Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 20:17

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း​ဟိတ္တိ အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ခါ​နာန် အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး သား၊ ယေ​ဗု​သိ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​အာ​ဗြံ​၏​တိ​ရစ္ဆာန်​များ​ကို​ထိန်း​ကျောင်း​သူ​များ​နှင့် လော​တ​၏​တိ​ရစ္ဆာန်​များ​ကို​ထိန်း​ကျောင်း​သူ​တို့​အ​ချင်း​ချင်း​ခိုက်​ရန်​ဖြစ်​ပွား​ကြ​လေ​သည်။ (ထို​အ​ချိန်​၌​ခါ​နာန်​အ​မျိုး​သား​နှင့်​ဖေ​ရ​ဇိ​အ​မျိုး​သား​တို့​သည်​လည်း ထို​ပြည်​တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​သေး​၏။)

ဟိတ္တိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ရေ​ဖိမ် အ​မျိုး​သား၊-

အာ​မော​ရိ​အ​မျိုး​သား၊ ခါ​န​နိ​အ​မျိုး​သား၊ ဂိ​ရ​ဂါ​ရှိ​အ​မျိုး​သား​နှင့်​ယေ​ဗု​သိ​အ​မျိုး သား​တို့​၏​ပြည်​များ​အ​ပါ​အ​ဝင် အီ​ဂျစ် ပြည်​နယ်​စပ်​မှ ဥ​ဖ​ရတ်​မြစ်​တိုင်​အောင်​ကျယ် ပြန့်​သော​ဒေ​သ​တစ်​ခု​လုံး​ကို သင်​၏​အ​မျိုး အ​နွယ်​တို့​အား​ငါ​ပေး​အပ်​မည်​ဟု​က​တိ ပြု​သည်'' ဟု​မိန့်​တော်​မူ​၏။

ခါ​နာန်​သည်​ယေ​ဗု​သိ၊ အာ​မော​ရိ၊ ဂိ​ရ​ဂါ​ရှိ၊- ဟိ​ဝိ၊ အာ​ကိ၊ သိ​နိ၊- အာ​ဝ​ဒိ၊ ဇေ​မ​ရိ​နှင့်​ဟာ​မ​သိ အ​မျိုး​သား​များ​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​၏။

(ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​တော်​ကို​စိတ်​နှ​လုံး အ​ကြွင်း​မဲ့​နှင့်​မ​ထမ်း​ဆောင်​သူ​သည် ကျိန်​ဆဲ ခြင်း​ကို​ခံ​ရ​ပါ​စေ​သ​တည်း။ မိ​မိ​၏​ဋ္ဌား​နှင့် ခုတ်​၍​မ​သတ်​သော​သူ​သည်​ကျိန်​ဆဲ​ခြင်း​ကို ခံ​ရ​ပါ​စေ​သ​တည်း။)

အာ​မ​လက်​အ​မျိုး​သား​တို့​သည်​ထို​ပြည်​၏ တောင်​ပိုင်း​တွင်​နေ​ထိုင်​၍ ဟိတ္တိ​အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား တို့​သည်​တောင်​ကုန်း​များ​ပေါ်​၌​လည်း​ကောင်း၊ ခါ​နာန်​အ​မျိုး​သား​တို့​သည်​မြေ​ထဲ​ပင် လယ်​ကမ်း​ခြေ​နှင့်​ယော်​ဒန်​မြစ်​ဝှမ်း​တစ် လျှောက်​၌​လည်း​နေ​ထိုင်​ကြ​ပါ​သည်'' ဟု ဆို​ကြ​၏။

``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​မည့်​ပြည်​ရှိ​မြို့​များ​ကို တိုက်​ခိုက် သိမ်း​ယူ​သော​အ​ခါ​၌​မူ​ကား မြို့​တွင်း​ရှိ​လူ ရှိ​သ​မျှ​ကို​သတ်​ဖြတ်​သုတ်​သင်​ရ​မည်။-

ထို​သူ​တို့​သည်​မိ​မိ​တို့​၏​ကိုး​ကွယ်​မှု​ဆိုင်​ရာ စက်​ဆုပ်​ဖွယ်​သော​အ​လေ့​အ​ကျင့်​များ​ကို သင် တို့​အား​သင်​ကြား​ပေး​သ​ဖြင့်​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​လိမ့်​မည်။ ထို့ ကြောင့်​သူ​တို့​ကို​သတ်​ဖြတ်​သုတ်​သင်​ရ​မည်။

မြို့​နှင့်​တ​ကွ​မြို့​တွင်း​၌​ရှိ​သ​မျှ​သော​ဥစ္စာ ပစ္စည်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် ပူ​ဇော် သ​ကာ​အ​ဖြစ်​လုံး​ဝ​ဖျက်​ဆီး​ပစ်​ရ​မည်။ ပြည့် တန်​ဆာ​မ​ရာ​ခပ်​သည်​ငါ​တို့​၏​သူ​လျှို​များ ကို​ဝှက်​ထား​ခဲ့​သော​ကြောင့် သူ​နှင့်​သူ​၏​အိမ် သူ​အိမ်​သား​တို့​ကို​သာ​လျှင်​အ​သက်​ချမ်း သာ​ပေး​ရ​မည်။-

သင်​တို့​သည်​ရှင်​ဘု​ရင်​တို့​၏​အ​သား၊ ဗိုလ်​ချုပ် ကြီး​တို့​၏​အ​သား၊ စစ်​သူ​ရဲ​တို့​၏​အ​သား၊ လူ ကြီး​လူ​ငယ်၊ ကျွန်​နှင့်​ကျွန်​မ​ဟုတ်​သူ​တို့​၏ အ​သား​ကို​စား​ကြ​ရ​လတ္တံ့'' ဟု​အ​သံ​ကျယ် စွာ​ကြွေး​ကြော်​လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ