Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 17:7

Common Language Bible

သက်​သေ​ခံ​များ​က​ထို​သူ​ကို​ကျောက်​ခဲ​နှင့် အ​ဦး​ဆုံး​ပစ်​ပြီး​မှ​အ​ခြား​သူ​များ​က ကျောက်​ခဲ​နှင့်​ပစ်​ရ​မည်။ ဤ​နည်း​အား​ဖြင့် ထို​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင်​လိမ့်​မည်။''

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

``ထို​သူ​ကို​စ​ခန်း​အ​ပြင်​သို့​ထုတ်​လော့။ သူ ကျိန်​ဆဲ​ခြင်း​ကို​ကြား​ရ​သူ​တိုင်း​သည်​သူ​၏ ဦး​ခေါင်း​ပေါ်​သို့​လက်​ကို​တင်​၍​ဟုတ်​မှန်​ကြောင်း သက်​သေ​ခံ​ရ​မည်။ ထို့​နောက်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​က​သူ့​အား​ခဲ​ဖြင့် ပစ်​သတ်​ရ​မည်။-

ထို​သူ​တို့​သည်​ထပ်​ကာ​ထပ်​ကာ​မေး​မြန်း လျှောက်​ထား​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​သည် မော်​၍​ကြည့်​တော်​မူ​လျက် ``သင်​တို့​အ​နက် အ​ပြစ်​ကင်း​သူ​သည် ဦး​စွာ​ပ​ထ​မ​သူ့​ကို ကျောက်​ခဲ​နှင့်​ပေါက်​ပါ​စေ'' ဟု​မိန့်​တော်​မူ​၏။-

သူ့​ကို​ကျောက်​ခဲ​နှင့်​ပစ်​၍​သတ်​ရ​မည်။ သင်​တို့ အား​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ကယ်​တင်​တော် မူ​ခဲ့​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ပစ်​ပယ်​စေ​ရန်​သူ​သည်​သွေး​ဆောင် ခဲ့​၏။-

သင်​တို့​အား​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ကယ် တင်​တော်​မူ​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​ကို​ပုန် ကန်​ရန်​တိုက်​တွန်း​သော​ပ​ရော​ဖက် သို့​မ​ဟုတ် အိပ်​မက်​ဖတ်​တတ်​သူ​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ထို​သူ​သည်​သင်​တို့​အား ထာ​ဝ​ရ​ဘု​ရား​မိန့် မှာ​တော်​မူ​သော​အ​သက်​ရှင်​ရာ​လမ်း​မှ သွေ ဖည်​သွား​စေ​ရန်​သွေး​ဆောင်​သူ​ဖြစ်​သည်။ ယင်း​ဒု​စ​ရိုက်​ကို သင်​တို့​မှ​ဖယ်​ရှား​ပစ်​ရန် ထို​သူ​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။''

``သင်​၏​ညီ​အစ်​ကို၊ သင်​၏​သား​သ​မီး၊ သင်​ချစ် သော​ဇ​နီး၊ သင်​နှင့်​အ​လွန်​ရင်း​နှီး​သော​မိတ်​ဆွေ တစ်​ဦး​ဦး​က​ပင်​လျှင် သင်​နှင့်​သင်​၏​ဘိုး​ဘေး တို့​ယ​ခင်​က​ဝတ်​မ​ပြု​မ​ကိုး​ကွယ်​ဘူး​သော အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် ရန်​တိတ်​တ​ဆိတ်​သွေး​ဆောင်​ပေ​လိမ့်​မည်။-

သူ့​ကို​သတ်​ပစ်​လော့။ သူ့​ကို​သေ​ဒဏ်​စီ​ရင် ရာ​တွင် သင်​သည်​သူ့​ကို​အ​ဦး​ဆုံး​ကျောက်​ခဲ နှင့်​ပစ်​သူ​ဖြစ်​ရ​မည်။ ထို့​နောက်​မှ​အ​ခြား သူ​များ​ကို​ကျောက်​ခဲ​နှင့်​ပစ်​စေ​ရ​မည်။-

တာ​ဝန်​ကျ​တ​ရား​သူ​ကြီး​သို့​မ​ဟုတ်​ယဇ် ပု​ရော​ဟိတ်​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​ကို မ​နာ ခံ​သော​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ဤ နည်း​အား​ဖြင့်​ဣ​သ​ရေ​လ​လူ​မျိုး​မှ​ထို ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင်​လိမ့်​မည်။-

အ​စွပ်​စွဲ​ခံ​ရ​သူ​ခံ​ရ​မည့်​အ​ပြစ်​ဒဏ်​ကို​သူ့ အား​ခံ​စေ​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သင်​တို့​သည် ထို​သို့​သော​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင်​ကြ​မည်။-

ထို့​နောက်​မြို့​သား​အ​ပေါင်း​တို့​က ထို​သား​ကို ကျောက်​ခဲ​နှင့်​ပစ်​၍​သတ်​ရ​မည်။ ဤ​နည်း​အား ဖြင့်​သင်​တို့​သည်​ဤ​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင် ကြ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ထို​သ​တင်း​ကို​ကြား​ရ​သ​ဖြင့် ကြောက်​ရွံ့​ကြ​လိမ့်​မည်။''

မြို့​အ​ကြီး​အ​ကဲ​တို့​က​ဖ​ခင်​၏​အိမ်​ရှေ့ သို့​ခေါ်​ဆောင်​သွား​ပြီး​နောက် မြို့​သား​တို့​က သူ့​ကို​ကျောက်​ခဲ​နှင့်​ပစ်​သတ်​ရ​မည်။ ထို​မိန်း​မ သည်​လက်​မ​ထပ်​မီ​ဖ​ခင်​၏​အိမ်​၌​ရှိ​နေ​စဉ် က​ပင် ကာ​မ​စပ်​ယှက်​မှု​ကို​ပြု​ခဲ့​သ​ဖြင့် ဣ​သ​ရေ​လ​လူ​မျိုး​တွင်​ရှက်​ဖွယ်​သော​အ​မှု ကို​ကူး​လွန်​ခဲ့​လေ​ပြီ။ ဤ​နည်း​အား​ဖြင့် သင်​တို့​သည်​ဤ​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင် ကြ​မည်။

``ယောကျာ်း​တစ်​ယောက်​က​လင်​ရှိ​မ​ယား​တစ် ဦး​နှင့် ကာ​မ​စပ်​ယှက်​နေ​သည်​ကို​မိ​လျှင် နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ဤ နည်း​အား​ဖြင့်​သင်​တို့​သည်​ဤ​ဒု​စ​ရိုက်​ကို ဖယ်​ရှား​နိုင်​ကြ​မည်။

သူ​တို့​နှစ်​ဦး​စ​လုံး​ကို​မြို့​ပြင်​သို့​ထုတ်​၍ ကျောက်​ခဲ​ဖြင့်​ပစ်​သတ်​ရ​မည်။ မိန်း​မ​သည်​မြို့ ထဲ​၌​အော်​ဟစ်​၍​အ​ကူ​အ​ညီ​တောင်း​ခဲ့​သော် ရ​နိုင်​ပါ​လျက်​နှင့် အ​ကူ​အ​ညီ​မ​တောင်း​ခြင်း ကြောင့်​သေ​ဒဏ်​ခံ​စေ​ရ​မည်။ ယောကျာ်း​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​တစ်​ဦး​နှင့် ထိမ်း​မြား​ရန်​စေ့​စပ်​ထား​သော​မိန်း​မ​နှင့် ကာ​မ​စပ်​ယှက်​ခြင်း​ကြောင့်​သေ​ဒဏ်​ခံ စေ​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သင်​တို့​သည် ဤ​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင်​ကြ​မည်။

``ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​အား​အ​ဋ္ဌမ္မ ဖမ်း​ဆီး​၍ ကျွန်​စေ​စား​သူ​သို့​မ​ဟုတ်​ကျွန်​အ​ဖြစ် ရောင်း​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ဤ​နည်း အား​ဖြင့်​သင်​တို့​သည် ဤ​ဒု​စ​ရိုက်​ကို​ဖယ်​ရှား နိုင်​လိမ့်​မည်။

ဂိ​ဗာ​မြို့​၌​ရှိ​သော​အ​ဋ္ဌမ္မ​လူ​တို့​ကို​ငါ​တို့ သတ်​၍​ဣ​သ​ရေ​လ​လူ​မျိုး​မှ ဤ​ဆိုး​ညစ်​မှု ကို​ဖယ်​ရှား​ပစ်​နိုင်​ရန်​ယ​ခု​ငါ​တို့​လက်​သို့ ပေး​အပ်​ကြ​လော့'' ဟု​ပြော​ကြား​စေ​၏။ သို့ ရာ​တွင်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​သည်​အ​ခြား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​စ​ကား​ကို ဂ​ရု​မ​စိုက်​ဘဲ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ