တရားဟော 22:24Common Language Bibleသူတို့နှစ်ဦးစလုံးကိုမြို့ပြင်သို့ထုတ်၍ ကျောက်ခဲဖြင့်ပစ်သတ်ရမည်။ မိန်းမသည်မြို့ ထဲ၌အော်ဟစ်၍အကူအညီတောင်းခဲ့သော် ရနိုင်ပါလျက်နှင့် အကူအညီမတောင်းခြင်း ကြောင့်သေဒဏ်ခံစေရမည်။ ယောကျာ်းသည် ဣသရေလအမျိုးသားချင်းတစ်ဦးနှင့် ထိမ်းမြားရန်စေ့စပ်ထားသောမိန်းမနှင့် ကာမစပ်ယှက်ခြင်းကြောင့်သေဒဏ်ခံ စေရမည်။ ဤနည်းအားဖြင့်သင်တို့သည် ဤဒုစရိုက်ကိုဖယ်ရှားနိုင်ကြမည်။ အခန်းကိုကြည့်ပါ။ |
ဤသို့အကြံရှိနေစဉ်သူသည်ထာဝရဘုရား ၏ကောင်းကင်တမန်တစ်ပါးကိုအိပ်မက်မြင်မက်၏။ ထိုကောင်းကင်တမန်က ``ဒါဝိဒ်၏သားမြေးယောသပ်၊ သင်သည်မာရိအားဇနီးအဖြစ်သိမ်းပိုက်ရမည်ကို မကြောက်နှင့်။ အဘယ်ကြောင့်ဆိုသော်သူ၏ဝမ်းတွင် ရှိသောပဋိသေနန္ဓကားသန့်ရှင်းသောဝိညာဉ်တော် ၏တန်ခိုးတော်အားဖြင့်ရသောပဋိသေနန္ဓဖြစ်၏။-
သင်တို့အားကျွန်ခံရာအီဂျစ်ပြည်မှကယ် တင်တော်မူခဲ့သော ထာဝရဘုရားကိုပုန် ကန်ရန်တိုက်တွန်းသောပရောဖက် သို့မဟုတ် အိပ်မက်ဖတ်တတ်သူကိုသေဒဏ်စီရင်ရမည်။ ထိုသူသည်သင်တို့အား ထာဝရဘုရားမိန့် မှာတော်မူသောအသက်ရှင်ရာလမ်းမှ သွေ ဖည်သွားစေရန်သွေးဆောင်သူဖြစ်သည်။ ယင်းဒုစရိုက်ကို သင်တို့မှဖယ်ရှားပစ်ရန် ထိုသူကိုသေဒဏ်စီရင်ရမည်။''