Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 23:19

Common Language Bible

``သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း တစ်​ဦး​အား ငွေ၊ စား​စ​ရာ​သို့​မ​ဟုတ်​ပစ္စည်း တစ်​ခု​ခု​ကို​ချေး​ငှား​သော​အ​ခါ​အ​တိုး မ​ယူ​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​အ​တိုး​မ​ယူ​ဘဲ​မိ​မိ​၏​ငွေ​ကို ချေး​ငှား​တတ်​၏။ သူ​သည်​တံ​စိုး​လက်​ဆောင်​ယူ​၍​အ​ပြစ်​မဲ့ သူ​တို့ ထိ​ခိုက်​နစ်​နာ​စေ​ရန်​သက်​သေ​မ​ခံ​တတ်။ ဤ​သို့​သော​သူ​သည်​အ​စဉ်​အ​မြဲ​ဘေး ကင်း​လုံ​ခြုံ​စွာ နေ​ရ​လိမ့်​မည်။

``သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ထဲ​မှ​ဆင်း​ရဲ သော​သူ​တို့​အား ငွေ​ချေး​လျှင်၊ ငွေ​ချေး​စား​သူ ကဲ့​သို့​အ​တိုး​မ​ယူ​ရ။-

ယဇ်​ပု​ရော​ဟိတ်​နှင့်​ပြည်​သူ၊ ကျွန်​နှင့်​သ​ခင်၊ ဝယ်​သူ​နှင့်​ရောင်း​သူ၊ ချေး​သူ​နှင့်​ငှား​သူ၊ ချမ်း သာ​သူ​နှင့်​ဆင်း​ရဲ​သူ၊ ရှိ​ရှိ​သ​မျှ​သော​လူ တို့​သည်​ကံ​ကြမ္မာ​တစ်​မျိုး​တစ်​စား​တည်း နှင့်​ကြုံ​တွေ့​ရ​ကြ​လိမ့်​မည်။-

ငါ​သည်​ပျော်​ရွှင်​မှု​ကင်း​မဲ့​သူ​ဖြစ်​ပါ​သည် တ​ကား။ ငါ​၏​အ​မိ​သည်​အ​ဘယ်​ကြောင့်​ငါ့​အား ဤ​လော​က​ထဲ​သို့​မွေး​ထုတ်​ပါ​သ​နည်း။ ဤ​ပြည် တွင်​ရှိ​သ​မျှ​သော​သူ​တို့​နှင့်​ငါ​သည်​စ​ကား များ​ရ​ငြင်း​ခုံ​ရ​ပါ​၏။ ငါ​သည်​သူ​တစ်​ပါး တို့​အား​လည်း​ကောင်း၊ သူ​တစ်​ပါး​တို့​ထံ​မှ လည်း​ကောင်း​ငွေ​ကြေး​မ​ချေး​ငှား​ခဲ့။ သို့ ပါ​လျက်​လူ​အ​ပေါင်း​တို့​သည်​ငါ့​အား ကျိန်​ဆဲ​ကြ​ပါ​၏။-

သူ​သည်​အ​တိုး​အမြတ်​ရ​အောင်​ငွေ​ကို​ချေး ၏။ ထို​သူ​သည်​အ​သက်​ရှင်​နိုင်​မည်​လော။ အ​သက် ရှင်​နိုင်​မည်​မ​ဟုတ်။ သူ​သည်​ယင်း​သို့​စက်​ဆုပ် ဖွယ်​ကောင်း​သော​အ​မှု​တို့​ကို​ပြု​သ​ဖြင့်​သေ ရ​လိမ့်​မည်။ သူ​၏​သွေး​သည်​သူ့​ခေါင်း​ပေါ် တင်​လျက်​ရှိ​၏။

သင့်​အ​ထဲ​၌​သင်​၏​လူ​အ​ချို့​တို့​သည်​ကြေး စား​လူ​သတ်​သ​မား​များ​ဖြစ်​ကြ​၏။ အ​ချို့ မှာ​မိ​မိ​တို့​ဣ​သ​ရေ​လ​အ​မျိုး​သား​များ အား​ငွေ​ချေး​၍ အ​တိုး​ကို​ယူ​ကာ​မိ​မိ​တို့ ကိုယ်​ကို​ကြွယ်​ဝ​ချမ်း​သာ​စေ​ကြ​၏။ သူ​တို့ သည်​ငါ့​အား​မေ့​လျော့​သွား​ကြ​လေ​ကုန် ပြီ'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင်​ထာ ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ