Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 24:3

Common Language Bible

ဒု​တိ​ယ​လင်​ယောကျာ်း​က​လည်း ထို​မိန်း​မ​ကို ဆက်​လက်​၍​မ​ပေါင်း​သင်း​လို​သ​ဖြင့် ဖြတ်​စာ ကို​ပေး​၍​အိမ်​မှ​ဆင်း​သွား​စေ​သော​အ​ခါ ၌​သော်​လည်း​ကောင်း၊ သူ​ကိုယ်​တိုင်​သေ​ဆုံး သွား​သော်​လည်း​ကောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က၊ ``ဇ​နီး​သည်​ကို​ကွာ​ရှင်း​ပစ် လိုက်​သည့် ယောကျာ်း​ကဲ့​သို့၊ ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​နှင်​ထုတ်​လိုက် သည်​ဟု သင်​တို့​ထင်​မှတ်​ကြ​ပါ​သ​လော။ ယင်း​သို့​နှင်​ထုတ်​လိုက်​ပါ​မူ​ဖြတ်​စာ​များ​ကား အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။ မိ​မိ​၏​သား​သ​မီး​များ​ကို​ကျွန်​အ​ဖြစ် ရောင်း​စား​သူ​ကဲ့​သို့၊ငါ​သည်​သင်​တို့​အား သုံ့​ပန်း​အ​ဖြစ်​ဖြင့်​ရောင်း​ချ​လိုက်​သည်​ဟု​သင်​တို့ ထင်​မှတ်​ကြ​ပါ​သ​လော။ သင်​တို့​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​ကြ သည်​မှာ သင်​တို့​၏​အ​ပြစ်​များ​ကြောင့်​ဖြစ်​ပေ​သည်။ သင်​တို့​သည်​မိ​မိ​တို့​ကူး​လွန်​ကြ​သည့် ရာ​ဇ​ဝတ်​မှု​များ​ကြောင့်​အ​နှင်​ခံ​ရကြ​ခြင်း ဖြစ်​၏။

ဣ​သ​ရေ​လ​သည်​ငါ​ကို​စွန့်​ခွာ​၍​ပြည့်​တန်​ဆာ လုပ်​လျက်​နေ​သ​ဖြင့် သူ့​အား​ငါ​ကွာ​ရှင်း​နှင် ထုတ်​လိုက်​လေ​သည်။ သို့​ရာ​တွင်​ဣ​သ​ရေ​လ ၏​ညီ​မ​သစ္စာ​ဖောက်​ယု​ဒ​သည်​မ​ကြောက်​ရွံ့ ဘဲ မိ​မိ​ကိုယ်​တိုင်​ပင်​ပြည့်​တန်​ဆာ​လုပ်​ကာ၊-

``မိ​မိ​၏​မ​ယား​နှင့်​ကွာ​ရှင်း​လို​သူ​သည်​ဖြတ်​စာ ကို​ပေး​အပ်​ရ​မည်​ဟု​ဆို​ရိုး​စ​ကား​ရှိ​၏။-

သူ​တို့​က ``မ​ယား​ကို​ဖြတ်​စာ​နှင့်​ကွာ​ရှင်း​ရန် မော​ရှေ​ခွင့်​ပြု​ပါ​သည်'' ဟု​ဖြေ​ကြား​ကြ​၏။

``ယောကျာ်း​တစ်​ဦး​သည်​မိန်း​မ​တစ်​ဦး​နှင့်​ထိမ်း မြား​လက်​ထပ်​ပြီး​နောက် ထို​မိန်း​မ​တွင်​မ​နှစ် မြို့​စ​ရာ​တွေ့​မြင်​လာ​သ​ဖြင့် ဆက်​လက်​၍ မ​ပေါင်း​သင်း​လို​သော်​သူ​သည် ထို​မိန်းမ​အား ဖြတ်​စာ​ကို​ရေး​ပေး​၍​အိမ်​မှ​ဆင်း​သွား စေ​ရ​မည်။-

အ​ကယ်​၍​ထို​မိန်းမ​သည် အ​ခြား​ယောကျာ်း တစ်​ဦး​နှင့်​နောက်​ထပ်​အိမ်​ထောင်​ပြု​၍၊-

ပ​ထ​မ​လင်​ယောကျာ်း​သည်​သူ့​အား နောက်​တစ် ဖန်​မ​ယား​အ​ဖြစ်​မ​ပေါင်း​သင်း​ရ။ အ​ဘယ် ကြောင့်​ဆို​သော်​ထို​မိန်း​မ​သည် ညစ်​ညမ်း​သွား ပြီ​ဟု​ယူ​ဆ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ယင်း​သို့​နောက်​ထပ်​အိမ်​ထောင်​ပြု​ခြင်း​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ မည့်​ပြည်​တွင် ထို​ကဲ့​သို့​သော​ဆိုး​ရွား​သည့် အ​ပြစ်​ကို​မ​ကူး​လွန်​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ