တရားဟော 16:2Common Language Bibleသင်တို့သည်ကိုးကွယ်ရာတစ်ခုတည်းသော ဌာနသို့သွား၍ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန် ထိုဌာနတွင်နွားသို့မဟုတ်သိုးကိုသတ် ၍ပသခါပွဲကိုကျင်းပလော့။- အခန်းကိုကြည့်ပါ။ |
တဆေးဟောင်းတည်းဟူသောအပြစ်ဒုစရိုက် ကိုပယ်ရှားကြလော့။ သို့မှသာလျှင်သင်တို့ သည်လုံးဝသန့်စင်လာကြလိမ့်မည်။ ထိုအခါ သင်တို့သည်တဆေးမပါသောမုန့်ညက်သစ် ကဲ့သို့ဖြစ်လိမ့်မည်။ ဤသို့သင်တို့အကယ်ပင် ဖြစ်ကြကြောင်းကိုဧကန်အမှန်ငါသိ၏။ ငါ တို့၏ပသခါသိုးတည်းဟူသောခရစ်တော် အားယဇ်ပူဇော်ပြီးပြီဖြစ်သဖြင့် ငါတို့၏ ပသခါပွဲကျင်းပရန်အသင့်ရှိပေပြီ။-
ထာဝရဘုရားသည်သင်တို့အတွက်ဘုရား ဝတ်ပြုကိုးကွယ်ရန် တစ်ခုတည်းသောဌာန ကိုရွေးချယ်ပေးတော်မူမည်။ ငါမိန့်မှာသည့် အတိုင်း သင်တို့သည်မီးရှို့ရာယဇ်နှင့်အခြား ယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သကာ များ၊ ထာဝရဘုရားအားကတိထားသော အထူးပူဇော်သကာများစသည်တို့ကို ထိုဌာနသို့ယူဆောင်ခဲ့ရမည်။-
သင်တို့နှင့်သင်တို့၏သားသမီးများ၊ ကျေး ကျွန်များ၊ သင်တို့မြို့ရွာများတွင်နေထိုင် သောလေဝိအမျိုးသားများသည် ဤပူဇော် သကာများကိုသင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေးချယ်သည့်တစ်ခုတည်း သောကိုးကွယ်ရာဌာန၌သာစားသုံးရ မည်။ သင်တို့သည်ထိုဌာနတွင်သင်တို့အလုပ် လုပ်၍ ရရှိသောအစားအစာများကိုပျော် ရွှင်စွာစားသုံးကြလော့။-
သင်တို့သည်အီဂျစ်ပြည်မှအဆောတလျင် ထွက်ခွာလာခဲ့ရစဉ်က တဆေးမပါသော မုန့်ကိုစားသကဲ့သို့ ပသခါပွဲကိုခံရာတွင် တဆေးမပါသောမုန့်ကိုခုနစ်ရက်တိုင်တိုင် စားရမည်။ သင်တို့သည်ဆင်းရဲဒုက္ခခံရာ အီဂျစ်ပြည်မှထွက်ခွာလာရသောနေ့ကို တစ်သက်လုံးသတိရစေရန် ဆင်းရဲဒုက္ခ တည်းဟူသောတဆေးမပါသောမုန့် ကိုစားကြလော့။-