`` `ဣသရေလအမျိုးသားချင်း၏မြေမှတ် တိုင်ကိုရွှေ့သောသူသည်၊ ဘုရားသခင်၏ကျိန် ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသော အခါ ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြ မည်။
အချို့သောသူတို့သည် မြေမှတ်တိုင်တို့ကို ရွှေ့တတ်ကြ၏။ သူတပါး၏ သိုးဆိတ်တို့ကို လုယူ၍ ကိုယ်အဘို့ ထိန်းကျောင်းကြ၏။
ဘိုးဘေးစိုက်ဘူးသော မြေမှတ်တိုင်တို့ကို မရွှေ့ နှင့်။
ထာဝရဘုရားက``ယုဒအမျိုးသား ခေါင်းဆောင်တို့သည်ဣသရေလနိုင်ငံ ကိုဝင်ရောက်တိုက်ခိုက်၍သူတို့၏မြေယာ ကိုခိုးယူကြသဖြင့် ငါသည်အမျက်ထွက် ၍ရေလွှမ်းမိုးဖျက်ဆီးသကဲ့သို့သူတို့ အားဒဏ်စီရင်မည်။-
``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်တွင် ရှေးအခါ ကစိုက်ထားသည့်သင်၏အိမ်နီးချင်းပိုင် မြေမှတ်တိုင်ကိုမရွှေ့ရ။''