Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 17:14

Common Language Bible

``သင်​တို့​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​ကို​သိမ်း​ပိုက်​နေ ထိုင်​ကြ​သော​အ​ခါ ပတ်​ဝန်း​ကျင်​နိုင်ငံ​များ နည်း​တူ​ဘု​ရင်​တစ်​ပါး​ကို​နန်း​တင်​လို ကြ​ပေ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​ထို​ပြည်​ကို​သင်​တို့​အား​ပေး​သ​ဖြင့် သင်​တို့​သည် ထို​ပြည်​ကို​သိမ်း​ပိုက်​၍​အ​ခြေ ချ​နေ​ထိုင်​ကြ​ရ​မည်။-

သင်​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​လျက် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​မည့်​ပြည်​ကို သိမ်း​ပိုက်​ရ​တော့​မည်။ သင်​တို့​သည်​ထို​ပြည် ကို​သိမ်း​ပိုက်​၍​အ​ခြေ​ချ​နေ​ထိုင်​ကြ​သော အ​ခါ၊-

``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်​သို့​ရောက်​ရှိ​ကြ သော​အ​ခါ သင်​တို့​သည်​ထို​ပြည်​တွင်​နေ​ထိုင် သည့် လူ​မျိုး​တို့​၏​ရွံ​ရှာ​ဖွယ်​သော​အ​လေ့ အ​ကျင့်​များ​ကို​မ​ကျင့်​ကြ​နှင့်။-

``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​သို့ ဝင်​ရောက် သိမ်း​ပိုက်​နေ​ထိုင်​ကြ​သော​အ​ခါ၊-

ကိုယ်​တော်​သည်​အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော ဤ​ပြည်​သို့​ပို့​ဆောင်​နေ​ထိုင်​စေ​တော်​မူ​၏။-

``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​သိမ်း​ယူ​မည့်​ပြည်​သို့​သင်​တို့​ကို ပို့​ဆောင်​လျက် ထို​ပြည်​တွင်​နေ​ထိုင်​သော​သင်​တို့ ထက်​လူ​ဦး​ရေ​များ​၍​အင်​အား​ကြီး​သော​ဟိတ္တိ လူ​မျိုး၊ ဂိရ​ဂါရှိ​လူ​မျိုး၊ အာ​မော​ရိ​လူ​မျိုး၊ ခါ နာ​နိ​လူ​မျိုး၊ ဖေ​ရ​ဇိ​လူ​မျိုး၊ ဟိ​ဝိ​လူ​မျိုး၊ ယေ​ဗု​သိ​လူ​မျိုး​တည်း​ဟူ​သော​လူ​မျိုး​ခု​နစ် မျိုး​တို့​ကို​နှင်​ထုတ်​တော်​မူ​လိမ့်​မည်။-

``ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ​နယ်​မြေ​ကို​သင် တို့​နေ​ထိုင်​ရန်​အ​တွက် သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​မည်​ဟု​ထာ​ဝ​ရ​ဘု​ရား ၏​အ​စေ​ခံ​မော​ရှေ​မိန့်​မှာ​ခဲ့​သည်​ကို​သ​တိ ရ​ကြ​လော့။-

ဤ​ကဲ့​သို့​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘိုး​ဘေး​တို့​အား​ပေး​မည်​ဟု က​တိ​ထား​တော်​မူ​သော​ပြည်​တစ်​ပြည်​လုံး​ကို သူ​တို့​အား​ပေး​တော်​မူ​၏။ သူ​တို့​သည်​ထို​ပြည် ကို​သိမ်း​ပိုက်​၍​အ​ခြေ​စိုက်​နေ​ထိုင်​ကြ​လေ သည်။-

ငါ​သည်​သင်​တို့​၏​ဘု​ရား၊ ဆင်း​ရဲ​ဒုက္ခ​များ နှင့်​အ​ခက်​အ​ခဲ​များ​မှ​သင်​တို့​ကို​ကယ် တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ သို့​ရာ တွင်​သင်​တို့​သည်​ငါ့​ကို​ပစ်​ပယ်​ကာ​ငါ​၏ ထံ​မှ​ဘု​ရင်​ကို​တောင်း​ခံ​ခဲ့​ကြ​၏။ ကောင်း ပြီ။ သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​၌​အ​နွယ်​အ​လိုက်၊ သား​ချင်း​စု​အ​လိုက် စု​ရုံး​ကြ​လော့' ဟု​မိန့်​တော်​မူ​သည်။''

ရှ​မွေ​လ​သည်​မင်း​ကျင့်​တ​ရား​များ​နှင့် ဘု​ရင့် ရ​ပိုင်​ခွင့်​များ​ကို လူ​တို့​အား​ရှင်း​လင်း​ဖော် ပြ​၏။ ထို​နောက်​ထို​အ​ရာ​များ​ကို​စာ​အုပ် တွင်​ရေး​မှတ်​ကာ သန့်​ရှင်း​ရာ​ဌာ​န​တွင်​သိမ်း ဆည်း​ထား​၏။ ထို​နောက်​သူ​သည်​လူ​တို့​အား မိ​မိ​တို့​နေ​ရပ်​အ​သီး​သီး​သို့​ပြန်​စေ​၏။-

ရှ​မွေ​လ​အား``အ​ရှင်၊ အ​ကျွန်ုပ်​တို့​မ​သေ​ရ​လေ အောင် အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာဝ​ရ​ဘု​ရား​ထံ ကျွန်ုပ်​တို့​အ​ဖို့​ဆု​တောင်း​တော်​မူ​ပါ။ ကျွန်ုပ်​တို့ သည်​ရှင်​ဘု​ရင်​ကို​တောင်း​သော​ကြောင့်​အ​ပြစ် များ​တို့​အ​ပေါ်​မှာ​ထပ်​ဆင့်​၍​အ​ပြစ်​ကို​ပြု မိ​ပါ​ပြီ'' ဟု​ဆို​၏။

ဘု​ရား​သ​ခင်​က``နွား​က​လေး​တစ်​ကောင်​ကို​ယူ ၍​သွား​ပြီး​လျှင် သင်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ရန်​ရောက်​ရှိ​လာ​ကြောင်း​ပြော​ကြား လော့။ ယေ​ရှဲ​အား​ယဇ်​ပူ​ဇော်​ပွဲ​သို့​ဖိတ်​ခေါ် လော့။ သင်​အ​ဘယ်​သို့​ပြု​ရ​မည်​ကို​ငါ​ပြော မည်။ ငါ​ဖော်​ပြ​သူ​အား​ရာ​ဇ​ဘိ​သိက်​ပေး လော့'' ဟု​မိန့်​တော်​မူ​၏။

သူ​က``သင်​တို့​ကို​အုပ်​စိုး​သော​ဘု​ရင်​သည် သင်​တို့​သား​များ​ကို​စစ်​မှု​ထမ်း​စေ​လိမ့်​မည်။ အ​ချို့​သော​သူ​တို့​ကို​ရ​ထား​တပ်​၌​လည်း ကောင်း၊ အ​ချို့​ကို​မြင်း​တပ်​၌​လည်း​ကောင်း၊ အ​ချို့​ကို​အ​ထူး​ထိုး​စစ်​ဆင်​ရာ​တပ်​များ ၌​လည်း​ကောင်း​အ​မှု​ထမ်း​စေ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ