Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 28:21

Common Language Bible

သင်​တို့​တွင်​ကပ်​ရောဂါ​တစ်​မျိုး​နောက်​တစ်​မျိုး ကျ​ရောက်​သ​ဖြင့် သင်​တို့​ဝင်​ရောက်​သိမ်း​ယူ မည့်​ပြည်​၌​တစ်​ယောက်​မ​ကျန်​သေ​ကြေ ပျက်​စီး​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​နံ​နက်​ချိန် မှ​စ​၍​ပြ​ဋ္ဌာန်း​တော်​မူ​သည့်​အ​ချိန်​အ​ထိ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​သို့ ကပ်​ရော​ဂါ​ဆိုက်​ရောက်​စေ​တော်​မူ​၏။ တိုင်း ပြည်​တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​အောင်​ဣ​သ ရေ​လ​အ​မျိုး​သား​ပေါင်း​ခု​နစ်​သောင်း မျှ​သေ​ဆုံး​ကြ​၏။-

``ပြည်​တော်​တွင် အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​သော အ​ခါ​၌​သော်​လည်း​ကောင်း၊ အ​နာ​ရော​ဂါ​ဘေး ဆိုက်​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊ ကောက်​ပဲ သီး​နှံ​တို့​သည်​လေ​ပူ​မိ​ခြင်း၊ ပိုး​ထိ​ခြင်း​သို့ မ​ဟုတ်​ကျိုင်း​ကောင်​အုပ်​ကျ​ခြင်း​တို့​ကြောင့် ပျက်​စီး​၍​သွား​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ရန်​သူ​တို့​တိုက် ခိုက်​ကြ​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊ သူ​တို့ တွင်​ဘေး​ဥ​ပဒ်၊ အ​နာ​ရော​ဂါ​တစ်​စုံ​တစ်​ခု ရောက်​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊-

သူ​တို့​က``ဟေ​ဗြဲ​အ​မျိုး​သား​တို့​၏​ဘု​ရား ကို အ​ကျွန်ုပ်​တို့​ဖူး​တွေ့​ခဲ့​ရ​ပြီ။ အ​ကျွန်ုပ်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ယဇ် ပူ​ဇော်​နိုင်​ရန် တော​ကန္တာ​ရ​သို့​သုံး​ရက်​ခ​ရီး သွား​ခွင့်​ပေး​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ထို​ဝတ်​ကို​မ​ပြု​ရ​လျှင်​ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​တို့​အား​ရော​ဂါ​ဘေး​သို့​မ​ဟုတ် ဋ္ဌား​ဘေး​သင့်​စေ​ပါ​မည်'' ဟု​လျှောက်​ကြ​၏။

သူ​တို့​က​မိ​မိ​တို့​သည်​အ​ဘယ်​အ​ရပ်​သို့ သွား​ရ​ပါ​မည်​နည်း​ဟု သင့်​အား​မေး​သော အ​ခါ​ဤ​သို့​ပြော​ကြား​လော့။ ``သင်​တို့​အ​ချို့​သည်​အ​နာ​ရော​ဂါ​ဘေး သင့်​ပြီး သေ​ရ​ကြ​မည်​ဖြစ်​၍ အ​နာ​ရော​ဂါ​ဖြစ်​ပွား​ရာ​သို့​လည်း​ကောင်း၊ အ​ချို့​တို့​မှာ​စစ်​ပွဲ​တွင်​ကျ​ဆုံး​ရ​ကြ​မည်​ဖြစ်​၍ စစ်​မက်​ဖြစ်​ပွား​ရာ​သို့၊အ​ချို့​တို့​ကား​ငတ်​မွတ် ခေါင်း​ပါး​ခြင်း​ဘေး​သင့်​၍ သေ​ရ​ကြ​မည်​ဖြစ်​၍​ငတ်​မွတ်​ခေါင်း​ပါး​ရာ​သို့၊ အ​ချို့​သူ​တို့​မှာ​မူ​သုံ့​ပန်း​အ​ဖြစ်​ဖမ်း​ဆီး ခေါ်​ဆောင်​ခြင်း​ခံ​ရ​ကြ​မည်​ဖြစ်​၍၊ အ​ဖမ်း​ခံ​ရ​ကြ​မည့်​အ​ရပ်​သို့​သွား​ရ​မည်​ဟု'' ငါ​အား​မိန့်​တော်​မူ​၏။''

ထို​သူ​တို့​သည်​ကြောက်​မက်​ဖွယ်​ကောင်း​သည့် အ​နာ​ရော​ဂါ​ဘေး​သင့်​၍​သေ​ရ​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ​သူ​တို့​အ​တွက်​ငို​ကြွေး​မြည် တမ်း​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​၏​အ​လောင်း များ​ကို​လည်း​သင်္ဂြိုဟ်​ကြ​လိမ့်​မည်​မ​ဟုတ်။ ထို အ​လောင်း​တို့​သည်​မြေ​ပေါ်​တွင်​နောက်​ချေး​ပုံ များ​ကဲ့​သို့​ရှိ​နေ​ကြ​လိမ့်​မည်။ ထို​သူ​တို့​သည် စစ်​ပွဲ​တွင်​ကျ​ဆုံး​ရ​ကြ​လိမ့်​မည်။ သို့​မ​ဟုတ် လျှင်​လည်း​အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး သင့်​၍​သေ​ရ​ကြ​လျက် သူ​တို့​၏​အ​လောင်း များ​သည်​ငှက်​များ​နှင့်​တော​သား​ရဲ​များ ၏​အ​စာ​ဖြစ်​လိမ့်​မည်။''

သူ​တို့​နှင့်​သူ​တို့​ဘိုး​ဘေး​များ​အား​ငါ ပေး​အပ်​ခဲ့​သည့်​ပြည်​တွင် သူ​တို့​တစ်​စုံ​တစ် ယောက်​မျှ​မ​ကြွင်း​မ​ကျန်​တော့​သည့်​တိုင် အောင် ငါ​သည်​သူ​တို့​အ​ပေါ်​သို့​စစ်​မက်​ဘေး အန္တ​ရာယ်​ကို​လည်း​ကောင်း၊ အ​စာ​ငတ်​မွတ် ခေါင်း​ပါး​ခြင်း​ဘေး​နှင့်​အ​နာ​ရော​ဂါ​ဘေး ကို​လည်း​ကောင်း​သက်​ရောက်​စေ​မည်'' ဟု​မိန့် တော်​မူ​၏။

သင်​တို့​သည်​ငါ​၏​ပ​ဋိ​ညာဉ်​ကို​ဖောက်​ဖျက် သည့်​အ​တွက် သင်​တို့​အား​စစ်​ဘေး​စစ်​ဒဏ်​သင့် စေ​မည်။ ထို​အ​ခါ​သင်​တို့​သည်​မြို့​များ​သို့​ပြေး ၍​ခို​လှုံ​ကြ​လျှင် ငါ​သည်​သင်​တို့​တွင်​ကု​သ​၍ မ​ရ​နိုင်​သော​ရော​ဂါ​ကပ်​ဆိုက်​ရောက်​စေ​သ​ဖြင့် သင်​တို့​သည်​ရန်​သူ​တို့​လက်​တွင်း​သို့​ကျ​ရောက် လိမ့်​မည်။-

``အီ​ဂျစ်​ပြည်​၌​ဖြစ်​စေ​သော​ကပ်​ဆိုး​ကို​သင် တို့​၌​လည်း​ဖြစ်​စေ​ခဲ့​ပြီ။ သင်​တို့​လူ​ငယ်​များ ကို​စစ်​တ​လင်း​၌​ငါ​သတ်​ခဲ့​ပြီ။ သင်​တို့​မြင်း များ​ကို​လည်း​သိမ်း​သွား​ခဲ့​ပြီ။ သင်​တို့​တပ် စ​ခန်း​များ​ကို​သင်​တို့​ဘက်​သား အ​လောင်း ကောင်​များ​၏​အ​ပုပ်​နံ့​ဖြင့်​နံ​စော်​စေ​ခဲ့​ပြီ။ သို့​သော်​လည်း​သင်​တို့​သည်​ငါ့​ထံ​သို့​ပြန် မ​လာ​သေး​ဘဲ​နေ​ကြ​လေ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​ခိုက်​သူ​လူ​မျိုး​အ​ပေါင်း​တို့​အ​ပေါ် သို့ ကြောက်​မက်​ဖွယ်​ကောင်း​သည့်​အ​နာ​ရော​ဂါ ဘေး​သက်​ရောက်​စေ​တော်​မူ​လိမ့်​မည်။ သူ​တို့ သည်​အ​သက်​ရှင်​လျက်​ရှိ​စဉ်​အ​ခါ​၌​ပင် အ​သား​အ​ရေ​များ​ပုပ်​ပျက်​၍​သွား​လိမ့် မည်။ သူ​တို့​၏​မျက်​စိ​များ​နှင့်​လျှာ​များ သည်​လည်း​ပုပ်​ပျက်​၍​သွား​လိမ့်​မည်။

ငါ​သည်​သူ​တို့​ကို​ကပ်​ရော​ဂါ​ဖြင့်​ဖျက်​ဆီး ပစ်​မည်။ သို့​ရာ​တွင်​ငါ​သည်​သင့်​အား​သူ​တို့ ထက်​သာ​၍​များ​ပြား​၍ တန်​ခိုး​ကြီး​သော​လူ မျိုး​၏​ဖ​ခင်​ဖြစ်​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။

သို့​ရာ​တွင်​ထို​ကပ်​ရော​ဂါ​ကြောင့်​လူ​ပေါင်း နှစ်​သောင်း​လေး​ထောင်​သေ​ဆုံး​ပြီး​ဖြစ်​သည်။

အ​မျိုး​သ​မီး​တစ်​ယောက်​သည်​အ​လွန်​အ​ဖိုး ထိုက်​သည့်​ဆီ​မွှေး​ကျောက်​ဖြူ​ဗူး​ကို​ယူ​ဆောင်​၍ အ​ထံ​တော်​သို့​လာ​ပြီး​လျှင်​ထို​ဆီ​မွှေး​ကို ကိုယ်​တော်​၏​ခေါင်း​တော်​ထက်​တွင်​သွန်း​လောင်း လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ