Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 23:11

Common Language Bible

ထို​သူ​သည်​ည​နေ​အ​ချိန်​တွင်​ရေ​ချိုး​၍ နေ ဝင်​ချိန်​တွင်​တပ်​စ​ခန်း​ထဲ​သို့​ပြန်​ဝင်​နိုင်​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​၏​ဒု​စ​ရိုက်​အ​ညစ်​အ​ကြေး​ကို အ​ကုန်​အ​စင်​ဆေး​ကြော​တော်​မူ​၍ ကျွန်​တော်​မျိုး​အား​အ​ပြစ်​မှ​သန့်​စင်​စေ တော်​မူ​ပါ။

ကျွန်​တော်​မျိုး​၏​အ​ပြစ်​ကို​ဖယ်​ရှား​တော်​မူ​ပါ။ သို့​ပြု​လျှင်​ကျွန်​တော်​မျိုး​သည်​သန့်​စင်​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​အား​ဆေး​ကြော​တော်​မူ​ပါ။ သို့​ပြု​လျှင်​ကျွန်​တော်​မျိုး​သည်​မိုး​ပွင့်​ထက်​ပင် ပို​၍​ဖြူ​ပါ​လိမ့်​မည်။

ငါ​သည်​သင်​တို့​ကို​သန့်​စင်​သော​ရေ​ဖြင့်​ပက် ဖြန်း​၍ သင်​တို့​၏​ရုပ်​တု​များ​နှင့်​အ​ခြား ညစ်​ညမ်း​သည့်​အ​ရာ​ရှိ​သ​မျှ​မှ​သန့်​စင် သွား​စေ​မည်။-

သတ္တ​မ​နေ့​တွင်​သူ​၏​ဆံ​ပင်၊ မုတ်​ဆိတ်​မွေး၊ မျက်​ခုံး​မွေး​နှင့်​ကိုယ်​ပေါ်​မှ​အ​မွေး​ရှိ​သ​မျှ ကို​တစ်​ဖန်​ရိတ်​ပြီး​လျှင် မိ​မိ​အ​ဝတ်​များ ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ ထို​အ​ခါ​သူ သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင် လိမ့်​မည်။

ရိ​နာ​စွဲ​သော​သူ​သည်​မိ​မိ​၏​လက်​များ​ကို မ​ဆေး​ဘဲ​နှင့် တစ်​စုံ​တစ်​ယောက်​ကို​ထိ​ကိုင် မိ​လျှင် အ​ကိုင်​ခံ​ရ​သော​သူ​သည်​မိ​မိ​အ​ဝတ် များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

ထို​သူ​သည်​ရိ​နာ​ပျောက်​ကင်း​ပြီး​နောက် ခု​နစ် ရက်​စောင့်​ဆိုင်း​ပြီး​လျှင် မိ​မိ​အ​ဝတ်​များ​ကို ဖွပ်​လျှော်​၍​စမ်း​ရေ​ဖြင့်​ရေ​ချိုး​ရ​မည်။ ထို အ​ခါ​တွင်​သူ​သည် ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​စင်​လိမ့်​မည်။-

ယောကျာ်း​တစ်​ယောက်​သည်​သုက်​ရည်​ယို​လျှင် တစ်​ကိုယ်​လုံး​ရေ​ချိုး​ရ​မည်။ သူ​သည်​ည​ဦး တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ထို​သူ အိပ်​သော​အိပ်​ရာ​ကို​ထိ​မိ​လျှင်၊-

ထို​သို့​သော​ယဇ်​ပု​ရော​ဟိတ်​သည်​ည​ဦး​တိုင် အောင်​မသန့်​စင်​ချေ။ သူ​သည်​ရေ​ချိုး​ပြီး​မှ ငါ့​အား​ဆက်​ကပ်​သော​ပူ​ဇော်​သ​ကာ​ကို စား​နိုင်​သည်။-

သင်​တို့​နောင်​တ​ရ​သည့်​အ​တွက် ငါ​သည်​သင်​တို့ အား​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​၏။ ငါ​၏​နောက် တွင်​ကြွ​လာ​မည့်​အ​ရှင်​သည်​ကား သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖြင့်​လည်း​ကောင်း၊ မီး​ဖြင့်​လည်း​ကောင်း၊ ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​တော်​မူ​လတ္တံ့။ ထို​အ​ရှင်​သည် ငါ့​ထက်​ကြီး​မြတ်​၏။ ငါ​သည်​ထို​အ​ရှင်​၏​ဖိ​နပ် ကို​မျှ​မ​ကိုင်​ဆောင်​ထိုက်။-

တစ်​စုံ​တစ်​ယောက်​သည်​ည​အ​ချိန်​၌​သုက် လွှတ်​မိ​လျှင် သူ​သည်​စ​ခန်း​အ​ပြင်​သို့​ထွက် ၍​နေ​ရ​မည်။-

``ကျင်​ကြီး​စွန့်​ရာ​နေ​ရာ​ကို​တပ်​စ​ခန်း အ​ပြင်​၌​ထား​ရှိ​ရ​မည်။-

သို့​ဖြစ်​၍​ငါ​တို့​သည်​မိ​မိ​တို့​၏​သန့်​သော သြတ္တပ္ပ​စိတ်​စင်​ကြယ်​လျက် ငါ​တို့​၏​ကိုယ်​ခန္ဓာ များ​ကို​ရေ​စင်​ဖြင့်​ဆေး​ကြော​၍​ရိုး​သား​သော စိတ်၊ ခိုင်​မာ​သော​ယုံ​ကြည်​ခြင်း​တို့​ဖြင့်​ဘု​ရား သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​ကုန်​အံ့။-

ဤ​တွင်​ရေ​ဟု​ဆို​ရာ​၌​သင်​တို့​ကို​ယ​ခု​ကယ် တင်​သော​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပုံ​ဆောင်​ပေ​သည်။ ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ယူ​ခြင်း​သည်​ကိုယ်​ကာ​ယ အ​ညစ်​အ​ကြေး​များ​ကို​သန့်​စင်​ဆေး​ကြော ခြင်း​မ​ဟုတ်။ သြတ္တ​ပ္ပ​စိတ်​ကြည်​လင်​စွာ​ဖြင့် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​က​တိ​သစ္စာ​ပြု ခြင်း​ဖြစ်​ပေ​သည်။ သေ​ခြင်း​မှ​သ​ခင်​ယေ​ရှု ခ​ရစ်​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ခြင်း​ကို အ​ကြောင်း​ပြု​၍ သင်​တို့​သည်​ဗတ္တိ​ဇံ​အား ဖြင့်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​၏။-

သစ္စာ​ရှိ​စွာ​သက်​သေ​ခံ​တော်​မူ​ထ​သော၊ သေ ခြင်း​မှ​ဦး​စွာ​ပ​ထ​မ​ရှင်​ပြန်​ထ​မြောက်​တော် မူ​ထ​သော၊ လော​ကီ​ဘု​ရင်​တို့​ကို​အ​စိုး​ရ တော်​မူ​ထ​သော​ယေ​ရှု​ခ​ရစ်​ထံ​တော်​မှ​လည်း ကောင်း ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို သင်​တို့​ခံ​စား​ရ​ကြ​ပါ​စေ​သ​တည်း။ ငါ​တို့​ကို​ချစ်​တော်​မူ​၍​အ​သက်​တော်​ကို​စွန့် တော်​မူ​ခြင်း​အား​ဖြင့် ငါ​တို့​အား​အ​ပြစ်​၏ အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​စေ​တော်​မူ​ပြီး လျှင်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ