Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 26:13

Common Language Bible

`အ​ကျွန်ုပ်​သည်​ပေး​ကမ်း​ရန်​သီး​သန့်​ထား သော​ဆယ်​ဖို့​တစ်​ဖို့​ကို အိမ်​တွင်​ခြွင်း​ချန်​မ ထား​ပါ။ ကိုယ်​တော်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း လေ​ဝိ​အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​များ၊ မိဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ​များ​အား ပေး​ကမ်း​ပါ​ပြီ။ ဆယ်​ဖို့​တစ်​ဖို့​နှင့်​ဆိုင်​၍ ကိုယ်​တော်​ပ​ညတ်​သ​မျှ​တို့​ကို​မ​ချိုး​ဖောက်၊ မ​မေ့​လျော့​ပါ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ကွန်​တော်​မျိုး​၏​ရန်​သူ​မား​သည်​နှုတ်​က​ပတ် တော်​ကို ပ​မာ​ဏ​မ​ပြု​ကြ​သ​ဖြင့် ကွန်​တော်​မျိုး​၏​အ​မက်​ဒေါ​သ​သည်​မီး​လှံ​သ​ဖွယ် တောက်​လောင်​လက်​ရှိ​ပါ​၏။

ကွန်​တော်​မျိုး​သည်​သိမ်​ငယ်​၍​မ​ထီ​လေး​စား ပြု​ခြင်း​ကို​ခံ​ရ​သူ​ဖြစ်​ပါ​၏။ သို့​သော်​လည်း​ဥ​ပ​ဒေ​သ​တော်​တို့​ကို မ​မေ့​မ​လော့​ပါ။

ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို မ​မေ့​မ​လော့​ပါ။ သို့​ဖြစ်​၍​ကွန်​တော်​မျိုး​၏​ဒုက္ခ​ကို​ရှု​မှတ်​လက် ကယ်​တော်​မူ​ပါ။

ကွန်​တော်​မျိုး​သည်​ပောက်​သွား​သော​သိုး​ကဲ့​သို့ လမ်း​မှား​လက်​ရှိ​ပါ​၏။ သို့​ဖြစ်​၍​ကြွ​တော်​မူ​လက်​ကိုယ်​တော်​ရှင်​၏ အ​စေ​ခံ​ကွန်​တော်​မျိုး​အား ရှာ​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကို​မ​မေ့​မ​လော့​ပါ။

ကိုယ်​တော်​ရှင်​သည်​ဥ​ပ​ဒေ​သ​တော်​မား​အား​ဖြင့် ကွန်​တော်​မျိုး​အား​အ​သက်​ရှင်​စေ​တော်​မူ​သည် ဖြစ်​၍ ကွန်​တော်​မျိုး​သည်​ယင်း​တို့​ကို​အ​ဘယ်​အ​ခါ ၌​မှ လစ်​လူ​ရှု​လိမ့်​မည်​မ​ဟုတ်​ပါ။

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​မှာ​အ​ပြစ်​မ​ရှိ​ကြောင်း​ပြ​သ​ရန် ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​လက်​ကို​ဆေး​ကြော​ပြီး နောက် ကိုယ်​တော်​ရှင်​၏​ယဇ်​ပလ္လင်​ကို​လှည့်​ပတ်​၍ ဝတ်​ပြု​ကိုး​ကွယ်​ပါ​၏။

ငါ့သား၊ ငါပေးသောတရားကို မမေ့နှင့်။ ငါ့ပညတ်တို့ကို သင်၏နှလုံးစောင့်ရှောက်ပါစေ။

သို့​ဖြစ်​၍​အ​ကျွန်ုပ်​သည်​ဘု​ရား​သ​ခင်​ရှေ့​လူ တို့​ရှေ့​တွင် မိ​မိ​၏​သြတ္တပ္ပ​စိတ်​ကြည်​လင်​မှု​ရှိ စေ​ရန်​အ​စဉ်​အ​မြဲ​အ​စွမ်း​ကုန်​ကြိုး​စား အား​ထုတ်​ပါ​၏။

ငါ​တို့​သြတ္တ​ပ္ပ​စိတ်​ထောက်​ခံ​၍​ဂုဏ်​ယူ​ဝါ ကြွား​စ​ရာ​တစ်​ခု​ကား ဤ​လော​က​၌​အ​သက် ရှင်​စဉ်​ကာ​လ​အ​ထူး​သ​ဖြင့် သင်​တို့​နှင့် ဆက်​ဆံ​ရာ​တွင်​လူ​၏​အ​သိ​ဉာဏ်​ကို​အ​မှီ မ​ပြု​ဘဲ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် တန်​ခိုး​ကို​သာ​လျှင်​အ​မှီ​ပြု​၍ ငါ​တို့​သည် ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော စိတ်​ရိုး​သ​ဘော​ရိုး​ဖြင့် ပွင့်​လင်း​စွာ​ပြု​မူ ကျင့်​ကြံ​ခြင်း​ပင်​ဖြစ်​၏။-

ငါ​သည်​လိမ်​လည်​၍​မ​ပြော​ကြောင်း​ကို သ​ခင် ယေ​ရှု​၏​ခ​မည်း​တော်​ဘု​ရား​သ​ခင်​သိ​တော် မူ​၏။ ထို​အ​ရှင်​၏​နာ​မ​တော်​သည်​ထာ​ဝ​စဉ် မင်္ဂ​လာ​ရှိ​တော်​မူ​ပါ​စေ​သ​တည်း။-

ထို​အ​စား​အ​စာ​များ​သည် ကိုယ်​ပိုင်​ပစ္စည်း​ဟူ​၍ မ​ရှိ​သော​လေ​ဝိ​အ​မျိုး​သား​များ၊ သင်​တို့​မြို့ ရွာ​တွင်​နေ​ထိုင်​ကြ​သော​လူ​မျိုး​ခြား​သား များ၊ မိ​ဘ​မဲ့​က​လေး​များ၊ မု​ဆိုး​မ​များ အ​တွက်​ဖြစ်​သည်။ သူ​တို့​သည်​ထို​အ​စား အ​စာ​များ​မှ လို​အပ်​သ​လောက်​ယူ​၍​စား သုံး​နိုင်​၏။ ဤ​သို့​ပြု​လျှင်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ဆောင် ရွက်​သ​မျှ​ကို​ကောင်း​ချီး​ပေး​တော်​မူ​လိမ့် မည်။''

``သုံး​နှစ်​လျှင်​တစ်​ကြိမ်​သင်​၏​အ​သီး​အ​နှံ ထဲ​မှ ဆယ်​ဖို့​တစ်​ဖို့​ကို​လေဝိ​အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့​က​လေး​များ​နှင့် မု​ဆိုး​မ​များ​အား​ပေး​ကမ်း​လော့။ ဤ​နည်း အား​ဖြင့်​သူ​တို့​သည် မိမိ​တို့​နေ​ထိုင်​ရာ​အ​ရပ် တွင် ဝ​လင်​စွာ​စား​သောက်​ရ​ကြ​လိမ့်​မည်။ ထို သို့​ပေး​ကမ်း​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား အား၊-

အ​ကျွန်ုပ်​သည်​သေ​သူ​အ​တွက်​ဝမ်း​နည်း​ကြေ ကွဲ​နေ​စဉ် ထို​ဆယ်​ဖို့​တစ်​ဖို့​ထဲ​မှ​ယူ​၍​မ​စား ခဲ့​ပါ။ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​အ​ကျွန်ုပ် မ​သန့်​ရှင်း​စဉ် ထို​ဆယ်​ဖို့​တစ်​ဖို့​ကို​အိမ်​အ​ပြင် သို့​မ​ထုတ်​ပါ။ ထို​ဆယ်​ဖို့​တစ်​ဖို့​မှ​ယူ​၍​သေ သူ​အား​မ​ပူ​ဇော်​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​အ​မိန့်​တော်​ကို​အ​ကျွန်ုပ်​နာ​ခံ ပါ​၏။ ဆယ်​ဖို့​တစ်​ဖို့​နှင့်​ဆိုင်​၍​ကိုယ်​တော် ပ​ညတ်​သ​မျှ​အ​တိုင်း​ဆောင်​ရွက်​ပြီး​ပါ​ပြီ။-

ငါ​တို့​သည်​ယုံ​ကြည်​သူ​သင်​တို့​နှင့်​ဆက်​ဆံ ရာ​တွင်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​ဖြူ​စင် ဖြောင့်​မှန်​စွာ​ပြု​မူ​ကျင့်​ကြံ​ခဲ့​သည်​ကို သင် တို့​သက်​သေ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​သည် လည်း​သက်​သေ​ဖြစ်​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ