Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 19:13

Common Language Bible

သူ့​အား​မ​သ​နား​မ​ညှာ​တာ​ရ။ သင်​တို့​သည် အေး​ချမ်း​စွာ​နေ​ထိုင်​နိုင်​ရန် ဣ​သ​ရေ​လ​လူ မျိုး​ထဲ​မှ​ထို​လူ​သတ်​သ​မား​ကို​ဖယ်​ရှား​ပစ် ရ​မည်။''

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

လူ​ကို​ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​တူ​စွာ​ဖန်​ဆင်း​တော်​မူ​သ​ဖြင့် လူ​ကို​သတ်​သော​သူ​အား​လူ့​လက်​ဖြင့်​သတ်​လိမ့်​မည်။

သို့​ဖြစ်​၍​အ​ရှင်၊ ယ​ခု​အ​ခါ​ကျွန်​တော်​မ​၏ ဆွေ​မျိုး​တို့​သည်​ကျွန်​တော်​မ​အား​ရန်​ဘက်​ပြု ကာ ကျွန်​တော်​မ​၏​သား​ငယ်​ကို​သူ​၏​အစ်​ကို အား​သတ်​သည့်​အ​တွက်​သေ​စား​သေ​စေ​ရန် အပ်​ရ​မည်​ဟု​တောင်း​ဆို​နေ​ကြ​ပါ​၏။ ဤ အ​တိုင်း​သာ​ထို​သူ​တို့​ပြု​ကြ​ပါ​မူ​ကျွန် တော်​မ​၏​နောက်​ဆုံး​မျှော်​လင့်​အား​ထား​ရာ သား​တစ်​ယောက်​မျှ​ကျန်​ရှိ​တော့​မည်​မ​ဟုတ် ပါ။ ကျွန်​တော်​မ​ခင်​ပွန်း​၏​မျိုး​ဆက်​သည် လည်း​ပြတ်​သွား​ပါ​လိမ့်​မည်'' ဟု​လျှောက် လေ​၏။

ဒါ​ဝိဒ်​နန်း​စံ​ချိန်​အ​တွင်း​၌​သုံး​နှစ်​ပတ်​လုံး အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ကြီး​ဆိုက် ရောက်​လာ​၏။ သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ ဘု​ရား​ထံ​စုံ​စမ်း​လျှောက်​ထား​ရာ​ထာ​ဝ​ရ ဘု​ရား​က``ရှော​လု​သည်​ဂိ​ဗောင်​မြို့​မှ​လူ​တို့ အား​ကွပ်​မျက်​ခဲ့​သည့်​အ​တွက် သူ​နှင့်​သူ​၏ မိ​သား​စု​တွင်​လူ​သတ်​မှု​အ​ပြစ်​ရှိ​သ​ဖြင့် ဤ​ဘေး​ဆိုး​ကျ​ရောက်​လာ​ခြင်း​ဖြစ်​၏'' ဟု မိန့်​တော်​မူ​၏။-

ထို​နောက်​သူ​တို့​သည်​ထို​အ​ရိုး​များ​ကို​ရှော​လု နှင့်​ယော​န​သန်​၏​အ​ရိုး​တို့​နှင့်​အ​တူ​ဗင်္ယာ​မိန် နယ်၊ ဇေ​လ​မြို့​ရှိ​ရှော​လု​၏​ခ​မည်း​တော်​ကိ​ရှ ၏​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ကြ​၏။ သူ​တို့​သည်​မင်း ကြီး​မိန့်​မှာ​တော်​မူ​လိုက်​သ​မျှ​တို့​ကို​ဆောင် ရွက်​ကြ​၏။ ထို​နောက်​ဘု​ရား​သ​ခင်​သည်​ပြည် တော်​အ​တွက် ထို​သူ​တို့​တောင်း​လျှောက်​သည့် ဆု​တောင်း​ပတ္ထနာ​များ​ကို​နား​ညောင်း​တော် မူ​၏။

ရှော​လ​မုန်​မင်း​က​လည်း``ယွာ​ဘ​ပြော​သည် အ​တိုင်း​ပြု​လော့။ သူ့​ကို​ကွပ်​မျက်​၍​သင်္ဂြိုဟ် လိုက်​လော့။ ထို​အ​ခါ​အ​ပြစ်​မဲ့​သူ​များ​အား ယွာ​ဘ​သတ်​ဖြတ်​ခဲ့​သည့်​အ​ပြစ်​အ​တွက် ငါ ၌​သော်​လည်း​ကောင်း၊ ဒါ​ဝိဒ်​၏​အ​ခြား​သား မြေး​များ​၌​သော်​လည်း​ကောင်း​တာ​ဝန်​ရှိ တော်​မူ​မည်​မ​ဟုတ်။-

ထို​သို့​သင့်​အား​သ​နား​၍​ပြု​စု​သူ​တစ် ယောက်​မျှ​မ​ရှိ။ သင်​၏​အ​ပေါ်​တွင်​မေတ္တာ ကင်း​မဲ့​သည်​ဖြစ်​၍ သင့်​အား​မွေး​ဖွား​ပြီး သော​အ​ခါ​ကွင်း​ပြင်​တွင်​ပစ်​ထား​ကြ​၏။

``လူ​သတ်​မှု​ကူး​လွန်​သော​သူ​ကို​သေ​ဒဏ် စီ​ရင်​ရ​မည်။-

တိ​ရစ္ဆာန်​ကို​သတ်​သော​သူ​သည်​အ​စား လျော်​ပေး​ရ​မည်။ သို့​ရာ​တွင်​လူ​ကို​သတ် သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။-

လူ​သတ်​မှု​ကူး​လွန်​သူ​အား​သေ​ဒဏ်​ပေး ရ​မည်။ ထို​သူ​သည်​အ​သက်​ဖိုး​ငွေ​ပေး​၍ သေ​ဒဏ်​မှ​လွတ်​ငြိမ်း​ခွင့်​မ​ရှိ​စေ​ရ။-

ထို​အ​ခါ​သင်​တို့​သည်​သူ​ဖြား​ယောင်း​သည့် အ​တိုင်း​မ​လိုက်​လျော​နှင့်။ သူ​ပြော​သည့်​စ​ကား ကို​ပင်​နား​မ​ထောင်​နှင့်။ သူ့​အား​ထောက်​ထား ညှာ​တာ​ခြင်း​မ​ပြု​ရ။ အ​ကာ​အ​ကွယ်​မ​ပေး​ရ။-

သူ​နေ​ရင်း​မြို့​မှ​အ​ကြီး​အ​ကဲ​တို့​သည်​သူ့ အား​ခေါ်​ဆောင်​စေ​ပြီး​လျှင် သေ​ဒဏ်​ခတ်​ရန် သေ​သူ​အ​တွက်​လက်​စား​ချေ​မည့်​သူ​လက် သို့​အပ်​ရ​မည်။-

ယင်း​သို့​သော​အ​မှု​များ​ကို​စီ​ရင်​ရာ​၌​သ​နား ညှာ​တာ​မှု​မ​ရှိ​စေ​ရ။ သူ​တစ်​ပါး​အ​သက်​ကို သတ်​လျှင် သေ​စား​သေ​စေ။ မျက်​စိ​ကို​ဖျက်​လျှင် မျက်​စိ​ဖျက်​ခံ​စေ။ သွား​ကို​ချိုး​လျှင်​သွား​ချိုး ခံ​စေ။ လက်​ကို​ချိုး​လျှင်​လက်​ချိုး​ခံ​စေ။ ခြေ ကို​ချိုး​လျှင်​ခြေ​ချိုး​ခံ​စေ။''

သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​သည့် အ​တိုင်း​ဆောင်​ရွက်​ခြင်း​ဖြင့် သင်​တို့​သည် လူ​အ​သက်​ကို​သတ်​ခြင်း​အပြစ်​မှ​ကင်း လွတ်​ကြ​လိမ့်​မည်။''

ထို​မိန်း​မ​၏​လက်​ကို ဖြတ်​ပစ်​ရ​မည်။ သူ့​ကို မ​သ​နား​မ​ညှာ​တာ​ရ။-

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင် တို့​၏​လက်​သို့​အပ်​တော်​မူ​သော​လူ​မျိုး​ရှိ​သ​မျှ ကို သင်​တို့​သည်​သုတ်​သင်​ဖျက်​ဆီး​ပစ်​ရ​မည်။ ထို သူ​တို့​အား​မ​သ​နား​မ​ညှာ​တာ​ရ။ ထို​သူ​တို့ ၏​ဘု​ရား​များ​ကို​ဝတ်​မ​ပြု​ရ။ ဝတ်​ပြု​လျှင် သင်​တို့​အ​တွက်​ကျော့​ကွင်း​သ​ဖွယ်​ဖြစ်​လိမ့် မည်။''

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​လူ​မျိုး​တို့​ကို​သင်​တို့​လက်​သို့​အပ်​သ​ဖြင့် သူ​တို့​ကို​သင်​တို့​တိုက်​ခိုက်​အောင်​မြင်​သော​အ​ခါ ထို​သူ​အ​ပေါင်း​တို့​ကို​သတ်​ဖြတ်​သုတ်​သင်​ပစ်​ရ မည်။ သူ​တို့​နှင့်​မိတ်​မ​ဖွဲ့​ရ။ သူ​တို့​အား​မ​ကြင် နာ​မ​သ​နား​ရ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ