Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 28:68

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား အီ​ဂျစ် ပြည်​သို့​နောက်​တစ်​ဖန်​မ​ပြန်​စေ​ရ​ဟု​မိန့် တော်​မူ​ခဲ့​သော်​လည်း သင်္ဘော​များ​ဖြင့်​သင် တို့​ကို​ထို​ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​တော် မူ​လိမ့်​မည်။ ထို​ပြည်​တွင်​သင်​တို့​ကိုယ်​ကို ရန်​သူ​များ​ထံ​၌​ကျွန်​အ​ဖြစ်​ရောင်း​သော် လည်း သင်​တို့​ကို​ဝယ်​ယူ​မည့်​သူ​ရှိ​လိမ့်​မည် မ​ဟုတ်'' ဟု​ဆင့်​ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

``မိ​မိ​တို့​ကိုယ်​ကို​လူ​မျိုး​ခြား​များ​လက် သို့​ရောင်း​ချ​ရ​ကြ​သူ ယု​ဒ​အ​မျိုး​သား​ညီ အစ်​ကို​တို့​အား​တတ်​နိုင်​သ​မျှ​ငါ​တို့​ပြန် လည်​ဝယ်​ယူ​ပြီး​မှ ယ​ခု​သင်​တို့​က မိ​မိ​တို့ အ​မျိုး​သား​အ​ချင်း​ချင်း​ပြန်​လည်​ရောင်း စား​လျက်​နေ​ကြ​ပါ​တကား'' ဟု​ဆို​သော အ​ခါ​ခေါင်း​ဆောင်​များ​သည်​ဆိတ်​ဆိတ် နေ​ကြ​၏။ စ​ကား​တစ်​ခွန်း​ကို​မျှ​ပြန်​၍ မ​ပြော​နိုင်​ကြ။

ကျွန်​တော်​မ​နှင့်​ကျွန်​တော်​မ​၏​အ​မျိုး​သား ချင်း​တို့​အား​ရောင်း​စား​လိုက်​ကြ​ပြီ​ဖြစ်​၍ ကျွန်​တော်​မ​တို့​သည်​သေ​ရ​ကြ​ပါ​တော့​မည်။ အ​ကယ်​၍​ကျွန်​ဘ​ဝ​သို့​ရောက်​ရ​ကြ​ရုံ​သာ ဆို​လျှင်​ကျွန်​တော်​မ​သည်​အ​ရှင်​မင်း​ကြီး အား​အ​နှောင့်​အ​ယှက်​မ​ပေး​ဘဲ​ကြိတ်​၍​ခံ မည်​သာ​ဖြစ်​ပါ​၏။ ယ​ခု​မှာ​မူ​ကျွန်​တော် မ​တို့​သည်​အ​မျိုး​ပြုတ်​အောင်​သုတ်​သင် ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​ကြ​ပါ​တော့​မည်'' ဟု​လျှောက်​၏။

အီ​ဂျစ်​ဘု​ရင်​သည်​ဣသ​ရေ​လ​အ​မျိုး​သား တို့​အား​ထွက်​ခွင့်​ပြု​သော​အ​ခါ ထာ​ဝ​ရ ဘု​ရား​သည်​ဖိ​လိတ္တိ​မြို့​သို့​သွား​သော​ပင် လယ်​ကမ်း​ခြေ​ဖြတ်​လမ်း​ဖြင့် သူ​တို့​ကို​ပို့ ဆောင်​တော်​မ​မူ။ သူ​တို့​သည်​စစ်​ပွဲ​တိုက်​ရ​မည် ကို​သိ​မြင်​လျှင်​စိတ်​ပြောင်း​၍ အီ​ဂျစ်​ပြည် သို့​ပြန်​သွား​ကြ​မည်​ဖြစ်​ကြောင်း​ဘု​ရား​သ​ခင်​သိ​တော်​မူ​၏။-

သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် ကို​လွန်​ဆန်​ကာ တာ​ပ​နက်​မြို့​တိုင်​အောင် အီ​ဂျစ်​ပြည်​ထဲ​သို့​ဝင်​ရောက်​ကြ​လေ​သည်။

ယု​ဒ​ပြည်​တွင်​ကျန်​ရှိ​ကာ​အီ​ဂျစ်​ပြည်​သို့ သွား​ရောက်​နေ​ထိုင်​ရန် သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​သူ တို့​မူ​ကား​တစ်​ယောက်​မ​ကျန်​ဆုံး​ပါး​ပျက်​စီး စေ​မည်။ ကြီး​ငယ်​မ​ဟူ​ထို​သူ​အ​ပေါင်း​တို့ သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး သင့်​၍​အီ​ဂျစ်​ပြည်​တွင်​သေ​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လူ​တို့​ရှေ့​၌​စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ဖြစ်​လိမ့်​မည်။ လူ​တို့​သည်​သူ​တို့​အား​ပြက် ရယ်​ပြု​လျက်​သူ​တို့​၏​အ​မည်​နာ​မ​ကို ကျိန်​စာ​အ​ဖြစ်​အ​သုံး​ပြု​ကြ​လိမ့်​မည်။-

သူ​တို့​သည်​ငါ့​အား​ယဇ်​ပူ​ဇော်​၍​ယဇ်​ကောင် ၏​အ​သား​ကို​စား​ကြ​၏။ သို့​ရာ​တွင်​ငါ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​အ​ပြု​အ​စု ကို​နှစ်​သက်​တော်​မ​မူ၊ ယ​ခု​ငါ​သည်​သူ​တို့ ၏​အ​ပြစ်​ကို​သ​တိ​ရ​၍​အ​ပြစ်​အ​တွက် ဒဏ်​စီ​ရင်​မည်။ သူ​တို့​ကို​အီ​ဂျစ်​ပြည်​သို့ ပြန်​ပို့​မည်။

ဧ​ဖ​ရိမ်​ပြည်​သား​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ပြည်​တွင်​မ​နေ​ရ​တော့​ဘဲ​အီ​ဂျစ်​ပြည် သို့​ပြန်​ရ​ကြ​မည်။ အာ​ရှု​ရိ​ပြည်​တွင်​လည်း တား​မြစ်​ထား​သော​အ​စား​အ​စာ​ကို​စား ကြ​ရ​မည်။-

သို့​ရာ​တွင်​အ​ကယ်​၍​ထို​အ​စေ​ခံ​သည်`ငါ့​သ​ခင် ပြန်​လာ​ရန်​ကြာ​ဦး​မည်' ဟု​စိတ်​တွင်​အောက်​မေ့ ကာ အ​စေ​ခံ​ယောကျာ်း၊ အ​စေ​ခံ​မိန်း​မ​တို့​အား ရိုက်​ပုတ်​၍ သောက်​စား​မူး​ယစ်​လျက်​နေ​သည် ဆို​အံ့။-

အ​ချို့​သော​သူ​တို့​သည်​ဋ္ဌား​ဘေး​ဖြင့်​ကျ​ဆုံး ကြ​လိမ့်​မည်။ ကျန်​သူ​တို့​သည်​သုံ့​ပန်း​များ​အ​ဖြစ် ဖြင့် အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​သို့​ဖမ်း​သွား​ခြင်း​ခံ ရ​ကြ​လိမ့်​မည်။ လူ​မျိုး​ခြား​တို့​သည် မိ​မိ​တို့​ကြီး စိုး​သည့်​ခေတ်​မ​ကုန်​မ​ချင်း ယေ​ရု​ရှ​လင်​မြို့ ကို​ခြေ​ဖြင့်​နင်း​ကြ​လိမ့်​မည်။

ဘု​ရင်​သည်​သူ​၏​တပ်​မ​တော်​အ​တွက်​မြင်း မြောက်​မြား​စွာ​မ​ထား​ရှိ​စေ​ရ။ ထာ​ဝ​ရ ဘု​ရား​က မိ​မိ​၏​လူ​မျိုး​ကို​အီ​ဂျစ်​ပြည် သို့​ပြန်​မ​သွား​ရ​ဟု​အ​မိန့်​တော်​ရှိ​သော ကြောင့် ဘု​ရင်​သည်​မြင်း​ဝယ်​ရန်​လူ​များ ကို​ထို​ပြည်​သို့​မ​စေ​လွှတ်​ရ။-

သင်​တို့​တွေ့​မြင်​နေ​ရ​သ​မျှ​တို့​ကြောင့် စိတ်​တုန်​လှုပ်​ချောက်​ချား​လျက်​ရှိ​လိမ့်​မည်။ နံ​နက်​တိုင်း​သင်​တို့​သည်​ည​အ​ချိန်​ရောက် ပါ​စေ​ဟူ​၍​လည်း​ကောင်း၊ ည​နေ​တိုင်း​၌ လည်း​နံနက်​အ​ချိန်​ရောက်​ပါ​စေ​ဟူ​၍ လည်း​ကောင်း​တမ်း​တ​ကြ​လိမ့်​မည်။-

သိ​နာ​တောင်​ပေါ်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​ပ​ဋိ​ညာဉ် ပြု​ပြီး​သည့်​အ​ပြင် ယ​ခု​တစ်​ဖန်​မော​ဘ​ပြည် ၌​မော​ရှေ​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ