ထို့ကြောင့်သင်တို့သည်ဤပညတ်များကို တစ်သဝေမတိမ်းလိုက်နာစောင့်ထိန်းရမည်။ အခြားသောဘုရားများကိုလည်းမကိုး ကွယ်မဆည်းကပ်ရ။
ယောရှိသည်ထာဝရဘုရားနှစ်သက်တော်မူ သောအမှုတို့ကိုပြု၏။ သူသည်မိမိ၏ဘိုး တော်ဒါဝိဒ်မင်း၏စံနမူနာကိုယူ၍ ဘုရားသခင်၏တရားတော်ရှိသမျှကိုတိကျစွာ လိုက်နာကျင့်သုံး၏။
အကျွန်ုပ်တို့သည်ကိုယ်တော်အားဆိုးသွမ်း စွာပြစ်မှားကြပါပြီ။ ကိုယ်တော်၏အမိန့် တော်များကိုမလိုက်နာကြပါ။ ကိုယ်တော် ၏အစေခံမောရှေမှတစ်ဆင့်ပေးအပ်တော် မူသည့်ပညတ်တော်တို့ကိုမစောင့်ထိန်း ကြပါ။-
လက်ဝဲဘက်သို့သော်လည်းကောင်း၊ လက်ယာ ဘက်သို့သော်လည်းကောင်း သင်တို့လမ်းမှား ၍လိုက်မိကြသောအခါ``လမ်းမှန်ကားဤ မှာတည်း။ ဤလမ်းအတိုင်းလိုက်ကြလော့'' ဟုသင်တို့နောက်မှနေ၍ကိုယ်တော်မိန့်တော် မူသံကိုကြားရကြလိမ့်မည်။-
သင်တို့သည်ထာဝရဘုရားကိုစွန့်ပယ်၍ အခြားသောဘုရားများကိုဝတ်မပြုမ ကိုးကွယ်မိစေရန်သတိပြုလော့။-
``ဣသရေလအမျိုးသားတို့၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း လိုက်နာရမည်။ မည်သည့်ပညတ်တော်ကိုမျှမချိုး ဖောက်နှင့်။-
အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ ငါ၏ အစေခံမောရှေပေးသောပညတ်အားလုံး ကိုတစ်သဝေမတိမ်းစောင့်ထိန်းလော့။ ပညတ် ရှိသမျှကိုတစ်ခုမကျန်စောင့်ထိန်းလျှင် သင်သည်ကြံတိုင်းအောင်လိမ့်မည်။-
သို့ဖြစ်၍သင်တို့သည်မောရှေ၏ပညတ်ကျမ်း တွင်ပါရှိသမျှသောပညတ်များကိုတစ် သဝေမတိမ်းလိုက်နာစောင့်ထိန်းရန်သတိ ပြုကြလော့။-