တို့အားကောင်းချီး ပေးတော်မူမည်။ အခန်းကိုကြည့်ပါ။ |
ကောက်ရိတ်ချိန်တိုင်အောင်အပင်နှစ်မျိုးလုံးဆက် လက်ကြီးပွားစေကြလော့။ ကောက်ရိတ်ချိန်ရောက် သော်ကောက်ရိတ်သမားတို့အားဦးစွာဂျုံရိုင်း များကိုနုတ်၍စည်းထားပြီးလျှင်မီးရှို့ပစ်ကြ။ ထိုနောက်ဂျုံစပါးကိုစုသိမ်း၍ငါ၏ကျီ၌ သွင်းထားကြဟုငါမှာကြားမည်' ဟုဆို၏'' ဟူ ၍မိန့်တော်မူသည်။
မိုးကောင်းကင်တွင်ကျင်လည်သောငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ သူတို့သည်မျိုးကိုမကြဲ၊ ကောက်နှံများကိုမရိတ်မသိမ်း၊ ကျီများတွင်လည်း သိုလှောင်မှုကိုမပြု။ သို့ရာတွင်ကောင်းကင်ဘုံရှင် သင်တို့အဖသည်ထိုငှက်တို့အားကျွေးမွေးတော် မူ၏။ သင်တို့သည်ကားငှက်များထက်များစွာပို ၍မြတ်သည်မဟုတ်လော။-
ထိုအစားအစာများသည် ကိုယ်ပိုင်ပစ္စည်းဟူ၍ မရှိသောလေဝိအမျိုးသားများ၊ သင်တို့မြို့ ရွာတွင်နေထိုင်ကြသောလူမျိုးခြားသား များ၊ မိဘမဲ့ကလေးများ၊ မုဆိုးမများ အတွက်ဖြစ်သည်။ သူတို့သည်ထိုအစား အစာများမှ လိုအပ်သလောက်ယူ၍စား သုံးနိုင်၏။ ဤသို့ပြုလျှင်သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဆောင် ရွက်သမျှကိုကောင်းချီးပေးတော်မူလိမ့် မည်။''