Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 24:8

Common Language Bible

``သင်​တို့​တွင်​ကြောက်​မက်​ဖွယ်​ကောင်း​သော​အ​ရေ ပြား​ရော​ဂါ​ဖြစ်​ပွား​သော​အ​ခါ လေ​ဝိ​အ​နွယ် ဝင်​ယဇ်​ပု​ရော​ဟိတ်​များ​အား​ငါ​ညွှန်​ကြား ထား​သည့်​အ​တိုင်း​ဆောင်​ရွက်​ရန်​ဂ​ရု​ပြု​ရ မည်။ သူ​တို့​အား​ငါ​မိန့်​မှာ​ထား​သည့်​အ​တိုင်း လိုက်​နာ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ငါ​၏​ရှေ့​မှောက်​တွင်​ရပ်​လျက်​မီး​ရှို့​ရာ​ပူ​ဇော် သကာ​များ​ကို​ဆက်​သ​၍ ယဇ်​များ​ကို​ပူ​ဇော် ရန်​အ​ဘယ်​အ​ခါ​၌​မျှ​လေ​ဝိ​အ​နွယ်​ဝင် ယဇ်​ပု​ရော​ဟိတ်​မျိုး​မ​ပြတ်​စေ​ရန်​လည်း ကောင်း ငါ​ထာ​ဝ​ရ​ဘု​ရား​က​တိ​ပြု​၏'' ဟု မိန့်​တော်​မူ​၏။

ထို့​နောက်​ဖား​ဥ​ကွက်​တစ်​ဖန်​ပြန်​ပေါ်​လာ လျှင် ဖား​ဥ​ပြန့်​ပွား​လာ​ခြင်း​ကြောင့် ပိုင်​ရှင် သည်​ပစ္စည်း​ကို​မီး​ရှို့​ဖျက်​ဆီး​ရ​မည်။-

ယဇ်​ပု​ရော​ဟိတ်​သည်​သန့်​စင်​ခြင်း​ဝတ်​ကို ပြု​နေ​သော​သူ​၏​လက်​ယာ​နား​ပျဉ်း၊ လက် ယာ​လက်​မ​နှင့်​လက်​ယာ​ခြေ​မ​တို့​တွင်​သိုး ၏​သွေး​ဖြင့်​သုတ်​ရ​မည်။-

ဤ​ပ​ညတ်​များ​သည်​သန့်​စင်​သည်​မ​သန့်​စင် သည်​ကို အ​ဆုံး​အ​ဖြတ်​ပေး​သော​ပ​ညတ်​များ ဖြစ်​သည်။

သ​ခင်​ယေ​ရှု​က ``ဤ​အ​ကြောင်း​ကို​မည်​သူ့​အား​မျှ မ​ပြော​မိ​စေ​ရန်​သတိ​ပြု​လော့။ ယဇ်​ပု​ရော​ဟိတ်​ထံ ကို​သွား​၍​သင်​၏​ကိုယ်​ကို​ပြ​လော့။ ထို​နောက်​လူ​တို့ ရှေ့​တွင်​သက်​သေ​ခံ​အ​ထောက်​အ​ထား​ဖြစ်​စေ​ရန် မော​ရှေ​မိန့်​မှာ​ခဲ့​သည့်​ပူ​ဇော်​သကာ​ကို​ဆက်​သ​လော့'' ဟု​မိန့်​တော်​မူ​၏။

ထို​သူ​တို့​ကို​မြင်​သော​အ​ခါ​ကိုယ်​တော် က ``သင်​တို့​သွား​၍​မိ​မိ​တို့​ကိုယ်​ကို​ယဇ် ပု​ရော​ဟိတ်​များ​အား​ပြ​လော့'' ဟု​မိန့်​တော်​မူ​၏။ သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ထံ​သွား​နေ​စဉ် ရော​ဂါ​သန့်​စင်​သွား​ကြ​ကုန်​၏။-

``ဤ​အ​ကြောင်း​ကို​မည်​သူ့​အား​မျှ​မ​ပြော​နှင့်'' ဟု ထို​သူ​အား​တား​မြစ်​တော်​မူ​ပြီး​သော်​ကိုယ်​တော် က ``သင်​သည်​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား​၍​ကိုယ် ကို​ပြ​လော့။ သင့်​ရော​ဂါ​ပျောက်​ကင်း​ကြောင်း​လူ​တို့ ရှေ့​၌​သက်​သေ​ခံ​အ​ထောက်​အ​ထား​ဖြစ်​စေ​ရန် မော​ရှေ​မိန့်​မှာ​သည့်​ပူ​ဇော်​သ​ကာ​ကို​ဆက်​သ လော့'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ