Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 28:35

Common Language Bible

သင်​တို့​၏​ခြေ​ထောက်​များ​တွင်​နာ​ကျင်​၍ မ​ပျောက်​နိုင်​သော​အနာ​များ​ပေါက်​လိမ့်​မည်။ သင်​၏​တစ်​ကိုယ်​လုံး​တွင်​အ​နာ​စိမ်း​များ ပေါက်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​ပြည်​တွင်​ရုပ်​ရည်​ချော​မော​မှု ကြောင့်​အ​ဗ​ရှ​လုံ​ကဲ့​သို့ ထင်​ပေါ်​ကျော်​ကြား သူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။ သူ​သည်​ဦး ခေါင်း​မှ​ခြေ​ဖျား​တိုင်​ခြောက်​ပြစ်​ကင်း​သူ ဖြစ်​၏။-

ခြေ​ဖ​ဝါး​မှ​ဦး​ခေါင်း​တိုင်​အောင် သင်​တို့​ကိုယ်​တစ်​ခု​လုံး​သည်​အ​နာ​နှင့်​ကင်း​သည်​ဟူ​၍​မ​ရှိ။ ပွန်း​ပဲ့​ကွဲ​ရှ​နာ​များ၊ ဒဏ်​ရာ​သစ်​ဒဏ်​ရာ​ဟောင်း​များ​နှင့်​ပြည့်​လျက်​နေ​ပေ​သည်။ ထို​ဒဏ်​ရာ​များ​ကို​ဆေး​ကြော​ကာ၊ အ​ဝတ်​ဖြင့်​မ​ပတ်​မ​စည်း​ရ​ကြ​သေး။ ဆေး​လည်း​မ​ထည့်​ရ​ကြ​သေး။

သို့​ရာ​တွင်​ငါ​သည်​သူ​တို့​အား ဦး​ပြည်း ခေါင်း​တုံး​ရိတ်​၍​အ​ပြစ်​ပေး​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။

သူ​တို့​သည်​ရေ​မွှေး​နံ့​မ​ရ​ဘဲ​ပုပ်​စပ်​နံ​စော် ၍​နေ​လိမ့်​မည်။ လှ​ပ​သည့်​ခါး​ပတ်​များ​အ​စား ကြိုး​ကြမ်း​များ​ကို​အ​သုံး​ပြု​ရ​ကြ​လိမ့်​မည်။ ရှု​ချင်​စ​ဖွယ်​ကောင်း​သော​ဆံ​ထုံး​များ​အ​စား ဦး​ပြည်း​ခေါင်း​တုံး​ထား​ရ​ကြ​လိမ့်​မည်။ တင့် တယ်​လှ​ပ​သော​ဝတ်​စား​တန်​ဆာ​များ​အ​စား အ​ဝတ်​စုတ်​များ​ကို​ဝတ်​ဆင်​ရ​ကြ​လိမ့်​မည်။ သူ​တို့​၏​နှစ်​လို​ဖွယ်​ရာ​အ​ဆင်း​သည်​လည်း ရှက်​ဖွယ်​ရာ​အ​ဖြစ်​သို့​ပြောင်း​လဲ​၍​သွား လိမ့်​မည်။

အီ​ဂျစ်​အ​မျိုး​သား​တို့​ကဲ့​သို့ သင်​တို့​၌​အ​နာ စိမ်း​ရော​ဂါ​စွဲ​စေ​တော်​မူ​မည်။ သင်​တို့​၏​ကိုယ် ပေါ်​တွင်​အ​နာ​ပေါက်​စေ​တော်​မူ​မည်။ သင်​တို့ တွင်​ဆေး​ကု​၍​မ​ရ​သော​ဝဲ​ခြောက်​နာ၊ ယား နာ​များ​စွဲ​ကပ်​လိမ့်​မည်။-

သင်​တို့​ခံ​ရ​သော​ဆင်း​ရဲ​ဒုက္ခ​ကြောင့်​သင် တို့​ရူး​သွပ်​ကြ​လိမ့်​မည်။-

ပ​ထ​မ​ကောင်း​ကင်​တ​မန်​သည်​သွား​၍ မိ​မိ ဖ​လား​မှ​အ​မျက်​တော်​ကို​ကမ္ဘာ​မြေ​ပေါ်​သို့ သွန်း​လောင်း​လိုက်​၏။ ထို​အ​ခါ​သား​ရဲ​၏​အ​မှတ် တံ​ဆိပ်​ခတ်​နှိပ်​ခြင်း​ခံ​ရ​သူ​များ​နှင့် သူ​၏ ရုပ်​ကို​ရှိ​ခိုး​သော​သူ​တို့​တွင်​အ​လွန်​ဆိုး​ရွား သော​အ​နာ​စိမ်း​များ​ပေါက်​လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ