Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 15:2

Common Language Bible

အ​ကြွေး​များ​ကို​သင်​ပုန်း​ချေ​ပယ်​ဖျက်​နည်း ကား​ဤ​သို့​တည်း။ ဣ​သ​ရေ​လ​အမျိုး​သား​ချင်း တစ်​ဦး​အား​ငွေ​ချေး​ထား​သူ​သည် ထို​အ​ကြွေး ကို​သင်​ပုန်း​ချေ​ပယ်​ဖျက်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​သင်​ပုန်း​ချေ​ပယ်​ဖျက်​ကြောင်း ကြေ​ညာ​ပြီး​ဖြစ်​သော​ကြောင့် အ​ကြွေး​ကို ပြန်​၍​မ​တောင်း​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​သည်​ဥ​ပုသ်​နေ့​၌​ဖြစ်​စေ၊ အ​ခြား နေ့​ထူး​နေ့​မြတ်​၌​ဖြစ်​စေ၊ ဂျုံ​စ​ပါး​သို့​မ​ဟုတ် အ​ခြား​အ​ရာ​တစ်​စုံ​တစ်​ခု​ကို​ရောင်း​ချ​ရန် ယူ​ဆောင်​လာ​ပါ​က​ငါ​တို့​သည်​သူ​တို့​ထံ မှ​ဝယ်​ယူ​မည်​မ​ဟုတ်​ပါ။ သတ္တ​မ​မြောက်​နှစ်​ရောက်​သည့်​အ​ခါ​တိုင်း​ငါ တို့​သည်​လယ်​လုပ်​မည်​မ​ဟုတ်​ပါ။ ကြွေး​မြီ ရှိ​သ​မျှ​ကို​လည်း​လျော်​ပစ်​ပါ​မည်။

သူ​တို့​က``အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို​အ​ဘယ်​အ​ခါ​၌​မျှ​မြင်​တော်​မ မူ​လျှင် ငါ​တို့​အ​ဘယ်​ကြောင့်​အ​စာ​ရှောင် ကြ​ပါ​တော့​မည်​နည်း။ ကိုယ်​တော်​သည်​ငါ​တို့ နှိမ့်​ချ​သည်​ကို​မြင်​တော်​မ​မူ​လျှင် အ​ဘယ် ကြောင့်​ငါ​တို့​ဒုက္ခ​ခံ​ကြ​ပါ​မည်​နည်း'' ဟု ဆို​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က​သူ​တို့​အား``အ​ဖြစ်​မှန် မှာ​သင်​တို့​သည်​အ​စာ​ရှောင်​လျက်​နေ​စဉ်​၌ ပင်​ကိုယ်​ကျိုး​ရှာ​လျက် မိ​မိ​တို့​ငယ်​သား များ​ကို​လည်း​နှိပ်​စက်​ညှင်း​ဆဲ​ကြ​၏။-

အ​ကျွန်ုပ်​တို့​ကို​ပြစ်​မှား​သော​သူ​တို့​၏​အ​ပြစ်​များ​ကို အ​ကျွန်ုပ်​တို့​ဖြေ​လွှတ်​ကြ​သ​ကဲ့​သို့၊အ​ကျွန်ုပ်​တို့​၏ အ​ပြစ်​များ​ကို​လည်း​ဖြေ​လွှတ်​တော်​မူ​ပါ။

သူ​တို့​သည်​အ​ကြွေး​မ​ဆပ်​နိုင်​သ​ဖြင့်​ကြွေး​ရှင် သည် ထို​သူ​နှစ်​ဦး​လုံး​၏​အ​ကြွေး​အား​လုံး​ကို လျှော်​ပစ်​လိုက်​၏။ ထို​သူ​နှစ်​ဦး​အ​နက်​အ​ဘယ် သူ​သည် ကြွေး​ရှင်​ကို​ပို​၍​မေတ္တာ​ရှိ​လိမ့်​မည် နည်း'' ဟု​မေး​တော်​မူ​၏။

``ခု​နစ်​နှစ်​လျှင်​တစ်​ကြိမ်​မြီ​ရှင်​တို့​သည် မြီ​စား တို့​ထံ​မှ​ရ​ရှိ​ရန်​ရှိ​သော​အ​ကြွေး​ရှိ​သ​မျှ ကို သင်​ပုန်း​ချေ​ပယ်​ပစ်​ရ​မည်။-

လူ​မျိုး​ခြား​များ​ထံ​မှ​အ​ကြွေး​ကို​တောင်း​ယူ နိုင်​သော်​လည်း ကိုယ်​အ​မျိုး​သား​ချင်း​ထံ​မှ အ​ကြွေး​ကို​မူ​ကား​မ​တောင်း​ရ။''

ထို့​နောက်​မော​ရှေ​က​သူ​တို့​အား``ခု​နစ်​နှစ် လျှင်​တစ်​ကြိမ်​ကျ​ရောက်​သော​ကြွေး​မြီ​များ ကို​လျှော်​ပစ်​သည့်​နှစ်​တွင်​တဲ​နေ​ပွဲ​တော်​ရက် အ​တွင်း ဤ​ပ​ညတ်​တ​ရား​တော်​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကြား​နိုင်​အောင်​ဖတ် ပြ​ရ​မည်။-

ဘု​ရား​သ​ခင်​သည်​သ​နား​က​ရု​ဏာ​မ​ရှိ​သူ အား​သ​နား​က​ရု​ဏာ​ကင်း​မဲ့​စွာ​တ​ရား​စီ​ရင် တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သ​နားခြင်း​က​ရု​ဏာ ရှိ​သူ​သည်​တ​ရား​စီ​ရင်​ခြင်း​ကို​ကြောက်​လန့် ရန်​မ​လို​ပေ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ