တရားဟော 20:19Common Language Bible``သင်တို့သည်မြို့တစ်မြို့ကို ကြာမြင့်စွာတပ် ချဝိုင်းထားရသည့်အခါအသီးပင်များ ကိုမခုတ်လှဲရ။ အသီးကိုစားနိုင်သည်။ ထို အပင်များသည်သင်တို့၏ရန်သူများမဟုတ် သဖြင့်မဖျက်ဆီးနှင့်။- အခန်းကိုကြည့်ပါ။ |
မြေကောင်းမြေသန့်ကိုတွေ့ရှိသည့်အခါတိုင်း ဣသရေလအမျိုးသားတို့သည်ကိုယ်စီကိုယ်ငှ ကျောက်ခဲတစ်လုံးစီပစ်ချကြသဖြင့် နောက်ဆုံး ၌ထိုမြေတို့ကိုကျောက်ခဲများဖြင့်ဖုံးအုပ်စေ ကြ၏။ စမ်းရေတွင်းရှိသမျှကိုလည်းပိတ်ဆို့၍ သစ်သီးပင်များကိုလည်းခုတ်လှဲကြ၏။ နောက် ဆုံး၌ကိရဟရက်မြို့တော်သာလျှင်ကျန်တော့ သဖြင့် လောက်လွှဲတပ်သားတို့သည်ထိုမြို့ကို ဝိုင်းရံတိုက်ခိုက်ကြ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဤ ဘုရင်တို့အားယေရုရှလင်မြို့ကိုဝိုင်းရံ ထားနိုင်ရန်သစ်ပင်များကိုခုတ်လှဲ၍ မြေ ကတုတ်များကိုဖို့စေခြင်းငှာအမိန့်ပေး တော်မူလေပြီ။ ကိုယ်တော်က``ဤမြို့သည် ညှင်းပန်းနှိပ်စက်မှုနှင့်ပြည့်နှက်လျက်ရှိ သဖြင့်ငါသည်ဤမြို့ကိုဒဏ်ခတ်မည်။-
လမ်းအနီးတွင်သင်္ဘောသဖန်းပင်တစ်ပင်ကို မြင်သဖြင့်ထိုအပင်ရှိရာသို့ကြွတော်မူ၏။ အပင်ပေါ်တွင်အရွက်များကိုသာတွေ့တော်မူ လျှင်ကိုယ်တော်သည်ထိုအပင်အား ``သင်သည် နောင်အဘယ်အခါ၌မျှအသီးမသီးစေနှင့်'' ဟုမိန့်တော်မူ၏။ သင်္ဘောသဖန်းပင်သည်လည်း ချက်ချင်းပင်ညှိုးနွမ်းခြောက်သွေ့သွားလေ၏။