တရားဟော 17:9Common Language Bibleလေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်များနှင့် တာဝန်ကျတရားသူကြီးထံအမှုကို တင်ပြ၍အဆုံးအဖြတ်ခံယူရမည်။- အခန်းကိုကြည့်ပါ။ |
ထိုအခါ ပြည်သားတို့က``ယေရမိကိုငါတို့ ဖယ်ရှားကြကုန်အံ့။ ငါတို့အားသွန်သင်မည့် ယဇ်ပုရောဟိတ်များ၊ အကြံပေးမည့်ပညာရှိ များ၊ ဘုရားသခင်၏ဗျာဒိတ်တော်ကိုပြန် ကြားမည့်ပရောဖက်များထားရှိမြဲရှိကြ မည်သာဖြစ်၏။ ယေရမိအားငါတို့စွဲချက် တင်ကြကုန်အံ့။ သူပြောသည့်စကားကို နားမထောင်ဘဲနေကြကုန်အံ့'' ဟုဆို ကြ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``အကယ် ၍သင်သည်ငါ၏ပညတ်တော်တို့ကိုလိုက်နာ ၍ သင့်အားငါပေးအပ်သည့်တာဝန်ဝတ္တရား များကိုဆောင်ရွက်မည်ဆိုပါမူ ငါ၏ဗိမာန် တော်နှင့်ဗိမာန်တော်တံတိုင်းတို့ကိုဆက်လက် စောင့်ထိန်းကြည့်ရှုခွင့်ရလိမ့်မည်။ ငါသည်လည်း မိမိ၏ရှေ့တော်တွင်ရှိသည့်ကောင်းကင်တမန် တို့၏ဆုတောင်းပတ္ထနာများကိုကြားတော် မူသည့်နည်းတူသင်၏ဆုတောင်းပတ္ထနာကို လည်းကြားတော်မူမည်။-
လေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့သည်ထို အရပ်သို့သွားရကြမည်။ အဘယ်ကြောင့်ဆို သော်လက်ရောက်ကူးလွန်မှုမှန်သမျှတွင် သူ တို့စီရင်ဆုံးဖြတ်ရသောကြောင့်တည်း။ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် သူ တို့အားအမှုတော်ကိုဆောင်ရန်နှင့် ထာဝရ ဘုရား၏အခွင့်အာဏာဖြင့်ကောင်းချီး ပေးရန်ရွေးကောက်ထားတော်မူ၏။-