Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 28:41

Common Language Bible

သင်​တို့​တွင်​သား​သ​မီး​များ​ပေါက်​ဖွား​မည် ဖြစ်​သော်​လည်း ရန်​သူ​က​သူ​တို့​ကို​သုံ့​ပန်း အ​ဖြစ်​ဖမ်း​ဆီး​သွား​မည်​ဖြစ်​သော​ကြောင့် သင်​တို့​သည်​သား​မဲ့​သ​မီး​မဲ့​ဖြစ်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား များ၊ မင်း​ညီ​မင်း​သား​ရှိ​သ​မျှ​နှင့်​အ​မျိုး​သား ခေါင်း​ဆောင်​ရှိ​သ​မျှ စု​စု​ပေါင်း​လူ​တစ်​သောင်း ကို​သုံ့​ပန်း​များ​အ​ဖြစ်​ဖမ်း​ဆီး​သွား​၏။ သူ​သည် အ​လွန့်​အ​လွန်​ဆင်း​ရဲ​သူ​များ​ကို​သာ​လျှင် ယု​ဒ​ပြည်​တွင်​ချန်​ထား​ပြီး​လျှင်​ပန်း​ပဲ​ဆ​ရာ များ​မှ​စ​၍ အ​တတ်​ပ​ညာ​သည်​အ​ပေါင်း​ကို ခေါ်​ဆောင်​သွား​လေ​သည်။

ဣ​သ​ရေ​လ​တပ်​မ​တော်​သည်​မိ​မိ​တို့​၏​ဆွေ မျိုး​သား​ချင်း​ဖြစ်​ကြ​သော​အ​မျိုး​သား​တို့ အ​နက် ယု​ဒ​အ​မျိုး​သ​မီး​နှင့်​က​လေး​နှစ်​သိန်း ကို​ဖမ်း​ဆီး​၍​လက်​ရ​ပစ္စည်း​အ​မြောက်​အ​မြား နှင့်​တ​ကွ​ရှ​မာ​ရိ​မြို့​သို့​သိမ်း​သွား​ကြ​၏။

သူ​တို့​ဆောင်​ရွက်​သည့်​အ​လုပ်​သည်​အောင်​မြင် ၍​သူ​တို့​၏​သား​သ​မီး​များ​သည်​ဘေး​အန္တ ရာယ်​ရောက်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ ငါ​သည် သူ​တို့​နှင့်​သူ​တို့​သား​မြေး​များ​အား​လာ လတ္တံ့​ကာ​လ​အ​စဉ်​အ​ဆက်​ကောင်း​ချီး​ပေး မည်။-

``သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​မျှ​တ​တော်​မူ​ပါ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ကိုယ်​တော်​၏ အ​မိန့်​တော်​ကို​လွန်​ဆန်​ခဲ့​သော​ကြောင့်​တည်း။ အ​ရပ်​တ​ကာ​ရှိ​လူ​တို့​ငါ​ပြော​ဆို​သည်​ကို နား​ထောင်​ကြ​လော့။ ငါ​၏​ဝေ​ဒ​နာ​ကို​ကြည့်​ရှု​ကြ​လော့။ ငါ​၏​သား​ပျို​သ​မီး​ပျို​တို့​သည်​သုံ့​ပန်း အ​ဖြစ် ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။''

သူ​၏​ရန်​သူ​များ​သည်​သူ့​ကို​အ​နိုင်​ရ​ကာ​မိ​မိ​တို့ အာ​ဏာ​စက်​အောက်​တွင်​ထား​ရှိ​ကြ​၏။ သူ​သည်​မြောက်​များ​စွာ​သော​အ​ပြစ်​တို့​ကို ကူး​ခဲ့​သည်​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​ဆင်း​ရဲ​ဒုက္ခ ရောက်​စေ​တော်​မူ​၏။ သူ​၏​သား​သ​မီး​များ​သည်​သုံ့​ပန်း​များ ဖြစ်​ရ​ကြ​လေ​ပြီ။

မင်း​ကြီး​သည်​ဣ​သ​ရေ​လ​သုံ့​ပန်း​များ​တွင် မင်း​မျိုး​မင်း​နွယ်​နှင့်​ဂုဏ်​အ​သ​ရေ​ရှိ​အိမ်​ထောင်​စု​များ​မှ၊ ရုပ်​ရည်​သန့်​ပြန့်​သူ၊ အ​သိ​ပ​ညာ​အ​တတ်​ပ​ညာ​ရှိ​မှု၊ ပ​ညာ​ဉာဏ်​ထက်​မျက်​မှု၊ ကိုယ်​အင်္ဂါ​ချို့​ယွင်း​ခြင်း​နှင့်​ကင်း​မှု အ​စ​ရှိ​သည့်​အ​ရည်​အ​ချင်း​များ​နှင့်​ပြည့်​စုံ​၍ နန်း​တွင်း​အ​မှု​ထမ်း​နိုင်​မည့်​လူ​ငယ်​လူ​ရွယ်​အ​ချို့​တို့​ကို​ရွေး​ချယ်​ရန် မိန်း​မ​စိုး​အုပ်​အာ​ရှ​ပေ​နတ်​အား​အ​မိန့်​ပေး​တော်​မူ​၏။ သူ​တို့​အား​ဗာ​ဗု​လုန်​ဘာ​သာ​ကို​ဖတ်​တတ်​ရေး​တတ်​အောင်​သင်​ကြား​ပေး​ရန်​နှင့်၊-

ယု​ဒ​ပြည်​သား​တို့၊ သင်​တို့​ချစ်​သော​သား သ​မီး​များ​အ​တွက်​ဝမ်း​နည်း​ပူ​ဆွေး​ကြောင်း ပြ​သည့်​အ​နေ​ဖြင့် သင်​တို့​၏​ဆံ​ပင်​ကို​ရိတ် ကြ​လော့။ သင်​တို့​၏​သား​သ​မီး​များ​ကို တိုင်း​တစ်​ပါး​သို့​သိမ်း​ယူ​သွား​ကြ​မည် ဖြစ်​သော​ကြောင့် သင်​တို့​၏​ဦး​ခေါင်း​ကို လင်း​တ​ငှက်​ခေါင်း​ကဲ့​သို့​ပြောင်​အောင် ရိတ်​ကြ​လော့။

သင်​၏​မျက်​မှောက်​တွင်​သင်​၏​သား​သမီး များ​ကို လူ​မျိုး​ခြား​သား​တို့​က​ကျွန် အ​ဖြစ်​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ကြ​လိမ့် မည်။ နေ့​စဉ်​သင်​သည်​သား​သ​မီး​များ ပြန်​ရောက်​လာ​နိုး​နိုး​ဖြင့်​မျှော်​သော်​လည်း မျက်စိ​ညောင်း​ရုံ​သာ​ရှိ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ