Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 21:23

Common Language Bible

ည​အိပ်​၍​မ​ထား​ရ။ အ​လောင်း​ကို​တိုင်​ပေါ် တွင်​ဆွဲ​ထား​ခြင်း​သည်​တိုင်း​ပြည်​အ​တွက် အမင်္ဂ​လာ​ဖြစ်​သော​ကြောင့် အ​လောင်း​ကို​နေ့ ချင်း​တွင်း​မြှုပ်​နှံ​ရ​မည်။ သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ​မည့်​ပြည် ကို မ​ညစ်​ညမ်း​စေ​ရန်​ထို​အ​လောင်း​ကို​မြှုပ်​နှံ လော့။''

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​အဲ​အာ​၏​သ​မီး၊ ရှော​လု​၏​မောင်း​မ တော်​ရိ​ဇ​ပ​သည် လျှော်​တေ​ဝတ်​ကို​အ​လောင်း များ​ထား​ရာ​ကျောက်​ပေါ်​မှာ​မိုး​ပြီး​လျှင် စ​ပါး​ရိတ်​သိမ်း​စ​ကာ​လ​မှ​စ​၍ မိုး​ဦး​ကျ ချိန်​တိုင်​အောင်​အ​လောင်း​များ​ကို​နေ့​အ​ချိန် ၌​လေ​သတ္တ​ဝါ၊ ညဥ့်​အ​ချိန်​၌​မြေ​သတ္တ​ဝါ တို့​မ​ချဉ်း​ကပ်​စေ​ရန်​စောင့်​ရှောက်​လျက်​နေ လေ​၏။

သို့​ဖြစ်​၍​သူ​၏​သား​မြေး​ခု​နစ်​ယောက်​ကို အ​ကျွန်ုပ်​တို့​အား​ပေး​အပ်​တော်​မူ​ပါ။ အ​ကျွန်ုပ် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​ခန့်​ထား တော်​မူ​သည့်​ဘု​ရင်​ရှော​လု​၏​ဌာ​နေ၊ ဂိ​ဗာ မြို့​တွင်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​၌​စက်​တိုင်​တင်​ပါ​မည်'' ဟု​လျှောက် ကြ​၏။ မင်း​ကြီး​က``ထို​သူ​တို့​ကို​ငါ​ပေး​အပ်​မည်'' ဟု​မိန့်​တော်​မူ​၏။

ယင်း​သို့​အာ​ဟပ်​သား​မြေး​တို့​၏​ဦး​ခေါင်း များ​ရောက်​ရှိ​လာ​ကြောင်း​ယေ​ဟု​ကြား​သိ လျှင် ယင်း​တို့​ကို​မြို့​တံ​ခါး​ဝ​တွင်​နှစ်​ပုံ​ပုံ ၍​နောက်​တစ်​နေ့​နံ​နက်​တိုင်​အောင် ထား​ရှိ​ရန် အ​မိန့်​ပေး​၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပြည်​ရွာ သန့်​ရှင်း​မှု​အ​တွက် လူ​သေ​အ​လောင်း​များ ကို​ခု​နစ်​လ​ပတ်​လုံး​သင်္ဂြိုဟ်​ရ​ကြ​လိမ့်​မည်။-

သူ​တို့​၏​အ​လေ့​အ​ကျင့်​များ​သည် သူ​တို့​နေ ထိုင်​ရာ​ပြည်​ကို​ညစ်​ညမ်း​စေ​သည်။ ထို့​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ထို​ပြည်​ကို​ဒဏ်​ခတ် သ​ဖြင့်​ပြည်​သား​တို့​သည် ထို​ပြည်​မှ​နှင် ထုတ်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။-

မော​ရှေ​အား``ငါ​၏​အ​မျက်​ပြေ​စေ​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အ​ပေါင်း တို့​ကို​ထုတ်​ဆောင်​၍ လူ​ပ​ရိ​သတ်​ရှေ့​တွင်​ကွပ် မျက်​လော့'' ဟု​မိန့်​တော်​မူ​၏။-

ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​လက်​ဝါး​ကပ်​တိုင် တွင်​တင်​ထား​သူ​များ​၏​ခြေ​တို့​ကို​ချိုး​၍ အ​လောင်း​များ​ကို​ယူ​ဆောင်​သွား​ခွင့်​ပြု​ရန် ပိ​လတ်​မင်း​အား​တောင်း​လျှောက်​ကြ​၏။ သူ​တို့ ဤ​သို့​တောင်း​လျှောက်​ကြ​ရ​ခြင်း​မှာ​ထို​နေ့ သည်​အ​ဖိတ်​နေ့​ဖြစ်​၍​ဥ​ပုသ်​နေ့​၌ အ​လောင်း များ​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​မ​ရှိ​စေ​လို သော​ကြောင့်​လည်း​ကောင်း၊ ထို​ဥ​ပုသ်​နေ့​သည် လည်း​နေ့​ထူး​နေ့​မြတ်​ဖြစ်​သော​ကြောင့် လည်း​ကောင်း​ဖြစ်​ပေ​သည်။-

မည်​သူ​မ​ဆို​သ​ခင်​ဘု​ရား​ကို​မ​ချစ်​ပါ​မူ ကျိန်​စာ​သင့်​ပါ​စေ​သ​တည်း။ သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​ပါ။-

ခ​ရစ်​တော်​သည်​အ​ပြစ်​ကင်း​တော်​မူ​သော အ​ရှင်​ဖြစ်​သည်။ သို့​ရာ​တွင်​ငါ​တို့​သည်​ခ​ရစ် တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်​ဘု​ရား သ​ခင်​ကဲ့​သို့​ကောင်း​မြတ်​နိုင်​ကြ​စေ​ရန် ဘု​ရား သ​ခင်​သည်​ခ​ရစ်​တော်​အား​ငါ​တို့​အ​တွက် ကြောင့်​ငါ​တို့​ကဲ့​သို့​အ​ပြစ်​ရှိ​သူ​ဖြစ်​စေ တော်​မူ​၏။

``သစ်​တိုင်​ပေါ်​မှာ​ဆွဲ​၍​အ​သတ်​ခံ​ရ​သူ​သည် ဘု​ရား​သ​ခင်​၏​ကျိန်​စာ​သင့်​သူ​ဖြစ်​၏'' ဟု ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကျိန်​စာ​သင့်​သူ​အ​ဖြစ်​ကို​ခံ ယူ​တော်​မူ​ပြီး​နောက် ငါ​တို့​အား​ပ​ညတ်​တ​ရား ကြောင့်​ကျိန်​စာ​သင့်​သည့်​ဘေး​မှ​ရွေး​နုတ် ကယ်​တင်​တော်​မူ​၏။-

သို့​ဖြစ်​၍​သင်​တို့​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ပေး​သ​နား​တော်​မူ​မည့်​ပြည်​သို့​ရောက်​၍ ပတ်​ဝန်း​ကျင်​ရန်​သူ​တို့​၏​တိုက်​ခိုက်​မှု​မှ​ကင်း လွတ်​ပြီး​အေး​ချမ်း​စွာ​နေ​ထိုင်​ရ​သော​အ​ခါ အာ​မ​လက်​အ​မျိုး​သား​တို့​ကို​တစ်​ယောက် မ​ကျန်​သုတ်​သင်​ပစ်​ရန်​မ​မေ့​ကြ​နှင့်။

ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​တွက်​ကြောင့်​ငါ့​အား​အ​မျက်​တော် ထွက်​၍ ငါ​သည်​ယော်​ဒန်​မြစ်​တစ်​ဘက်​သို့​ကူး ၍ သင်​တို့​အား​ပေး​သ​နား​တော်​မူ​သည့်​အ​စာ ရေ​စာ​ပေါ​ကြွယ်​ဝ​သော​ပြည်​သို့ မ​ဝင်​ရ​ဟု အ​လေး​အ​နက်​ပညတ်​တော်​မူ​သည်။

ထို​ရုပ်တု​များ​ကို​သင်​တို့​၏​နေ​အိမ်​များ​သို့​မ ယူ​ဆောင်​ခဲ့​ရ။ ယင်း​သို့​ယူ​ဆောင်​ခဲ့​လျှင်​ရုပ်​တု များ​ကဲ့​သို့ သင်​တို့​သည်​လည်း​ကျိန်​စာ​သင့်​လိမ့် မည်။ ရုပ်​တု​များ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ကျိန် စာ​သင့်​သော​ကြောင့် ရုပ်​တု​များ​ကို​သင်​တို့​ရွံ ရှာ​မုန်း​တီး​ကြ​ရ​မည်။''

ထို​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရန်​သူ​များ​ကို​ယှဉ်​ပြိုင်​၍​မ​တိုက်​နိုင်​ကြ။ သူ တို့​ကိုယ်​တိုင်​ဖျက်​ဆီး​ခြင်း​ခံ​ရ​မည့်​သူ​များ ဖြစ်​၍ ရန်​သူ​များ​ထံ​မှ​ဆုတ်​ခွာ​ခဲ့​ရ​ကြ​၏။ သင်​တို့​ကို​မ​ယူ​ရ​ဟု​ငါ​ပညတ်​သော်​လည်း သင်​တို့​ယူ​ထား​သော​ပစ္စည်း​များ​ကို​ဖျက်​ဆီး မ​ပစ်​လျှင် ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော် မူ​မည်​မ​ဟုတ်။-

အာ​ဣ​မင်း​ကို​လည်း​သစ်​ပင်​တွင်​လည်​ဆွဲ​ချ​၍ သတ်​ပြီး​လျှင် နေ​ဝင်​ချိန်​တိုင်​အောင်​အ​လောင်း ကို​ဆွဲ​ထား​လေ​၏။ နေ​ဝင်​ချိန်​၌​အ​လောင်း​ကို ဖြုတ်​ချ​၍​မြို့​တံ​ခါး​ဝ​တွင်​ပစ်​ထား​ရန် ယော​ရှု​အ​မိန့်​ပေး​၏။ ထို​နောက်​သူ​တို့​သည် အ​လောင်း​ပေါ်​တွင်​ကျောက်​တုံး​များ​ကို​ပုံ ထား​ကြ​သ​ဖြင့် ယ​နေ့​တိုင်​ထို​ကျောက်​ပုံ ကြီး​ကို​တွေ့​မြင်​နိုင်​လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ