Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 16:21

Common Language Bible

``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​တွက် ယဇ်​ပလ္လင်​ကို​တည်​သော​အ​ခါ​ပလ္လင် အ​နီး​တွင်​အာ​ရှ​ရ​ဘု​ရား​မ​၏​သစ်​တိုင် ကို​မ​စိုက်​မ​ထူ​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ခတ်​တော်​မူ​သ​ဖြင့် ဣသ​ရေ​လ ပြည်​သည်​ချောင်း​ငယ်​တွင်​တုန်​လှုပ်​လျက်​နေ​သော ကူ​ပင်​သ​ဖွယ်​တုန်​လှုပ်​သွား​လိမ့်​မည်။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဘိုး​ဘေး​များ​အား​ကိုယ်​တော် ပေး​အပ်​တော်​မူ​ခဲ့​သည့် ဤ​သာ​ယာ​သော​ပြည်​တော် မှ​နုတ်​ပယ်​ခြင်း​ကို​ခံ​ရ​ကာ​ဥ​ဖ​ရတ်​မြစ်​တစ် ဖက်​ကမ်း​သို့​ကွဲ​လွင့်​သွား​ကြ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​သူ​တို့​သည်​အာ​ရှ​ရ​ဘု​ရား​မ ရုပ်​များ​ကို​ပြု​လုပ်​လျက်​ကိုယ်​တော်​၏​အ​မျက် တော်​ကို​လှုံ့​ဆော်​ကြ​သော​ကြောင့်​ဖြစ်​၏။-

အာ​ရှ​ရ​ဘု​ရား​မ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ရန် အ​တွက် တံ​ခွန်​တိုင်​ကို​လည်း​စိုက်​ထူ​လေ​သည်။ သူ​သည်​မိ​မိ​၏​နောင်​တော့်​နောင်​တော်​ဣ​သ​ရေ လ​ဘု​ရင်​အ​ပေါင်း​တို့​ထက်​ပင် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​ကို​ပို​၍​လှုံ့​ဆော် ပေး​၏။-

သူ​တို့​သည်​မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​တော်​ရှိ​သ​မျှ​ကို​ချိုး​ဖောက် ကြ​လျက် ကိုး​ကွယ်​ရန်​နွား​လား​ဥ​သ​ဘ​ရုပ် နှစ်​ကောင်​ကို​သွန်း​လုပ်​ကြ​၏။ သူ​တို့​သည် အာ​ရှ​ရ​ဘု​ရား​မ​ရုပ်​တု​ကို​လည်း​ပြု​လုပ် ကြ​၏။ ကြယ်​နက္ခတ်​များ​ကို​ရှိ​ခိုး​၍​ဗာ​လ ဘု​ရား​ကို​ကိုး​ကွယ်​ကြ​၏။-

သူ​သည်​မိ​မိ​၏​ခ​မည်း​တော်​ဟေ​ဇ​ကိ​ဖျက် သိမ်း​ခဲ့​သည့် ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို ပြန်​လည်​တည်​ဆောက်​လေ​သည်။ ဗာ​လ​ဘု​ရား အား​ပူ​ဇော်​ရန် ယဇ်​ပလ္လင်​များ​ကို​တည်​ဆောက်​၍ ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​နည်း​တူ​အာ​ရှ​ရ ဘု​ရား​မ​တံ​ခွန်​တိုင်​ကို​စိုက်​ထူ​၏။ ကြယ် နက္ခတ်​များ​ကို​လည်း​ဝတ်​ပြု​ရှိ​ခိုး​၏။-

သူ​သည်​အာ​ရှ​ရ​ဘု​ရား​မ​တံ​ခွန်​တိုင်​ကို​ဗိ​မာန် တော်​တွင်​ထား​ရှိ​၏။ ထို​ဗိ​မာန်​တော်​နှင့်​ပတ်​သက် ၍ ထာ​ဝ​ရ​ဘု​ရား​က​ဒါ​ဝိဒ်​နှင့်​သား​တော်​ရှော လ​မုန်​အား``ဣ​သ​ရေ​လ​အ​နွယ်​တစ်​ဆယ့်​နှစ် နွယ်​တို့​၏​နယ်​မြေ​ရှိ​သ​မျှ​မှ ငါ​ရွေး​ချယ် တော်​မူ​ရာ​ယေ​ရု​ရှ​လင်​မြို့​ရှိ ဤ​ဗိ​မာန်​တော် သည်​ငါ့​ကို​အ​စဉ်​အ​မြဲ​ဝတ်​ပြု​ကိုး​ကွယ် ရာ​ဌာ​န​ဖြစ်​လိမ့်​မည်။-

မိ​မိ​၏​ခ​မည်း​တော်​ဟေ​ဇ​ကိ​ဖျက်​သိမ်း​ခဲ့​သည့် ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​ပြန်​လည်​တည် ဆောက်​လေ​သည်။ ဗာ​လ​ဘု​ရား​အား​ပူ​ဇော်​ရန် ယဇ်​ပလ္လင်​များ​ကို​တည်​ဆောက်​၍ ဣ​သ​ရေ​လ ဘု​ရင်​အာ​ဟပ်​နည်း​တူ​အာ​ရှ​ရ​ဘု​ရား​မ​၏ တံ​ခွန်​တိုင်​များ​စိုက်​ထူ​၍​ကြယ်​နက္ခတ်​များ ကို​ဝတ်​ပြု​ရှိ​ခိုး​၏။-

သင်​တို့​သည်​သူ​တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို ဖျက်​ရ​မည်။ သူ​တို့​၏​ဘု​ရား​ကျောက်​တိုင်​များ ကို​ဖျက်​ဆီး​ရ​မည်။ သူ​တို့​၏​အာ​ရှ​ရ​ဘု​ရား မ​သစ်​တိုင်​များ​ကို​ခုတ်​လှဲ​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ရုပ်​တု​များ၊ ကျောက်​တိုင်​များ၊ ကျောက်​ရုပ်​များ​ကို​ထု​လုပ် ၍​မ​ကိုး​ကွယ်​ရ။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။-

ထို့​ကြောင့်​သူ​တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ချ ရ​မည်။ သူ​တို့​၏​ဘု​ရား​ကျောက်​တိုင်​များ​ကို ချိုး​ပစ်​ရ​မည်။ အာ​ရှ​ရ​ဘု​ရား​မ​၏​တိုင်​များ ကို​ခုတ်​လှဲ​ရ​မည်။ သူ​တို့​၏​ရုပ်​တု​များ​ကို မီး​ရှို့​ဖျက်​ဆီး​ရ​မည်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​မေ့​လျော့ သွား​ကြ​၏။ ကိုယ်​တော်​ကို​ပြစ်​မှား​ကာ​ဗာ​လ ဘု​ရား​နှင့်​အာ​ရှ​ရ​ဘု​ရား​တို့​ကို​ဝတ်​ပြု ရှိ​ခိုး​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ