Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 2:32

Common Language Bible

ရှိ​ဟုန်​ဘု​ရင်​သည်​ငါ​တို့​ကို​တိုက်​ခိုက်​ရန် သူ ၏​စစ်​သည်​ဗိုလ်​ပါ​အ​ပေါင်း​တို့​နှင့်​ယာ​ဟတ် မြို့​အ​နီး​သို့​ချီ​တက်​လာ​ကြ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

``ကိုယ်​တော်​သည်​သူ​တို့​အား​မိ​မိ​တို့​နယ် စပ်​တွင် ရှိ​သော​နိုင်​ငံ​များ​နှင့်၊ လူ​မျိုး​များ​ကို​နှိမ်​နင်း​ခွင့်​ပေး​တော်​မူ​ပါ​၏။ သူ​တို့​သည်​ရှိ​ဟုန်​မင်း​အ​စိုး​ရ​သည့် ဟေ​ရှ​ဘုန်​ပြည်​ကို​လည်း​ကောင်း သြ​ဃ​မင်း​အ​စိုး​ရ​သည့်​ဗာ​ရှန်​ပြည်​ကို လည်း​ကောင်း သိမ်း​ပိုက်​ကြ​ပါ​၏။

ငါ​သည်​ငြိမ်း​ချမ်း​ရေး​အ​ကြောင်း​ပြော​ဆို သော​အ​ခါ သူ​တို့​က​စစ်​တိုက်​ရန်​ပြော​ဆို​ကြ​၏။

အာ​မော​ရိ​ဘု​ရင်​ရှိ​ဟုန်​မင်း၊ဗာ​ရှန်​ဘု​ရင် သြ​ဃ​မင်း​နှင့်​ခါ​နာန်​နိုင်​ငံ​မှ​ဘု​ရင်​အ​ပေါင်း တို့​ကို ကွပ်​မျက်​တော်​မူ​၏။

အာ​မော​ရိ​ပြည်​ဘု​ရင်​ရှိ​ဟုန်​မင်း​ကို ကွပ်​မျက်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

``ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား`ငါ​သည် ရှိ​ဟုန်​ဘု​ရင်​နှင့်​သူ​၏​ပြည်​ကို​သင်​၏​လက်​သို့ အပ်​တော်​မူ​မည်။ သူ​၏​ပြည်​ကို​သိမ်း​ယူ​လော့' ဟု​မိန့်​တော်​မူ​၏။-

သို့​ရာ​တွင်​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် ထို​မင်း​ကို​ငါ​တို့​၏​လက်​သို့​အပ် သ​ဖြင့် သူ​နှင့်​သူ​၏​သား​များ​နှင့်​တ​ကွ​စစ် သည်​ဗိုလ်​ပါ​အ​ပေါင်း​တို့​ကို သတ်​ဖြတ်​သုတ် သင်​ခဲ့​ကြ​၏။-

``နောက်​တစ်​ဖန်​ငါ​တို့​သည် မြောက်​ဘက်​ရှိ​ဗာ​ရှန် ပြည်​သို့​ချီ​တက်​ခဲ့​ကြ​သည်။ ထို​အ​ခါ​ဗာ​ရှန် ဘု​ရင်​သြ​ဃ​သည် မိ​မိ​၏​စစ်​သူ​ရဲ​အ​ပေါင်း တို့​နှင့်​တ​ကွ​ငါ​တို့​ကို​တိုက်​ရန်​ဧဒြိ​မြို့​သို့ ချီ​တက်​လာ​လေ​သည်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တောင် ဘက်​အာ​နုန်​မြစ်​ဝှမ်း​မှ​မြောက်​ဘက်​ဟေ​ရ​မုန် တောင်​အ​ထိ၊ အ​ရှေ့​ဘက်​နယ်​မြေ​နှင့်​ယော်​ဒန် မြစ်​ဝှမ်း​တစ်​လျှောက်​လုံး​ကို​တိုက်​ခိုက်​သိမ်း ယူ​ခဲ့​ပြီး​ဖြစ်​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ