Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 27:25

Common Language Bible

`` `အပြစ်​မဲ့​သူ​အား​သတ်​သူ​သည် ဘု​ရား​သ​ခင် ၏​ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို​သော အခါ၊ ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​အ​တိုး​မ​ယူ​ဘဲ​မိ​မိ​၏​ငွေ​ကို ချေး​ငှား​တတ်​၏။ သူ​သည်​တံ​စိုး​လက်​ဆောင်​ယူ​၍​အ​ပြစ်​မဲ့ သူ​တို့ ထိ​ခိုက်​နစ်​နာ​စေ​ရန်​သက်​သေ​မ​ခံ​တတ်။ ဤ​သို့​သော​သူ​သည်​အ​စဉ်​အ​မြဲ​ဘေး ကင်း​လုံ​ခြုံ​စွာ နေ​ရ​လိမ့်​မည်။

သူ​တစ်​ပါး​အ​သ​ရေ​ပျက်​စေ​သော​စ​ကား ကို​လှည့်​လည်​၍​မ​ပြော​ရ။ သေ​ဒဏ်​ခံ​ထိုက်​သော ပြစ်​မှု​ကို​ကူး​လွန်​သူ​အား​တ​ရား​စီ​ရင်​နေ စဉ် သူ့​ဘက်​က​သက်​သေ​ပြ​နိုင်​လျှင်​ဖော်​ထုတ် ပြော​ဆို​လော့။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​၏။

``ယေ​ရှု​ကို​သင်​တို့​လက်​သို့​အ​ကျွန်ုပ်​ပေး​အပ်​ပါ လျှင်​အ​ကျွန်ုပ်​အား​ငွေ​မည်​မျှ​ပေး​မည်​နည်း'' ဟု မေး​၏။ ထို​သူ​တို့​သည်​လည်း​သူ့​အား​ငွေ​ဒင်္ဂါး သုံး​ဆယ်​ပေး​ကြ​၏။-

(သူ​သည်​မိ​မိ​ဆိုး​ညစ်​ယုတ်​မာ​မှု​ကြောင့်​ရ​ရှိ သည့်​ငွေ​ဖြင့်​လယ်​တစ်​ကွက်​ကို​ဝယ်​ပြီး​နောက် ထို​လယ်​မြေ​ပေါ်​တွင်​လဲ​ကျ​သေ​ဆုံး​လေ​သည်။ သူ​၏​ဝမ်း​ဗိုက်​သည်​ပေါက်​၍​အူ​များ​ထွက်​လာ​၏။-

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​အ​ပေါင်း​တို့​နှင့်​အ​ရှင်​သ​ခင်​အ​ပေါင်း တို့​၏​အ​ထွတ်​အ​ထိပ်​ဖြစ်​တော်​မူ​၏။ ထာ​ဝ​ရ ဘု​ရား​သည်​ကြီး​မြတ်​၍​တန်​ခိုး​တော်​နှင့်​ပြည့် စုံ​သော​ဘု​ရား၊ ကြောက်​ရွံ့​ရို​သေ​ဖွယ်​သော ဘု​ရား​ဖြစ်​တော်​မူ​၏။ လူ​ကဲ့​သို့​မျက်​နှာ လိုက်​ခြင်း​တံစိုး​လက်​ဆောင်​စား​ခြင်း​ရှိ​တော် မ​မူ။-

တ​ရား​စီ​ရင်​ရာ​တွင်​မ​တ​ရား​သ​ဖြင့်​စီ​ရင် ခြင်း၊ မျက်​နှာ​လိုက်​ခြင်း​မ​ပြု​လုပ်​ရ။ တံ​စိုး လက်​ဆောင်​ကို​လည်း​လက်​မ​ခံ​ရ။ တံ​စိုး​လက် ဆောင်​သည်​ပ​ညာ​ရှိ​နှင့်​ဖြောင့်​မတ်​သူ​တို့​၏ မျက်​စိ​ကို​ဖုံး​ကွယ်​စေ​၍ မှား​ယွင်း​စွာ​အ​ဆုံး အ​ဖြတ်​ချ​မှတ်​စေ​တတ်​၏။-

ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ​ဂိ​ဒေါင်​၏​သား ခု​နစ်​ဆယ်​ကို​သတ်​ပစ်​ရန် အား​ပေး​သူ​ရှေ​ခင် မြို့​သား​များ​နှင့်​အ​ဘိ​မ​လက်​အား မိ​မိ​တို့ ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​၏​အ​ခ​ကို​ပေး​ဆပ် ကြ​စေ​ရန်​ပင်​ဖြစ်​သတည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ