သင်တို့တွင်စိတ်ဖောက်ပြန်ခြင်း၊ မျက်စိကွယ် ခြင်း၊ တွေဝေခြင်းစသည့်အဖြစ်ဆိုးများ နှင့်တွေ့ကြုံရလိမ့်မည်။-
ထိုနောက်အပြင်ဘက်၌ရှိသောသူအားလုံးတို့ကိုမျက်စိကွယ်စေရန်ဒဏ်ခတ်သဖြင့် သူတို့သည်တံခါးပေါက်ကိုရှာ၍မတွေ့နိုင်ကြ။
ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား အတိဒုက္ခရောက်စေတော်မူပါပြီ။ ကျွန်တော်မျိုးတို့အားသေသောက်ကူး သူများသဖွယ်ယိမ်းယိုင်စေတော်မူပါပြီ။
ငါပြုမည့်အမှုအရာသစ်ကိုစောင့်မျှော် ကြည့်ရှုကြလော့။ ထိုအမှုအရာသည်ဖြစ်ပျက်ဆဲပင်ရှိသဖြင့် ယင်းကို ယခုသင်တို့တွေ့မြင်နိုင်ကြပါသည်တကား။ ငါသည်တောကန္တာရကိုဖြတ်၍လမ်းပေါက်စေ ပြီးလျှင်၊ သင်တို့အားစမ်းရေကိုပေးတော်မူမည်။
ထာဝရဘုရားက``ထိုနေ့၌ရှင်ဘုရင်များ၊ မှူးမတ်များသည်စိတ်ပျက်အားလျော့ကြ လိမ့်မည်။ ယဇ်ပုရောဟိတ်များသည်တအံ့ တသြဖြစ်၍ ပရောဖက်တို့သည်အံ့အား သင့်လျက်ရှိကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။
မြို့၏ခေါင်းဆောင်တို့သည်အဘယ်သူမျှ မတို့မထိချင်အောင်သွေးများပေကျံလျက် လမ်းများတွင်မျက်မမြင်များကဲ့သို့ လှည့်လည်သွားလာနေကြ၏။
သူတို့သည်အစာရေစာပြတ်လျက်နေ သဖြင့်အချင်းချင်းတွေ့မြင်သောအခါ စိတ်ပျက်အားလျော့ကာမိမိတို့၏အပြစ် များကြောင့်ပိန်ကြုံသွားကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
အီဂျစ်အမျိုးသားတို့ကဲ့သို့ သင်တို့၌အနာ စိမ်းရောဂါစွဲစေတော်မူမည်။ သင်တို့၏ကိုယ် ပေါ်တွင်အနာပေါက်စေတော်မူမည်။ သင်တို့ တွင်ဆေးကု၍မရသောဝဲခြောက်နာ၊ ယား နာများစွဲကပ်လိမ့်မည်။-
နေ့ခင်းကြောင်တောင်၌ပင်လျှင်စမ်းတဝါး ဝါးသွားရသောမျက်မမြင်ကဲ့သို့ သင်တို့ သည်လမ်းကိုရှာမတွေ့ဖြစ်လိမ့်မည်။ လုပ် ဆောင်သမျှတို့၌အောင်မြင်လိမ့်မည်မဟုတ်။ သင်တို့သည်သူတစ်ပါး၏နှိပ်စက်ခြင်း၊ လု ယူခြင်းကိုအမြဲခံရလျက်မည်သူကမျှ သင်တို့အားကယ်မည်မဟုတ်။
``ငါသည်ယခုသင်တို့အားမင်္ဂလာနှင့်အမင်္ဂ လာကိုရွေးချယ်စေပြီ။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို အပြည်ပြည်သို့နှင်ထုတ်၍ထိုပြည်များ တွင်နေထိုင်ကြသောအခါ သင်တို့သည် ငါယခုမှာကြားသမျှတို့ကိုသတိရ ပြီးလျှင်၊-
ထို့နောက်ယောရှုသည်ပညတ်တရားကျမ်း စာအုပ်တွင်ရေးသားဖော်ပြသည့်ကောင်းချီး မင်္ဂလာနှင့် ကျိန်စာများအပါအဝင်တရား အလုံးစုံတို့ကိုအသံကျယ်စွာဖြင့်ဖတ် ရှုလေ၏။-
ထာဝရဘုရား၏ဝိညာဉ်တော်သည်ရှောလုထံ မှထွက်ခွာသွားတော်မူ၏။ ထိုအခါသူသည် ကိုယ်တော်စေလွှတ်လိုက်သည့် နတ်မိစ္ဆာ၏နှောင့် ယှက်ညှင်းဆဲခြင်းကိုခံရလေတော့သည်။-