Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 19:6

Common Language Bible

အ​ကယ်​၍​ခို​လှုံ​ရာ​မြို့​တစ်​မြို့​တည်း​သာ​ရှိ လျှင် ခ​ရီး​ကွာ​ဝေး​လှ​သော​ကြောင့်​သေ​သူ အ​တွက်​လက်​စား​ချေ​လို​သူ​က သတ်​သူ​နောက် သို့​လိုက်​၍​မီ​သော်​ဒေါ​သ​အ​လျောက်​အ​ပြစ် မဲ့​သူ​တစ်​ယောက်​ကို​သတ်​မိ​နိုင်​သည်။ စင်​စစ် အား​ဖြင့်​ထို​သူ​သည်​မိ​မိ​၏​ရန်​သူ​မ​ဟုတ် သူ​ကို​မ​တော်​တ​ဆ​သတ်​မိ​ခြင်း​သာ​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​အ​ရှင်၊ ယ​ခု​အ​ခါ​ကျွန်​တော်​မ​၏ ဆွေ​မျိုး​တို့​သည်​ကျွန်​တော်​မ​အား​ရန်​ဘက်​ပြု ကာ ကျွန်​တော်​မ​၏​သား​ငယ်​ကို​သူ​၏​အစ်​ကို အား​သတ်​သည့်​အ​တွက်​သေ​စား​သေ​စေ​ရန် အပ်​ရ​မည်​ဟု​တောင်း​ဆို​နေ​ကြ​ပါ​၏။ ဤ အ​တိုင်း​သာ​ထို​သူ​တို့​ပြု​ကြ​ပါ​မူ​ကျွန် တော်​မ​၏​နောက်​ဆုံး​မျှော်​လင့်​အား​ထား​ရာ သား​တစ်​ယောက်​မျှ​ကျန်​ရှိ​တော့​မည်​မ​ဟုတ် ပါ။ ကျွန်​တော်​မ​ခင်​ပွန်း​၏​မျိုး​ဆက်​သည် လည်း​ပြတ်​သွား​ပါ​လိမ့်​မည်'' ဟု​လျှောက် လေ​၏။

ထို​မြို့​များ​တွင်​သူ​သည်​သေ​ဆုံး​သူ​နှင့်​သွေး တော်​စပ်​သူ​၏​လက်​စား​ချေ​ခြင်း​မှ​လွတ်​ကင်း လိမ့်​မည်။ လူ​အ​သက်​ကို​သတ်​သော​သူ​အား လူ ပ​ရိ​သတ်​ရှေ့​တ​ရား​ရုံး​တွင်​စီ​ရင်​ခြင်း​မ​ပြု ဘဲ​သေ​စား​မ​သေ​စေ​ရ။-

ပ​မာ​အား​ဖြင့်​လူ​နှစ်​ယောက်​တို့​သည်​တော ထဲ​သို့​သစ်​ခုတ်​ရန်​အ​တူ​သွား​ကြ​ရာ​၌ တစ် ယောက်​က​သစ်​ပင်​ကို​ခုတ်​လှဲ​နေ​စဉ်​ပု​ဆိန် သွား​သည်​အ​ရိုး​မှ​ကျွတ်​ထွက်​၍ အ​ခြား တစ်​ယောက်​ကို​ထိ​မှန်​သ​ဖြင့် ထို​သူ​သေ​လျှင် သတ်​မိ​သူ​သည်​ထို​သုံး​မြို့​အ​နက် တစ်​မြို့ မြို့​သို့​ထွက်​ပြေး​လျှင်​အ​သက်​ချမ်း​သာ ခွင့်​ရ​ရှိ​နိုင်​သည်။-

ထို​ကြောင့်​ငါ​သည်​သင်​တို့​အား​မြို့​သုံး​မြို့ ကို သီး​သန့်​သတ်​မှတ်​ထား​ရှိ​စေ​ခြင်း​ဖြစ် သည်။''

``သေ​ဒဏ်​ထိုက်​သော​ပြစ်​မှု​ကြောင့် အ​သေ သတ်​ခြင်း​ခံ​ရ​သူ​၏​အ​လောင်း​ကို​တိုင်​ပေါ် တွင်​ဆွဲ​ထား​လျှင်၊-

လက်​စား​ချေ​ရန်​လိုက်​လာ​သူ​သည်​ထို​အ​ရပ် သို့​ရောက်​ရှိ​လာ​လျှင်​မြို့​သူ​မြို့​သား​တို့​က ထွက်​ပြေး​ခို​လှုံ​သူ​အား ထို​သူ​၏​လက်​သို့ မ​အပ်​ရ။ သူ​သည်​မိ​မိ​အမျိုး​သား​ချင်း​ကို ရန်​ငြိုး​မ​ရှိ​ဘဲ​မ​တော်​တ​ဆ​သတ်​မိ​သည် ဖြစ်​သော​ကြောင့်​သူ့​အား​အ​သက်​ဘေး​မှ ကာ​ကွယ်​ပေး​ရ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ