တရားဟော 2:23Common Language Bibleကရေတေကျွန်းသားတို့သည်မြေထဲ ပင်လယ်ကမ်းခြေတွင် အခြေချနေထိုင် ကြ၏။ သူတို့သည်မူလနေထိုင်သူအာဝိမ် လူမျိုးကိုသုတ်သင်ဖယ်ရှားပြီးလျှင် သူ တို့၏ပြည်ကိုတောင်ဘက်ဂါဇာမြို့အထိ သိမ်းပိုက်လိုက်ကြသည်။) အခန်းကိုကြည့်ပါ။ |
ရှောလမုန်သည်ဥဖရတ်မြစ်ပေါ်ရှိတိဖသ မြို့မှ အနောက်ဘက်ဂါဇမြို့တိုင်အောင်ဥဖရတ် မြစ်အနောက်ဘက်ခြမ်းနယ်မြေအပေါင်းကို အစိုးရတော်မူ၏။ ဥဖရတ်မြစ်၏အနောက် ဘက်ရှိဘုရင်အပေါင်းတို့သည်သူ၏လက် အောက်ခံများဖြစ်ကြ၏။ သူသည်လည်းမိမိ အိမ်နီးချင်းတိုင်းပြည်ရှိသမျှနှင့်ငြိမ်းချမ်း စွာနေထိုင်တော်မူ၏။-
တုရုမြို့နှင့်ဇိဒုန်သို့ပေးပို့နိုင်သည့်စစ်ကူ အကြွင်းအကျန်မှန်သမျှကိုဖြတ်တောက် ပစ်ရန် ဖိလိတ္တိပြည်ကို၊သုတ်သင်ပယ်ရှင်းရမည့် နေ့ရက်ကာလကျရောက်လာလေပြီ။ ငါထာဝရဘုရားသည်ကရေတေကမ်းခြေမှ လာသူအပေါင်းဖြစ်သည့် ဖိလိတ္တိအမျိုးသားတို့အားသုတ်သင်ပယ်ရှင်းမည်။
ထာဝရဘုရားက``အို ဣသရေလပြည်သား အပေါင်းတို့၊ ငါသည်သင်တို့ကိုကုရှလူမျိုး နှင့်တန်းတူသဘောထားခဲ့၏။ ငါသည်သင် တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်လာသကဲ့ သို့ ဖိလိတ္တိလူမျိုးကိုကရေတေကျွန်းမှ လည်းကောင်း၊ ရှုရိလူမျိုးကိုတိရပြည် မှလည်းကောင်းထုတ်ဆောင်လာခဲ့၏။-
ဤအမှုကိုအာရှကေလုန်မြို့သည်မြင်၍ ကြောက်လန့်သွားလိမ့်မည်။ ဂါဇမြို့သည် လည်းမြင်သဖြင့်စိတ်နှလုံးတုန်လှုပ်ခြောက် ချား၍သွားလိမ့်မည်။ ဧကြုန်မြို့သည်လည်း ထိုနည်းလည်းကောင်းဖြစ်၍သူ၏မျှော်လင့် ချက်များပျက်ပြား၍သွားလိမ့်မည်။ ဂါဇ မြို့သည်မင်းဆက်ပြတ်လျက်၊ အာရှကေလုန် မြို့သည်လူသူဆိတ်ငြိမ်ရာဖြစ်၍ကျန်ရစ် လိမ့်မည်။-
နှင့်တောင်ပိုင်းရှိအာဝိအမျိုးသားတို့ပိုင်တစ် နယ်လုံးကိုသိမ်းယူရန်ကျန်ရှိနေသေးသည်။ (အီဂျစ်ပြည်နယ်နိမိတ်တွင်ရှိသောရှိဟောရ ချောင်းမှ မြောက်ဘက်ဧကြုန်နယ်နိမိတ်အထိ ကျယ်ပြန့်သောနယ်မြေသည် ခါနာန်အမျိုး သားတို့နေထိုင်ရာနယ်မြေဖြစ်၏။ ဖိလိတ္တိ မင်းတို့သည်ဂါဇမြို့၊ အာဇုတ်မြို့၊ ဧရှ ကလုန်မြို့၊ ဂဒ်မြို့နှင့်ဧကြုန်မြို့များတွင် စိုးစံသည်။-)
ထာဝရဘုရားသည်ယုဒအနွယ်ဝင်တို့အား ကူမတော်မူသဖြင့် သူတို့သည်တောင်ကုန်းဒေသ ကိုသိမ်းပိုက်နိုင်ကြ၏။ သို့ရာတွင်ဂါဇမြို့၊ အာရှ ကေလုန်မြို့၊ ဧကြုံမြို့နှင့်ထိုမြို့များ၏အနီးရှိ နယ်ပယ်များကိုမူမသိမ်းပိုက်နိုင်ကြချေ။ ပင် လယ်ကမ်းခြေတွင်နေထိုင်ကြသော ဤသူတို့ တွင်သံရထားများရှိသဖြင့်ယုဒအမျိုး သားတို့သည်သူတို့အားနှင်ထုတ်ခြင်းငှာ မစွမ်းကြ။-