`ယနေ့တွင်သင်တို့သည် အာရမြို့သို့သွားရာ လမ်းဖြင့် မောဘပြည်ကိုဖြတ်သွားရမည်။-
ဤဗျာဒိတ်တော်သည်မောဘပြည်နှင့် သက် ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ အာရမြို့နှင့်၊ ကိရမြို့တို့သည်တစ်ညဥ့်ချင်း ၌ပျက်ပြုန်း၍သွားရကြလေသည်။ မောဘ ပြည်သည်လည်းဆိတ်ငြိမ်လျက်နေ၏။-
ထိုအရပ်မှတစ်ဖန်သူတို့သည်ခရီးထွက်လာ ခဲ့ကြရာ အာနုန်မြစ်မြောက်ဘက်အာမောရိပြည် တောကန္တာရနှင့်တစ်ဆက်တည်းရှိသောတော ကန္တာရတွင်စခန်းချကြ၏။ (အာနုန်မြစ်သည် မောဘပြည်နှင့်အာမောရိပြည်တို့၏နယ်ခြား ဖြစ်၏။-)
မောဘပြည်နယ်စပ်အာရမြို့သို့တိုင်အောင် လျှောဆင်းသောချိုင့်ဝှမ်းများ'' ဟူ၍ဖော်ပြ ပါရှိလေသည်။
သို့ရာတွင်ရှိဟုန်ဘုရင်သည်ဣသရေလ အမျိုးသားတို့အား မိမိ၏ပြည်ကိုဖြတ် သန်းခွင့်မပေးချေ။ သူသည်တောကန္တာရရှိ ယာဟတ်မြို့သို့စစ်ချီလာပြီးလျှင် ဣသရေလ အမျိုးသားတို့ကိုတိုက်ခိုက်လေသည်။-
ထာဝရဘုရားက၊-
ထာဝရဘုရားသည်ငါ့အား`လောတ၏အဆက် အနွယ်များဖြစ်သောမောဘပြည်သားတို့ကို မနှောင့်ယှက်ကြနှင့်။ စစ်မတိုက်နှင့်။ ငါသည် သူတို့အားအာရမြို့ကိုအပိုင်ပေးထားပြီ ဖြစ်၍သူတို့၏မြေကိုသင်တို့အားငါမပေး' ဟုမိန့်တော်မူ၏။''
ထိုနောက်သူတို့သည်ဧဒုံပြည်နှင့်မောဘ ပြည်တို့ကိုပတ်၍သဲကန္တာရကိုဖြတ်ပြီး လျှင် မောဘပြည်၏အရှေ့ဘက်၊ အာနုန်မြစ် တစ်ဘက်ကမ်းသို့ရောက်ရှိလာသောအခါ ထိုအရပ်တွင်စခန်းချကြ၏။ အာနုန်မြစ် သည်မောဘပြည်၏နယ်နိမိတ်ဖြစ်သဖြင့် ထိုမြစ်ကိုသူတို့မကူးမဖြတ်ကြ။-