တရားဟော 28:26Common Language Bibleသင်တို့သေဆုံးသောအခါငှက်များနှင့် သားရဲတိရစ္ဆာန်တို့က သင်တို့၏အသား ကိုစားကြလိမ့်မည်။ ထိုငှက်နှင့်သားရဲ တိရစ္ဆာန်များကိုမောင်းနှင်မည့်သူရှိလိမ့် မည်မဟုတ်။- အခန်းကိုကြည့်ပါ။ |
သူတို့အပေါ်သို့ ကြောက်မက်ဖွယ်ရာဘေးအန္တရာယ် လေးပါးသက်ရောက်စေရန် ငါထာဝရဘုရား ဆုံးဖြတ်ထားတော်မူလေပြီ။ သူတို့သည်စစ်ပွဲ တွင်အသတ်ခံရကြလိမ့်မည်။ သူတို့၏အလောင်း များကိုခွေးတို့ဆွဲယူသွားကြလိမ့်မည်။ ထို အသေကောင်တို့ကိုငှက်များထိုးကြလိမ့်မည်။ ကြွင်းကျန်သည့်အသားကိုတောသားရဲတို့ ကိုက်စားကြလိမ့်မည်။-
ထိုသူတို့သည်ကြောက်မက်ဖွယ်ကောင်းသည့် အနာရောဂါဘေးသင့်၍သေရကြလိမ့်မည်။ အဘယ်သူမျှသူတို့အတွက်ငိုကြွေးမြည် တမ်းကြလိမ့်မည်မဟုတ်။ သူတို့၏အလောင်း များကိုလည်းသင်္ဂြိုဟ်ကြလိမ့်မည်မဟုတ်။ ထို အလောင်းတို့သည်မြေပေါ်တွင်နောက်ချေးပုံ များကဲ့သို့ရှိနေကြလိမ့်မည်။ ထိုသူတို့သည် စစ်ပွဲတွင်ကျဆုံးရကြလိမ့်မည်။ သို့မဟုတ် လျှင်လည်းအစာငတ်မွတ်ခေါင်းပါးခြင်းဘေး သင့်၍သေရကြလျက် သူတို့၏အလောင်း များသည်ငှက်များနှင့်တောသားရဲများ ၏အစာဖြစ်လိမ့်မည်။''