တရားဟော 17:20Common Language Bibleဤနည်းအားဖြင့်သူသည်မိမိ၏အမျိုးသား ချင်းတို့ထက် သာသည်ဟူ၍မာနထောင်လွှား သောစိတ်ရှိမည်မဟုတ်။ ထာဝရဘုရား၏ အမိန့်တော်များကိုလည်းလွန်ဆန်မည်မဟုတ်။ ထိုအခါသူနှင့်သူ၏အဆက်အနွယ်တို့ သည် ဣသရေလနိုင်ငံကိုအဋ္ဌွန့်ရှည်စွာ အုပ်စိုးရကြလိမ့်မည်။'' အခန်းကိုကြည့်ပါ။ |
အချင်းအာမဇိ၊ ယခုအဆွေတော်သည် ဧဒုံ ပြည်သားတို့ကိုအနိုင်ရသဖြင့်စိတ်နေမြင့် လျက်နေ၏။ မိမိရရှိထားသည့်ကျော်စောကိတ္တိ ဖြင့်ပင်ကျေနပ်ရောင့်ရဲစွာ သင်၏နန်းတော်တွင် စံမြန်းပါလော့။ သင်သည်မိမိနှင့်ပြည်သူတို့ အားဆုံးပါးပျက်စီးစေမည့်ဘေးဒုက္ခကို အဘယ်ကြောင့်ရှာလိုပါသနည်း'' ဟုပြန် စာရေး၍ပေးပို့လိုက်၏။
အချင်းအာမဇိ၊ ယခုအဆွေတော်သည် ဧဒုံအမျိုးသားတို့ကိုနှိမ်နင်းလိုက်ပြီဟု ဝါကြွားပြောဆို၏။ သို့ရာတွင်အဆွေတော် နန်းတော်၌ပင်စံမြဲစံနေရန်ကျွန်ုပ်အကြံ ပေးပါ၏။ အဘယ်ကြောင့်အဆွေတော်နှင့်ပြည် သူတို့အား ဆုံးပါးပျက်စီးစေမည့်ဘေး ဒုက္ခကိုရှာလိုပါသနည်း'' ဟုပြန်ကြား လိုက်၏။
မင်းကြီး၏ဆုတောင်းပတ္ထနာနှင့်ထာဝရဘုရား နားညောင်းတော်မူပုံ၊ သူကူးလွန်သည့်အပြစ် ဒုစရိုက်များနှင့်မကောင်းမှုများ၊ သူတည် ဆောက်ခဲ့သည့်ရုပ်တုကိုးကွယ်ရာဌာနများ နှင့်တည်လုပ်ခဲ့သည့် အာရှရဘုရားမ၏ တံခွန်တိုင်များနှင့်သူဝတ်ပြုကိုးကွယ်သည့် ရုပ်တုများအကြောင်းကို ပရောဖက်များ ၏အတ္ထုပ္ပတ္တိတွင်အကုန်အစင်မှတ်တမ်း တင်ထားသတည်း။-
ယေရုရှလင်မြို့သူမြို့သားတို့အားအပြစ် ဒဏ်ခတ်ရန် ငါကြုံးဝါးသည်ကိုကြားသိရ သောအခါ သင်သည်ငိုယိုကာမိမိ၏အဝတ် များကိုဆုတ်ပြီးလျှင်နောင်တရလျက်ငါ၏ ရှေ့တော်တွင်စိတ်နှလုံးနှိမ့်ချလျက်နေ၏။ သို့ရာတွင်ငါသည်သင်၏ဆုတောင်းပတ္ထနာ ကိုကြားတော်မူပြီဖြစ်၍၊-
သင်တို့သည်ငါမှာကြားသမျှတို့ကိုတစ် သဝေမတိမ်းလိုက်နာကြခြင်းအားဖြင့် သင် တို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော် တွင်မှန်ကန်သောအမှု၊ နှစ်သက်တော်မူဖွယ် သောအမှုကိုပြုကြသောကြောင့် သင်တို့နှင့် သင်တို့၏အဆက်အနွယ်တို့သည် အစဉ် အမြဲချမ်းသာစွာနေထိုင်ရကြလိမ့်မည်။''
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်ပတ်လုံး သင်တို့ အားတောကန္တာရကိုဖြတ်၍ပို့ဆောင်တော်မူ ခဲ့၏။ ထိုစဉ်ကသင်တို့သည်ပညတ်တော်များ ကို လိုက်နာလိုသောစိတ်ဆန္ဒရှိသည်မရှိသည် ကိုစစ်ဆေးရန် သင်တို့အားဆင်းရဲဒုက္ခအမျိုး မျိုးရောက်စေခဲ့ကြောင်းကိုသတိရကြလော့။-
ထိုနည်းတူစွာသင်တို့လူငယ်လူရွယ်များသည် လူကြီးတို့၏စကားကိုနားထောင်ရကြမည်။ သင်တို့အားလုံးပင်နှိမ့်ချသောစိတ်တည်းဟူ သောတန်ဆာကိုဆင်လျက်တစ်ဦး၏အစေကို တစ်ဦးခံရကြမည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာတော်တွင်``ဘုရားသခင်သည်မာန ကြီးသူကိုဆီးတားတော်မူ၏။ သို့ရာတွင် စိတ်နှိမ့်ချသူကိုမူကားကျေးဇူးပြုတော် မူ၏'' ဟုဖော်ပြပါရှိသောကြောင့်တည်း။-