Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 28:46

Common Language Bible

ထို​ဘေး​ဒဏ်​အ​ပေါင်း​ကျ​ရောက်​လာ​လျှင် ယင်း တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တရား​စီ​ရင်​တော် မူ​ချက်​ဖြစ်​ကြောင်း သင်​နှင့်​သင်​၏​အ​ဆက် အ​နွယ်​များ​အ​စဉ်​အ​မြဲ​မှတ်​သား​ထား ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော် မူ​သော​သား​သ​မီး​များ​နှင့်​အ​တူ ငါ​သည် ဤ​မှာ​ရှိ​ပါ​၏။ ဇိ​အုန်​တောင်​တော်​ပေါ်​တွင် စိုး​စံ​တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​သည် ငါ​တို့​အား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​တွက်​ပြန်​ကြား​သည့်​ဗျာ​ဒိတ် တော်​တို့​ကို သ​ရုပ်​ဆောင်​သူ​များ​ဖြစ်​စေ တော်​မူ​လေ​ပြီ။

ငါ​သည်​ဤ​မြို့​အ​ပေါ်​သို့​အ​လွန်​ဆိုး​ရွား​သည့် ဘေး​အန္တ​ရာယ်​ကို​သက်​ရောက်​စေ​မည်​ဖြစ်​၍ အ​နီး မှ​ဖြတ်​သန်း​သွား​လာ​သူ​တို့​သည် ထို​မြို့​၏​ဖြစ် အင်​ကို​မြင်​၍​ကဲ့​ရဲ့​ကြ​လိမ့်​မည်။ စိတ်​ထိ​ခိုက် လျက်​အံ့​သြ​တွေ​ဝေ​သွား​ကြ​လိမ့်​မည်။-

ယု​ဒ​ဘု​ရင်​များ၊ ခေါင်း​ဆောင်​များ​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​မြို့​ရှိ​သ​မျှ​တို့​သည် ရှု​မြင်​ရ​သူ​တို့​ထိတ်​လန့်​တုန်​လှုပ်​ဖွယ်​ရာ သဲ​ကန္တာ​ရ​ဖြစ်​လျက် ယင်း​တို့​၏​အ​မည်​နာ​မ သည်​လည်း​လူ​တို့​ကျိန်​ဆဲ​ရာ​တွင်​အ​သုံး​ပြု သည့်​စ​ကား​အ​သုံး​အ​နှုန်း​ဖြစ်​လာ​စေ​ရန် ထို​အ​မျက်​တော်​ရည်​ကို​သောက်​ရ​ကြ​၏။ ယ​ခု​အ​ခါ​ထို​မြို့​တို့​သည်​ယင်း​အ​တိုင်း ပင်​ဖြစ်​ပျက်​လျက်​ရှိ​ပေ​သည်။

ငါ​သည်​သူ​တို့​ကို​အ​တိုက်​အ​ခံ​ပြု​မည်။ သူ့ ကို​စံ​န​မူ​နာ​နှင့်​ကဲ့​ရဲ့​ပုံ​ဆောင်​ခံ​ရ​သူ​အ ဖြစ်​အ​သုံး​ပြု​မည်။ ငါ​၏​လူ​မျိုး​တော်​အ​သိုင်း အ​ဝိုင်း​မှ​ဖယ်​ရှား​မည်။ သို့​မှ​သာ​လျှင်​ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။

သို့​ရာ​တွင်​သူ​တို့​ရောက်​လေ​ရာ​ရာ​အ​ရပ် တို့​တွင်​လူ​တို့​က`ဤ​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား ၏​လူ​မျိုး​တော်​ဖြစ်​သော်​လည်း ကိုယ်​တော်​၏ ပြည်​မှ​ထွက်​ခွာ​လာ​ရ​ကြ​၏' ဟု​ဆို​ကြ သ​ဖြင့်​ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ တော်​သည်​အ​သ​ရေ​ပျက်​ရ​၏။-

``ငါ​သည်​သင့်​အား​အ​မျက်​ဒေါ​သ​ပြင်း စွာ​ထွက်​၍ နာ​ကျင်​စွာ​အ​ပြစ်​ဒဏ်​ခတ်​သော အ​ခါ ပတ်​ဝန်း​ကျင်​မှ​လူ​မျိုး​တ​ကာ​တို့ သည်​ထိတ်​လန့်​ကြ​လျက် သင့်​အား​စက်​ဆုပ် သည့်​အ​မူ​အ​ရာ​ဖြင့်​ကြည့်​၍​သ​တိ​ပေး လျက်​ပြက်​ရယ်​ပြု​ကြ​လိမ့်​မည်။-

ထို့​ကြောင့်​သူ​တို့​သည်​ကော​ရ​၏​နောက်​လိုက် များ​နှင့်​အ​တူ​မြေ​မျို​ခံ​ရ​၏။ ထို​နေ့​၌ လောင်​မီး​ကျ​၍ လူ​ပေါင်း​နှစ်​ရာ့​ငါး​ဆယ် အ​သက်​ဆုံး​ခဲ့​ရ​သည်။ ထို​အ​ဖြစ်​အ​ပျက် က​လူ​အ​ပေါင်း​တို့​ကို​သ​တိ​တ​ရား​ရ​စေ​၏။-

ထို​သူ​တို့​၌​ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ အ​ခြား သူ​တို့​သင်​ခန်း​စာ​ရ​ရှိ​ကြ​စေ​ရန်​ဖြစ်​ပေ​သည်။ ငါ​တို့​သည်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ရန်​နီး​ချိန်​၌ အ​သက်​ရှင်​ရ​ကြ​သူ​များ​ဖြစ်​သော​ကြောင့် ငါ တို့​အား​သ​တိ​ပေး​သည့်​အ​နေ​ဖြင့်​ထို​အ​ကြောင်း အ​ရာ​များ​ကို​ကျမ်း​စာ​တော်​တွင်​ရေး​သား​ထား သ​တည်း။

သင်​တို့​ကို​အပြည်​ပြည်​သို့​ကွဲ​လွင့်​စေ​တော် မူ​သော​အ​ခါ ယင်း​ပြည်​သား​တို့​သည်​သင် တို့​၏​အ​ဖြစ်​ကို​မြင်​၍​ထိတ်​လန့်​ကြ​လိမ့် မည်။ သင်​တို့​အား​ပြောင်​လှောင်​သ​ရော်​ကဲ့​ရဲ့ ရှုတ်​ချ​ကြ​လိမ့်​မည်။

ကိုယ်​တော်​သည်​သင်​တို့​နှင့်​သင်​တို့​၏​အ​ဆက် အ​နွယ်​တို့​၌ ကု​သ​၍​မ​ရ​နိုင်​သော​ရော​ဂါ ဆိုး​များ​နှင့်​ကြောက်​မက်​ဖွယ်​ကောင်း​သော ကပ်​ရော​ဂါ​များ​ကျ​ရောက်​စေ​တော်​မူ​မည်။-

ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သို့​ပြု​သော​သူ ကို​အ​ပြစ်​လွှတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​အား​ပြင်း​ထန် စွာ​အ​မျက်​တော်​ထွက်​သ​ဖြင့် သူ​သည်​ဤ ကျမ်း​တွင်​ရေး​ထား​သော​ဘေး​ဒဏ်​အ​ပေါင်း ကို​ခံ​ရ​လျက်​ဆုံး​ပါး​ပျက်​စီး​ရ​လိမ့်​မည်။-

ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​ပြင်း​စွာ​ထွက် တော်​မူ​သ​ဖြင့် သူ​တို့​ကို​နေ​ရင်း​ပြည်​မှ​ထုတ် ပယ်​၍ တိုင်း​တစ်​ပါး​သို့​နှင်​ပစ်​တော်​မူ​လိုက် ရာ ယ​နေ့​တိုင်​သူ​တို့​သည်​ထို​ပြည်​၌​နေ ထိုင်​လျက်​ရှိ​ကြ​၏' ဟူ​၍​ဖြစ်​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ