သင်တို့သည်အသက်ဘေးနှင့်အစဉ်တွေ့ ကြုံနေရမည်။ နေ့ညမပြတ်ကြောက်ရွံ့ ထိတ်လန့်၍သေဘေးနှင့်အစဉ်ရင်ဆိုင် လျက်နေရမည်။-
``ကိုယ်တော်သည်အထက်မှမီးကို စေလွှတ်တော်မူသဖြင့်ထိုမီးသည်ငါ၏ကိုယ်ခန္ဓာ အတွင်း၌တောက်လောင်လျက်ရှိပါ၏။ ကိုယ်တော်သည်ငါ့အားထောင်ချောက်ထောင်၍ ဖမ်းပြီးလျှင်မြေပေါ်သို့လှဲချတော်မူပါ၏။ ထိုနောက်စွန့်ပစ်တော်မူကာတစ်နေ့လုံး ဝေဒနာခံ၍နေစေတော်မူပါ၏။''
သင်တို့သည်ရောက်ရှိသောနေရာတွင်ငြိမ်း ချမ်းမှုကိုမရရှိနိုင်။ အတည်တကျနေ ထိုင်ရာအရပ်မရှိ။ထာဝရဘုရားသည် သင်တို့အားပူပင်သောကရောက်စေတော် မူမည်။ မျှော်လင့်ရာမဲ့ပြီးစိတ်ပျက်အား လျော့စေတော်မူမည်။-
သင်တို့တွေ့မြင်နေရသမျှတို့ကြောင့် စိတ်တုန်လှုပ်ချောက်ချားလျက်ရှိလိမ့်မည်။ နံနက်တိုင်းသင်တို့သည်ညအချိန်ရောက် ပါစေဟူ၍လည်းကောင်း၊ ညနေတိုင်း၌ လည်းနံနက်အချိန်ရောက်ပါစေဟူ၍ လည်းကောင်းတမ်းတကြလိမ့်မည်။-
ငါတို့သည်တရားစီရင်တော်မူခြင်းကိုလည်း ကောင်း၊ ဘုရားသခင်ကိုအတိုက်အခံပြုသူ တို့အားကျွမ်းလောင်စေမည့်အမျက်တော်မီး ကိုလည်းကောင်းကြောက်ရွံ့တုန်လှုပ်လျက်စောင့် မျှော်နေကြရန်သာရှိတော့၏။-