Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 16:12

Common Language Bible

သင်​တို့​သည်​ဤ​ပ​ညတ်​များ​ကို​စောင့်​ထိန်း​ရန် သ​တိ​ပြု​ကြ​လော့။ သင်​တို့​သည်​အီ​ဂျစ် ပြည်​တွင်​ကျွန်​ခံ​ခဲ့​ဖူး​ကြောင်း​မ​မေ့​နှင့်။''

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဇာ​တိ​အ​လျောက်​လူ​မျိုး​ခြား​ဖြစ်​ကြ​သော​သင် တို့​အား အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ​များ​ဟု ယု​ဒ​အ​မျိုး​သား​များ​က​ခေါ်​ကြ​၏။ ယု​ဒ အ​မျိုး​သား​များ​က မိ​မိ​တို့​ကိုယ်​ကို​အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ခံ​သူ​များ​ဟု​ခေါ်​ကြ​၏။ (အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ဟု​ဆို​ရာ​၌​ကိုယ် ကာ​ယ​နှင့်​ဆိုင်​သော​အ​မှု​ဖြစ်​သည်။) အ​ထက် က​သင်​တို့​၏​အ​ခြေ​အ​နေ​ကို​သ​တိ​ရ ကြ​လော့။-

သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ​ရာ​မှ သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင် တို့​အား​လွတ်​မြောက်​စေ​ခဲ့​ကြောင်း​ကို​သ​တိ ရ​ကြ​လော့။ ထို​အ​ကြောင်း​ကြောင့် ငါ​သည် ယ​ခု​ဤ​ပညတ်​ကို​သင်​တို့​အား​ပေး​၏။''

``သင်​တို့​သည်​ကောက်​နယ်​တ​လင်း​မှ​စပါး​နှင့် ကျင်း​ထဲ​မှ​စပျစ်​သီး​များ​ကို​နယ်​ပြီး​သည့် အ​ခါ သစ်​သီး​သိမ်း​ပွဲ​တော်​ကို​ခု​နစ်​ရက် ပတ်​လုံး​ကျင်း​ပ​ရ​မည်။-

သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ် တော်​ကို ချီး​မွမ်း​သည့်​ဤ​ပွဲ​တော်​ကို​ခု​နစ်​ရက် တိုင်​တိုင်​တစ်​ခု​တည်း​သော​ဝတ်​ပြု​ရာ​ဌာ​န တော်​တွင်​ကျင်း​ပ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့် သင်​တို့​သည် အ​သီး​အ​နှံ​ရိတ်​သိမ်း​ရ​သော​ကြောင့်​လည်း ကောင်း၊ သင်​တို့​၏​လုပ်​ငန်း​များ​အောင်​မြင် သော​ကြောင့်​လည်း​ကောင်း​ပျော်​ပွဲ​ခံ​ကြ လော့။''

သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ​ခဲ့​ဖူး ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​မ​ဟာ​တန်​ခိုး တော်​ဖြင့်​ကယ်​တင်​ခဲ့​ကြောင်း​ကို​လည်း​ကောင်း သ​တိ​ရ​ကြ​လော့။ ထို​အ​ကြောင်း​ကြောင့်​ငါ သည်​သင်​တို့​အား​ဥ​ပုသ်​နေ့​ကို​စောင့်​ရန် မိန့်​မှာ​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ